သီပေါမြို့နယ်
သီပေါမြို့နယ် မပေါက်ကွဲသေးသည့် လက်နက်ကြီးကို ဆော့ကာ အရပ်သားနှစ်ဦးသေ
SHAN -
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် တိုက်ပွဲကြောင့် မပေါက်ကွဲဘဲ ကျန်နေသည့် လက်နက်ကြီးကျည် တစ်လုံးကို သွားကောက်ယူပြီး ထုနှက် ဆော့သဖြင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ် မန်လီကျေးရွာတွင် ယမန်နေ့ (မတ် ၂၅)ရက်တွင် အရပ်သားသုံးဦးသည် တိုက်ပွဲအတွင်း မပေါက်ကွဲသေးဘဲ ကျန်ခဲ့သည့် လက်နက်ကြီးကျည် တစ်လုံးကို...
သီပေါမြို့နယ် RCSS နှင့် SSPP တိုက်ပွဲဖြစ် နေအိမ်ပေါ် လက်နက်ကြီး၂လုံးကျ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နာမခေါ်ကျေးရွာတွင် ယနေ့ (မတ် ၂၄)ရက် မနက် ၅နာရီဝန်းကျင်တွင် သျှမ်းစစ်တပ် (၂) တပ် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်ပေါ် လက်နက်ကြီးကျခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သတင်းရရှိသည်။ သီပေါမြို့ နယ် နားမခေါ်ကျေးရွာတွင် သျှမ်းတပ် ၂တပ်ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်...
သီပေါမြို့ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးမှု ဆွေမျိုးများထံတောင်းပန်ပြီးကြောင်း SSPP ပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းဆာကျေးရွာအုပ်ချုပ်ရေးမှူး လုံးဆိုင်ဟန် ၏ ရုပ်အလောင်းကို SSPP/SSA နှင့်ရွာသားများ စုပေါင်းရှာဖွေခဲ့ကြပြီးနောက် ယမန်နေ့က မီးသဂြိုလ်ခဲ့ ကြသည်။ အသတ်ခံရသည့် လုံးဆိုင်ဟန်၏ အလောင်းကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်က မီးသဂြိုလ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အရိုးကိုလည်း သီပေါမြို့ ကုန်းဆာကျေးရွာသို့ ပြန်သယ်လာခဲ့ကြောင်း...
သီပေါမြို့နယ် အတွင်း သျှမ်းတပ်(၂)တပ် ထိတွေ့မှု တိုက်ပွဲဖြစ်
သျှမ်းမြောက် သီပေါမြို့နယ် အတွင်း ယနေ့(ဒီဇင်ဘာ ၅)ရက် မနက်ပိုင်း သျှမ်းတပ် ၂တပ် ထိတွေ့မှု တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သီပေါမြို့နယ် အတွင်း ယနေ့ မနက်ပိုင်း ၇နာရီခွဲမှ ၈နာရီအထိ သျှမ်းပြည်တပ်မတော် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ...
သီပေါမြို့နယ်တွင် SNLD အပြတ်အသတ် အနိုင်ရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မဲဆန္ဒနယ် အားလုံးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) မှ အပြတ်အသတ် အနိုင်ရရှိသွားကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် အမျိုးသားလွှတ်တော် နေရာတွင် SNLD ပါတီမှ စိုင်းမြထွန်းဆွယ်ဟိန်း ၊ ပြည်သူ့လွှတ်တော်နေရာတွင် SNLD ပါတီမှ နန်းစမ်းစမ်းအေး ၊ သီပေါမြို့နယ်...
သီပေါမြို့နယ် ရေကြီးမှု ထပ်ဖြစ်မှာကို ဒေသခံများ စိုးရိမ်နေ
SHAN -
စိုင်းဆိုင်လှိုင်း သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာတွင် ရေကြီးမှု ထပ်မံ ဖြစ်လာမည်ကိုစိုးရိမ် နေကြဆဲ ဟု ဒေသခံများ က ပြောသည်။ ယမန်နေ့(သြဂုတ် ၂၄) ရက် တွင် သီပေါမြို့နယ် နားမခေါ်ကျေးရွာတွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ရွာတွင် အိမ်ခြေ (၂၇)အိမ်နှင့် ဒေသခံ (၁၁၂) ဦး...
သီပေါမြို့ နယ် ရေကြီးရေလျှံမှု ကြောင့် ဒေသခံ(၁၀၀)ကျော် အခက်ကြုံနေ
SHAN -
စိုင်းဆိုင်လှိုင်း သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာ တွင် ယနေ့ (သြဂုတ် ၂၄) ၌ ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူ (၁၀၀) ကျော် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း ဆက်တိုက် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် သီပေါမြို့နယ် နားမခေါ်ကျေးွရွာတွင် ရေကြီးမှုဖြစ်ပွားကာ ဒေသခံ (၁၁၂)ဦး ဘုန်းကြီးကျောင်းသို့...
သီပေါမြို့နယ် တွင် အမျိုးသား ၃ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီး ယနေ့ (သြဂုတ် ၂၄)ရက် နေ့လည် ပိုင်း က အမျိုးသား (၃) ဦး သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ သြဂုတ် ၂၄ ရက် နေ့လည် ၁၁ နာရီဝန်းကျင်က ...
သီပေါမြို့နယ် စစ်ရှောင်များ စိုးရိမ်မှုဖြင့် နေရပ်ပြန်ကြ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စစ်ဘေးရှောင်များ ယနေ့ (ဇူလိုင် ၂၄)ရက် မွန်းလွှဲပိုင်း တွင်စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်ကြကြောင်း စုံစမ်းသိရသည်။ ဇူလိုင် ၂၂ ရက် ညနေ ၄နာရီ ကျော်တွင် သီပေါမြို့နယ် နာအုံးကျေးရွာနှင့် ပန်မုံကျေးရွာ ကြားတွင် အစိုးရတပ်မတော် နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA)...
သီပေါတိုက်ပွဲကြား စစ်ရှောင်တဉီး မီးဖွား
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ရင်းအမျိုးသမီးတဦး ကလေးမွေးဖွားခဲ့ကြောင်း သိရသည်။ စစ်ရှောင်လာရင်း မွေးဖွားလာသည့်ကလေးငယ် (ဓာတ်ပုံ Lao Main Hsipaw) ယမန်နေ့ ဇူလိုင်၂၂ ရက်က သီပေါမြို့နယ် နားအုံရွာ နှင့် ပန်မုံရွာကြား တွင်သျှမ်းပြည်တိုးတက်ရေးပါတီ၊...





