သီပေါတိုက်ပွဲကြား စစ်ရှောင်တဉီး မီးဖွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ရင်းအမျိုးသမီးတဦး ကလေးမွေးဖွားခဲ့ကြောင်း သိရသည်။

စစ်ရှောင်လာရင်း မွေးဖွားလာသည့်ကလေးငယ် (ဓာတ်ပုံ Lao Main Hsipaw)

ယမန်နေ့ ဇူလိုင်၂၂ ရက်က သီပေါမြို့နယ် နားအုံရွာ နှင့် ပန်မုံရွာကြား တွင်သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရ တပ်မတော်က အင်အားဖြည့်တင်းပစ်ခတ်တိုက်ခိုက်ရာ ကျေးရွာမှ ညတွင်းချင်း စစ်ဘေးရှောင်တိမ်းထွက်ပြေးလာသည့် ကိုယ်ဝန်သည် အမျိုးသမီးတဦး ရွာနှင့် ၂ မိုင်ခန့်အကွာရှိ ဆောင်ကြဲကျေးရွာသို့ ည ၁၁ နာရီခွဲကျော်တွင် ရောက်ရှိသည်နှင့် ကလေးမွေးဖွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“မနေ့က ည ၁၁နာရီ ၄၀မိနစ်မှာ မွေးတယ်။ သားလေးပါ။ သေနတ်သံကြားလို့ ထွက်လာတာ။ မိခင်က ဘာမှ မပါလာဘူး။ မိခင်အတွက် ထမီ၊ ကလေးအတွက် အနှီးတွေလိုတယ်” ဟု စစ်ဘေးရှောင် ဆရာမ လှဝင်း က ပြောသည်။

ဆောင်ကြဲကျေးရွာသို့ စစ်ဘေးရှောင်လာသည့် သူများ (ဓာတ်ပုံ Lao Main Hsipaw)

စစ်ဘေးရှောင်လာပြီး မီးဖွားသည့် အမျိုးသမီးသည် ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ကျေးလက်ဆရာမများရှိသည့်အတွက် စိတ်ပူစရာမလိုကြောင်းလည်း သီပေါမြို့နယ် ပြည်နယ် လွှတ်တော် အမတ်(၂) စိုင်းခမ်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို သွားကြည့်တယ်။ နောက် မနေ့က စစ်ရှောင်ရင်းကလေးမွေးတဲ့သူကိုလည်း သွားကြည့်တယ်” ဟု စိုင်းခမ်းအောင် က ဆိုသည်။

ယမန်နေ့ညနေ ၄နာရီခွဲ က သေနတ်သံစတင်ကြားရသဖြင့် မီးဖွားစ မိခင်နှင့် ကလေးငယ်တဦးလည်း လယ်ထဲရှိ တဲတွင်ကျန်ခဲ့ကြောင်း၊ ထို အမျိုးသမီးနှင့် ကလေးငယ်ကို ပြန်သွားခေါ်ရန် ခက်ခဲနေကြောင်းလည်း ဆရာမ လှဝင်း က ပြောသည်။

“ ကျမတို့သေနတ်သံတွေကြားတော့ ဘယ်သူကိုမှ ဂရုမစိုက်အားတော့ဘူး။ တချို့ ကလယ်ထဲက ထွက်ပြေးလာတယ်။တချို့က အိမ်ကနေ ပြေးလာကြတယ်။ ဒီမနက်မှ ကလေးမွေးတာ ၃ရက်ပဲရှိသေးတဲ့ မိခင်နဲ့ ကလေးငယ်မပါလာတာ သိတယ်” ဟု ဆရာမ လှဝင်း ကဆိုသည်။

ထို မွေးဖွားစ မိခင်နှင့် ကလေးငယ်အတွက် စိတ်ပူနေရကြောင်း၊ မိုးရွာထဲတွင်ထွက်ပြေးလာသည့်အတွက် ထိုသူ ၂ဦးမှာ အဝတ်အစားမရှိနိုင်ကြောင်း ဆောင်ကြဲကျေးရွာ ဘုန်းကြီးကျောင်းတွင် ရောက်နေသည့် စစ်ရှောင်များက ပြောပြသည်။

“ ကျမတို့ နားအုံကျေးရွာမှာ တပ်မတော်ရှိသေးတယ်။ ရွာပြန်လို့လည်းမရဖြစ်နေတယ်” ဟု နားအုံကျေးရွာ ဒေသခံ အမျိုးသမီး နန်းလောဝ် က ပြောသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ဆောင်ကြဲကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်လာသည့် သူ ၂၆၂ ဦးရှိပြီး၊ အစားအသောက်အတွက်ခက်ခဲနေဆဲ ဟု လည်း နန်းလောဝ် က ဆိုသည်။

“ အစားကတော့ ခက်ခဲတယ်။ မနက်က တယောက်ကို ခေါက်ဆွဲတထုတ်၊ ကြက်ဥတလုံး နဲ့ဝက်ခေါက် တထုတ် ဝေပေးတယ်၊ ထမင်း၊ဟင်းတွေချက်ဖို့ကတော့ လုပ်နေပြီ” ဟု နန်းလောဝ် ကပြောပြသည်။

ဆောင်ကြဲကျေးရွာသို့ စစ်ဘေးရှောင်လာသည့် သူများ (ဓာတ်ပုံ Lao Main Hsipaw)

စစ်ဘေးရှောင်များကို သီပေါမြို့နယ် မှ လွှတ်တော်ကိုယ်စားလှယ် အမတ်များက လာရောက်ကြည့်ရှုပြီး၊ စားသောက်ရေးအတွက် ငွေကျပ် ၂ သိန်း ပေးခဲ့ကြောင်းလည်း သိရသည်။

ဆောင်ကြဲကျေးရွာသို့စစ်ရှောင်ရောက်ရှိနေသူ အများစုသည် ကလေးများဖြစ်နေပြီး၊ ယမန်နေ့ ထွက်ပြေးတိမ်းရှောင်လာချိန် မိုးသည်းထန်စွာ ရွာသဖြင့် အဝတ်များ မိုးရေစိုရွှဲကုန်ကြောင်း၊ လဲလှယ်စရာ အဝတ်အပို မယူဆောင်လာခဲ့ရကြောင်း စစ်ရှောင်များက ပြောသည်။

“ အခု နောက်ထပ် အခက်အခဲဖြစ်နေတာ က မနေ့ကမိုးရေတွေစိုလို့အဝတ်တွေလဲစရာမရှိဘူး။ အဝတ်တထည်နဲ့ ထွက်လာတော့ ဒီတိုင်းအဝတ်စိုနဲ့နေတယ်။ ဒီကလူတော်တော်များများ နှာစေး၊ ချောင်းဆိုးနေကြပြီ” ဟု ဆရာမလှဝင်း ကထပ်လောင်းပြောသည်။

လက်ရှိမှာ ကျေးရွာတွင် အသက် ၅၀ကျော် အဘိုးကြီးများသာ ကျန်ရှိနေခဲ့ကြောင်း၊ ရွာထဲတွင် တပ်မတော်ရှိနေသေးသဖြင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းလည်း စစ်ရှောင်များက ပြောသည်။

“ အဝတ်လည်းမပါ။ လယ်ယာကလည်း လုပ်နေတော့ ရွာကိုပြန်ချင်တယ်။ တိုက်ပွဲဖြစ်မှာလည်း ကြောက်တယ်” ဟု ဆရာမလှဝင်း ပြောသည်။

ယခုအချိန်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၀င်ချိန်ဖြစ်ပြီး ၊ ရွေးကောက်ပွဲလည်း နီးလာပြီဖြစ်ကြောင်း၊ တဖက်တွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ထပ်မံကျင်းပရန် စီစဉ်နေကြပါသည်။

SSPP/SSAသည် ငြိမ်းချမ်းရေးအတွက် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ယနေ့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ SSPP/SSA နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး ဌာနကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

လွန်ခဲ့သည့် ဇွန် ၂၅ရက်မှ ယနေ့ထိတိုင် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့ စစ်ရေး တင်းမာနေကြဆဲ ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...