သီပေါမြို့နယ် အတွင်း အစိုးရတပ်နှင့် RCSS/SSA တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အစိုးရတပ်မတော် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ( RCSS/SSA)တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

Photo by Tai Freedom/ Facebook

ယမန်နေ့ ဇွန်လ ၁၀ ရက် ညနေ ၅ နာရီ ဝန်းကျင်က သီပေါအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၂၆ နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲမှ အစိုးရတပ်မတော်အရာရှိ ၂ ဦး ကျဆုံးကာ၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်မြေပြင် သတင်းအရ သိရသည်။

“ အစိုးရ တပ်ဘက်ကတော့ အရာရှိ ဗိုလ် ၂ဦး၊ ၂ပွင့်နဲ့ က သေဆုံးတယ်။ ၂ဦးကတော့ ဒဏ်ရာရတယ်” ဟု ဒေသတွင်း အမည်မဖော်လိုသည့် အရာရှိတဦးက ပြောပြသည်။

သို့သာ် ၎င်းနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမသိရှိရသေးကြောင်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသကဲ့သို့ RCSS/SSA ၏ သတင်း ဝက်ပ်ဆိုဒ် ဖြစ်သည့် Tai Freedom တွင်လည်း ဖော်ပြထားခြင်းမရှိခဲ့ပေ။

အစိုးရ တပ်မတော်က သီပေါမြို့နယ် ပန်ခုတ် ပန်ခမ်းရွာဘက်သွားမည်ဟု အကြောင်းကြားသည့်အပေါ် RCSS/SSA က ကားလမ်းအတိုင်းသာ သွားရန်၊ တောလမ်းဘက်မသွားရန် အကြောင်းပြန်ခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ တောထဲမှာ ကျနော်တို့စစ်ကြောင်းရှိမှာမို့ ထိတွေ့မှုဖြစ်နိုင်တယ်။ အဲတာကို သူတို့က လမ်းအတိုင်းမသွားဘဲ တောထဲကိုသွားတယ်။ အဲ့ဒါကြောင့် ကျနော်တို့ တပ်သားတွေနဲ့ ထိတွေ့မှု ဖြစ်ခဲ့ကြတာပါ” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။

တိုက်ပွဲသည် ညနေ ၅ နာရီ မှ ညနေ ၆ နာရီထိ ကြာခဲ့သည်ဟုဆိုပါသည်။

ဇွန် ၄ ရက်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မှ RCSS/SSA အတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ထောက်ပံ့ရေး ပစ္စည်းများ ပေး အပ်ခဲ့ ပြီး၊ ကိုဗစ်ကာလ အတွင်း ပစ်ခတ်မှု မဖြစ်ပွားအောင်ထိန်းချုပ်ရန် လည်း ညှိနှိုင်းခဲ့သေးသည်ဟုသိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင်မြို့နယ်တွင် အစိုးရ တပ်မတော် နှင့် RCSS/SSAတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

“ အခုဖြစ်တဲ့ တိုက်ပွဲ တွေက အထက်က စီမံချက် ရှိရှိနဲ့ ထိုးစစ်ဆင်တာ မဟုတ်လောက်ဘူး။ အောက်ခြေက အပေါ်ရဲ့ စည်းကမ်းချက်ကို လိုက်နာမှု မရှိတာလားပေါ့။ အထက်ကတောင် သိချင်မှ သိမယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။

ယခုရက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲ နှင့် ပတ်သက်ပြီး RCSS/SSA ဆက်ဆံရေး ရုံးမှ တဆင့် တိုင်းမှူး၊ ဗျူဟာမှူးများနှင့် ဆက်သွယ်ပြီး ညှိနှုှိင်းသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စောင့်ကြည့်မှု ကော်တီနှင့်လည်း တွေ့ဆုံသည့်အခါ ဆွေးနွေးသွားရန် ရှိကြောင်းလည်း သိရသည်။

“ ကျနော်တို့ အောက်ခြေမှာဖြစ်နေတဲ့ ပြဿနာတွေ မဖြေရှင်းရင်တော့ ပြဿနာ ကြီးလာနိုင်ပါတယ်။ ပြဿနာ မကြီးအောင်တော့ ကျနော်တို့ အဖက်ဖက် ညှိနှိုင်းဖို့ပဲရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...