Wednesday, January 28, 2026

သီပေါမြို့နယ် စစ်ရှောင်များ စိုးရိမ်မှုဖြင့် နေရပ်ပြန်ကြ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စစ်ဘေးရှောင်များ ယနေ့ (ဇူလိုင် ၂၄)ရက် မွန်းလွှဲပိုင်း တွင်စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်ကြကြောင်း စုံစမ်းသိရသည်။

ဇူလိုင် ၂၂ ရက် ညနေ ၄နာရီ ကျော်တွင် သီပေါမြို့နယ် နာအုံးကျေးရွာနှင့် ပန်မုံကျေးရွာ ကြားတွင် အစိုးရတပ်မတော် နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီး နားအုံးရွာမှ ရွာလုံးထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စိုးရိမ်မှုနဲ့ နေရပ်ပြန်မယ့် နားအုံကျေးရွာ ဒေသခံများ ( Photo by Lao Main Hsipaw)

“ဒီနေ့၃နာရီ ကျရင် ကျနော်တို့ ပြန်တော့မယ်။ တိုက်ပွဲထပ်မံဖြစ်ပွားမှာလည်း ကြောက်တယ်။ မပြန်ရင်လည်း မရဘူး။ တချို့က အိမ်တံခါးတွေ မပိတ်ခဲ့ရဘူး။ အဲ့လိုပဲ ထွက်ပြေးလာကြတယ်” ဟု စစ်ဘေးရှောင်လာသည့် လုံးသြ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စစ်ဘေးရှောင်များသည် သီပေါမြို့နယ် ဆောင်ကြဲကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် ၂ည သာ လာရောက်ခိုလှုံနေရကြောင်း၊ လက်ရှိ မှာ တိုက်ပွဲများငြိမ်သက်သဖြင့် နေအိမ်သို့ပြန်ရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်းလည်း လုံးသြ က ပြောသည်။

“ တိုက်ပွဲကတော့ မဖြစ်တော့ဘူး။ တပ်မတော်က ရွာနီးပတ်လည်မှာတော့ရှိသေးတယ်။ ကြောက်လည်း ပြန်ရမှာပဲလေ” ဟု လုံးသြ ကဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် နားအုံကျေးရွာ ဒေသခံများ ကောက်စိုက်နေကြသည့်အချိန်ဖြစ်သဖြင့် ရွာသားတချို့သည် လယ်ယာထဲမှ ထွက်ပြေး လာရသည့်အတွက် အဝတ်အစားများမပါလာကြောင်း စစ်ရှောင်သူများက ပြောဆိုကြသည်။

“ထွက်ပြေးလာတုန်းက ပျိုးပင်တွေ ချပြီး ထွက်ပြေးလာကြတယ်။ ဘာမှ မပါလာဘူး။ ” ဟု နားအုံဒေသခံ လုံးသြ က ထပ်လောင်းပြောသည်။

ယခု အချိန်သည် လယ်ယာစိုက်ပျိုးသည့် အချိန်ဖြစ်သဖြင့် လယ်ယာပြန်စိုက်ရန် လိုအပ်ကြောင်း၊ တိုက်ပွဲများပြန်ဖြစ်မည် ကို စိုးရိမ်နေသော်လည်း တဖက်တွင် စားဝတ်နေရေး ပြဿနာ ရှိနေကြောင်းလည်း စစ်ဘေးရှောင် များက ပြောဆိုလိုသည်။

“ကျနော်တို့ကတော့ သေနတ်သံတွေ ကြောက်တယ်။ စိုက်ပျိုးရာသီလည်းဖြစ်တော့ အလုပ်လုပ်ဖို့ လိုတယ်လေ” ဟု စစ်ဘေးရှောင် စိုင်းလှမောင် က ပြောသည်။

လက်ရှိ မှာ တိုက်ပွဲ အခြေအနေ ငြိမ်သက်သွားသော်လည်း အစိုးရတပ်မတော် မှ တပ်သားများသည် ရွာနီးနားပတ်ဝန်းတွင် သွားလာလှုပ်ရှားနေသေးကာ တိုက်ပွဲပြန်လည် ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

“ရွာသားတွေကတော့ ဒီနေ့မှာ ပြန်ချင်ကြတယ်။ ပြန်ကြမယ်တဲ့ ဒီည ၃ နာရီမှာ ပြန်ကြတယ်။ ခု ရွာ နဲ့ နားအုံက ၆ မိုင်ပဲ ဝေးပေမယ့် လမ်းမှာ ရွံ့တွေနဲ့ အချိန်တအားယူရတယ်။ ပြန်မယ်ဆိုရင် အနည်းဆုံး ၃ နာရီ အချိန်ယူရတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စိုင်းလောဝ်မှိုင်းက သျှမ်းသံတော်ဆင့် ကို ပြောသည်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာရသည့် နားအုံးကျေးရွာ ဒေသခံများ ဆောင်ကြဲကျေးရွာပြည်သူများ နှင့် သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကူညီထောက်ပံ့မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

“ ကျမတို့ ဒီကို ရောက်တော့ ရွာထဲက ကြက်ဥလာပေးလိုက်၊ ခေါက်ဆွဲလာပေးလိုက်ပါပဲ။ နောက်လွှတ်တော်ကိုယ်စားလှယ် က စစ်ရှောင် အတွက် ၂သိန်း လာပေးသွားတယ်။ ဒီမှာကိုယ့်အိမ်မှ မဟုတ်တာ အစားအသောက် လည်းခက်ခဲတယ်။ ကလေးတွေလည်း ရှိတယ်လေ” ဟု စစ်ရှောင်အမျိုးသမီး တဦးက ပြောပြသည်။

ထို့ပြင် ဇူလိုင် (၂၂) ရက်တွင် ဆောင်ကြဲသို့ စစ်ဘေးရှောင်လာသည့် ကိုယ်ဝန်သည် အမျိုးသမီး တဦးသည်လည်း မီးဖွားခဲ့ကြောင်း သိရသည်။

“ဒီနေ့တော့ စစ်ရှောင်တွေ အားလုံး ပြန်သွားမယ်။ ကလေးမွေးထားတဲ့ အမျိုးသမီး ကတော့ ဆေးရုံမှာ ရှိနေတုန်းပဲ သူတော့ လိုက်မပြန်သေးဘူး” ဟု စိုင်းလောဝ်မှိုင်း က ဆိုသည်။

SSPP/SSAနှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့် နေရာသည် တိုက်ပွဲဖြစ်လေ့ဖြစ်ထနေရာ မဟုတ်ကြောင်း၊ကားလမ်းမ နှင့် ၃ မိုင်သာ ဝေးကွာကြောင်း သိရသည်။

ယခုချိန်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်ဝင်ချိန်ဖြစ်ပြီး၊ ရွေးကောက်ပွဲလည်း နီးလာပြီဖြစ်ကြောင်း တဖက်တွင်လည်း တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) ဆွေးနွေးနေချိန်ဖြစ်နေကြောင်း သိရသည်။

SSPP/SSA သည် ငြိမ်းချမ်းရေးအတွက် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...