သီပေါမြို့နယ်
သီပေါမြို့နယ် ကျေးရွာ ကျောင်းဆရာများ ဒေသစရိတ် ထောက်ပံ့မှု မရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးရွာတွင် တာဝန်ကျသည့် ကျောင်းဆရာ များ၏ ဒေသစရိတ်ထောက်ပံ့မှု မရရှိသေးကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း တခြားမြို့နယ်ရှိ ပညာရေး ဝန်ထမ်းများသည် ဒေသ စရိတ်ထောက်ပံ့မှု ရရှိသော်လည်း သီပေါမြို့နယ် ကျေးရွာများတွင် လက်ရှိ အချိန်ထိ မရသေးကြောင်းသိရသည်။ ထို့ကြောင့် ယနေ့ ဒုတိယအကြိမ် သျှမ်းပြည်နယ်...
သီပေါမြို့နယ် အတွင်း အစိုးရတပ်နှင့် RCSS/SSA တိုက်ပွဲဖြစ်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အစိုးရတပ်မတော် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ( RCSS/SSA)တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၁၀ ရက် ညနေ ၅ နာရီ ဝန်းကျင်က သီပေါအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၂၆ နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...
သီပေါမြို့တွင် ဖခင်အရင်းက အသက် ၁၃နှစ် အရွယ်သမီးကို မုဒိမ်းကျင့်
သျှမ်းပြည် မြောက်ပိုင်းသီပေါမြို့နယ် ကျေးလက်တခုတွင် အသက် ၁၃နှစ် အရွယ် မိန်းကလေးငယ်ကို ဖခင်အရင်း နှင့် အသက် ၂၀ကျော် အမျိုးသားတဦးတို့က မုဒိမ်းပြုကျင့်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ သီပေါမြို့နယ်ရွာသစ်ကျေးရွာအုပ်စုနေ အသက် ၁၃ နှစ် အရွယ် မိန်းကလေးငယ်သည် အကျင့်စာရိတ္တပျက်ပြားသည် ဟုဆိုပြီး ၎င်းမိသားစုနှင့်နီးစပ်သည့် သီပေါမြို့...
သီပေါမြို့နယ် တပတ်အတွင်း မိသားစုတခုတွင် ကလေး ၃ဦးသေ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ပန်တီးကျေးရွာသားမိသားတစုတွင် တပတ်အတွင်း ကလေး ၃ ဦး သေဆုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ သီပေါမြို့နယ် မိုင်းလာကျေးရွာ အုပ်စု ပန်တီးရွာနေ မိသားစုဝင် ၁၁ ဦးရှိသော နေအိမ်တအိမ်၌ တပတ်အတွင်း ကလေး ၃ ဦးသေဆုံးမှုဖြစ်ပွားခဲ့သဖြင့် လက်ရှိမှာ စစ်ဆေးမှုများပြုလုပ်နေကြောင်း၊...
မိလ္လာကျင်းတူးရာမှ မိသားစုလိုက် သေဆုံး
SHAN -
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ဆောင်ကြဲကျေးရွာတွင် အမျိုးသား (၄) ဦး မိလ္လာကျင်းတူးရင်း ပြုတ်ကျ သေဆုံးကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက်နေ့ ည ၆ နာရီအချိန်ခန့်တွင် ဦးအိုက်လှ ၏ နေအိမ်ဝန်းတွင် မိလ္လာကျင်းအသစ်တူးရာမှ မိလ္လာကျင်း အဟောင်းမှ မစင်များထွက်ပြီး...
သီပေါမြို့နယ် လူငယ်တဦး သေနတ်ပစ်ခံရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ကျေးရွာ တွင် အသက် ၁၈နှစ် အရွယ် လူငယ် သေနတ်ပစ်ခံရသည့် အလောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ရက်နေ့မှ စတင်ပြီး ပျောက်ဆုံးနေသည့် စိုင်းအောင်လူ ကို ကျည်ဆံဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ကို...
သီပေါတွင် အမျိုသား ၂ဦး၊ အမျိုးသမီး ၁ဦး သေနတ်ထပ်မံ ပစ်ခံရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီးတွင် ယနေ့ မနက်ပိုင်း ၌ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦး သေနတ် ထပ်မံ ပစ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့မနက် ၈နာရီခွဲတွင် သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီး တွင် သေနတ်ပစ်ခံရသည့် အလောင်း ၃လောင်းတွေ့ရှိကြောင်း၊...
သီပေါမြို့နယ် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည့် အမျိုးသား ၂ဦးထပ်မံ တွေ့
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံ ကျေးရွာ အနီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးနေသည့် အမျိုးသား ၂ဦး အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၁၁) ရက်တွင် သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ဦး ရုပ်အလောင်းကို...
သီပေါမြို့နယ် အတွင်း အမျိုးသား ၃ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အမျိုးသား ၃ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၈) မနက် ၈နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကုံးမုံ ကျေးရွာ တွင် အမျိုးသား ၃ဦး ဒဏ်ရာဖြင့် သေဆုံးနေကြောင်း နယ်စည်းမခြား...
သီပေါမြို့နယ် နိုင်ငံခြားခရီးသွား ၂ဦး မိုင်းနင်းမိ တဦးသေ၊ တဦး ဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် ယနေ့ ညနေ ၅နာရီ ၌ နိုင်ငံခြား ခရီးသွား အမျိုးသား ၂ဦး မိုင်းနင်းမိကာ တဦး သေဆုံးပြီး ၊ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သီပေါမြို့နယ် ပန်ညောင်ကျေးရွာ နှင့် ကွန်ဟောက်ကျေးရွာ ကြားတွင်...





