Tuesday, January 27, 2026

သီပေါမြို့နယ် ကျေးရွာ ကျောင်းဆရာများ ဒေသစရိတ် ထောက်ပံ့မှု မရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးရွာတွင် တာဝန်ကျသည့် ကျောင်းဆရာ များ၏ ဒေသစရိတ်ထောက်ပံ့မှု မရရှိသေးကြောင်း စုံစမ်းသိရသည်။

 

Photo by Nang San San Aye/ Facebook

သျှမ်းပြည် မြောက်ပိုင်း တခြားမြို့နယ်ရှိ ပညာရေး ဝန်ထမ်းများသည် ဒေသ စရိတ်ထောက်ပံ့မှု ရရှိသော်လည်း သီပေါမြို့နယ် ကျေးရွာများတွင် လက်ရှိ အချိန်ထိ မရသေးကြောင်းသိရသည်။

ထို့ကြောင့် ယနေ့ ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၉ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယစားလှယ် နန်းစမ်းစမ်းအေး က “ သီပေါမြို့နယ်အတွင်း ဝေးလံခေါင်ဖျား နှင့် ခရီးလမ်း ခက်ခဲသော ဒေသများရှိ ပညာရေး ဝန်ထမ်း ဆရာ/ဆရာမ များ၏ ဒေသစရိတ်များ ချီးမြှင့်ပေးရန် အစီစဉ် ရှိ/မရှိ ” ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုကို သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လှုမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ မြို့နယ် ကော်မတီမှ သတ်မှတ်ချက် နှင့် မကိုက်ညီသောကြောင့် ထောက်ပံ့မှု မပေးခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း ပြည်ထောင်စု မှ ပြန်လည် တောင်းဆိုလာလျှင် ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း လွှတ်တော်အတွင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို ဖြေကြားမှု နှင့် ပတ်သက်ပြီး လွှတ်တော်အမတ် နန်းစမ်းစမ်းအေး က “ ကျမ တို့သီပေါက မြို့ပေါ်အတွက် မတောင်းဆိုဘူး။ မြို့နဲ့ အနည်းဆုံး ၁၇ မိုင်ကနေ မိုင် ၉၀ နဲ့ဝေးနေတဲ့ ကျေးရွာတွေ အတွက် ကျမတောင်းဆိုတာ။ မြို့နယ်က တင်ပြလာခြင်း မရှိတဲ့အတွက် ဆိုပြီးတော့ ဖြေသွားတာပေါ့နော်။ ဒါပေမယ့် ကျမ ဆက်လက်ပြီး စိစစ်ပြီး လုပ်ဆောင်သွားပါမယ်” ဟု နန်းစမ်းစမ်းအေး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းတုံ၊ မိုင်းရယ်၊တန့်ယန်း၊ မိုးမိတ်၊ မန်ပိန်း၊ မိုင်းလုံ၊ မိုင်းငေါ့၊ လောက်ကိုင် စသည့်မြို့တို့တွင် မြို့ပေါ်အပြင် ကျေးရွာအုပ်စုတွေမှာလည်း ဒေသစရိတ် ခံစားခွင့် ရရှိထားကြောင်း လွှတ်တော်အမတ် နန်းစမ်းစမ်းအေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သီပေါမြို့နယ်ရှိ ပညာရေး ဝန်ထမ်းတစ်ချို့မှာ စာသင်ကြားသည့်ဒေသသို့ သွားရာလမ်းခရီး ဝေးလံခက်ခဲခြင်း၊ လမ်းတစ်ဝက်တွင် ညအိပ်နားခြင်း၊ ဆရာ/ဆရာမ များအတွက် လုံခြုံမှု မရှိခြင်း တို့ ကြုံနေရကြောင်း သိရသည်။

ထိုဖြစ်ရပ်များသည် နောက်ပိုင်း ကျောင်းသားများဆီမှ စရိတ်ပြန်လည်တောင်းခြင်း ပိုက်ဆံကောက်ခြင်း စသည့် နောက်ဆက်တွဲ ပြသနာဖြစ်လာပြီး ကျောင်းသားများ ကျောင်းစာအပေါ် စိတ်ဝင်စားမှု နည်းပါးလာခြင်း၊ ကျောင်းထွက်ခြင်းများလည်း ဆက်တိုက်ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

“ ကျမတို့ မြို့နယ်မှာရှိတဲ့ ဝန်ထမ်း တစ်ချို့ဆို လမ်းခရီးက တစ်အားဝေးတယ်။ လမ်းတစ်ဝက်မှာ ညအိပ်နားတာရှိတယ်။ ဆရာ ဆရာမတွေ အတွက်လည်း လုံခြုံမှုမရှိဘူး ဒီလိုမျိုးတွေဆက်ဖြစ်နေရင် စာသင်ကြားရေးမှာ ထိခိုက်လာနိုင်တယ်” ဟု နန်းစမ်းစမ်းအေး က ဆိုသည်။

ယခုဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက မူလဘတ်ဂျက် ကျပ် ၃၃၈၅.၈၂ ဘီလီယံ တောင်းခံထားရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကျပ် ၁၁၈၄.၁၁ ဘီလီယံ၊ ပညာရေး ဝန်ကြီးဌာနက ၂၇၁၁.၅၆ ဘီလီယံ တောင်းခံထားသည်ဟု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းများတွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...