Tuesday, January 27, 2026

သီပေါမြို့ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးမှု ဆွေမျိုးများထံတောင်းပန်ပြီးကြောင်း SSPP ပြော

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းဆာကျေးရွာအုပ်ချုပ်ရေးမှူး လုံးဆိုင်ဟန် ၏ ရုပ်အလောင်းကို SSPP/SSA နှင့်ရွာသားများ စုပေါင်းရှာဖွေခဲ့ကြပြီးနောက် ယမန်နေ့က မီးသဂြိုလ်ခဲ့ ကြသည်။


အသတ်ခံရသည့် လုံးဆိုင်ဟန်၏ အလောင်းကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်က မီးသဂြိုလ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အရိုးကိုလည်း သီပေါမြို့ ကုန်းဆာကျေးရွာသို့ ပြန်သယ်လာခဲ့ကြောင်း ထိုနေရာကို လိုက်ပါသွားသည့် သူများက ပြောသည်။


သီပေါမြို့နယ် ကုန်းဆာကျေးရွာအုပ်ချုပ်ရေးမှူး လုံးဆိုင်ဟန်ကို စစ်ဆေးရန်အတွက်ဟုဆိုကာ ဇန်နဝါရီ ၇ ရက်ကတည်းက ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်သော SSPP/SSA က ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သီပေါမြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ကပြောသည်။


“ ၅ ရက်လောက်ရှိပြီး ပြန်မလာသေးတော့ ကျမတို့လဲ ဆက်သွယ်မေးမြန်းတာပေါ့။ SSPP/SSA ဘက်က သူနေကောင်းနေတယ် လို့ပြန်ပြောလာတော့ ကျမတို့လည်း စိတ်ချစွာနဲ့ပဲဆက်နေနေတယ်။ နောက်တော့ ပြန်သွားလိုက်ကြည့်တော့ သေနေတာ တွေ့ရတော့တယ်” ဟု သီပေါမြို့နယ် ပြည်နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် နန်းမွမ်းမွမ်းပေါင်းက ပြောသည်။


လုံးဆိုင်ဟန်ဖမ်းဆီးခံရပြီး ၁၀ ရက်ကျော်ကြာနေအိမ်သို့ပြန်မလာသဖြင့် သီပေါ သံဃာအဖွဲ့အစည်း၊ သီပေါ SNLD၊ လူမှုကယ်ဆယ်ရေး ကားများ နှင့် ကုန်းဆာပြည်သူလူထု များကို လိုက်သွားရှာရာ ဇန်နဝါရီလ ၂၃ ရက် ကသေဆုံးပုပ်ဆွေးနေပြီဖြစ်သော လုံးဆိုင်ဟန်၏အလောင်းအား သီပေါမြို့နယ် နားခေးရွာအနီးတောထဲတွင်တွေ့ရကြောင်း သီပေါမြို့ခံများကပြောသည်။


“ ဝုန်းမေတ္တာ နဲ့ ဆရာတော် တွေနဲ့အတူ SSPP/SSA ဗဟိုဌာနချုပ်ကို ဆက်သွယ်လိုက်ကြည့်လိုက်တော့မှ သေသွားပြီးဆို တာသိလိုက်ရတာ။ ကျမနဲ့ လုံးဆိုင်ဟန်တို့က အလုပ်အတူတူလုပ်ခဲ့ကြတဲ့သူတွေဆိုတော့ ကျမက သူရဲ့ ဈာပနပွဲ ကိုတက်ရောက်ခဲ့တာပါ” ဟု နန်းမွမ်းမွမ်းပေါင်း က ပြောသည်။
လုံးဟန် ကို သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)ဘက်မှ မည်သည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည် ကို မသိရှိကြောင်း လည်း နန်းမွမ်းမွမ်းပေါင်း က ပြောသည်။


“ သူတို့ပြောတာတော့ ကျမတို့အဖေက RCSS/SSA နဲ့ ပတ်သက်နေလို့ ခေါ်သွားတယ် ပြောတယ်။ ကျမ အဖေကို သေတဲ့အထိ လုပ်လိုက်တာတော့ တော်တော်လည်း ယုတ်ညံ့တယ်” ဟု လုံးဆိုင်ဟန် ၏ သမီးဖြစ်သူ နန်းမိုဆိုင်လှိုင်း က ပြောသည်။

လုံးဆိုင်ဟန်တွင် သမီး(၂)ဦးဖြစ်သည့် နန်းမိုဆိုင်လှိုင်း နှင့် နန်းမိုးခမ်းအေး ရှိကြောင်းသိရသည်။

လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် နောက်နောင်ထိုကဲ့သို့ မဖြစ်စေလိုကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်း၏ စစ်တပ် ဥပဒေကိုလည်း ပြန်လည်စိစစ်ပေးရန်လိုအပ်ကြောင်း နန်းမွမ်းမွမ်းပေါင်း က ပြောဆိုလိုက်သည်။


“ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကျမတို့ ဘာလုပ်ပေးနိုင်မယ်ဆိုတာထက် သူတို့ စစ်တပ် ရဲ့ စည်းကမ်းချက် ကဘယ်လိုရှိလဲမှ မသိတာနော်။ ရှေ့ဆက်ပြီးတော့ ဒီလိုပြသနာတွေကို ထပ်မဖြစ်စေချင်ဘူး။ ဒီလုံးဆိုင်ဟန်နားဘဲ ပြီးဆုံးစေချင်တယ်လို့ဘဲ ကျမတို့က တောင်းဆိုချင်တယ်” ဟု နန်းမွမ်းမွမ်းပေါင်းက ပြောသည်။


လက်နက်ကိုင်များအနေဖြင့်လည်း ပြည်သူများနှင့် ပြဿနာ တစုံတရာရှိပါက ပြည်သူ့ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ နှင့် အတူဖြေရှင်းရန် လိုအပ်ကြောင်းလည်း နန်းမွမ်းမွမ်းပေါင်းက တောင်းဆိုလိုက်သည်။


လက်နက်ကိုင် အဖွဲ့ကြား အရပ်သားများကို ဖမ်းဆီးစစ်ဆေးပြီး လက်လွန်မှုများမဖြစ်စေချင်ကြောင်း၊ ထိုကဲ့သို့ဖြစ်ရပ်မျိုးလည်း ထပ်မံ မဖြစ်စေချင်ကြောင်းလည်း သီပေါဒေသခံများက ပြောဆိုလိုက်သည်။


အဆိုပါသေမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အား သျှမ်းသံတော်ဆင့်ကဆက်သွယ်မေးမြန်းရာတွင် ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က ဤကဲ့သို့ပြောသည်။


“အခုဖြစ်သွားတဲ့ကိစ္စက သတင်းတွေထွက်နေသလို သေစေလိုတဲ့ဆန္ဒနဲ့ကျနော်တို့ ပစ်သတ်လိုက်တာ မဟုတ်ပါဘူး။ မတော်တဆ ဖြစ်သွားတာပါ။ ဖြစ်သွားတဲ့အတွက် ကျနော်တို့အကြီးအကဲတွေလည်း ရွာကျောင်းထိုင်ဆရာတော်ကိုရော ရပ်မိရပ်ဖနဲ့ သက်ဆိုင်ရာ မိဘ ဆွေမျိုး သားသမီးတွေကို ဇန်နဝါရီလ ၂၂ ရက်နေ့က ရှင်းပြတောင်းပန်ပြီး ကူညီထောက်ပံ့လှူဒါန်းခဲ့ပြီးပါပြီ။ ဟိုဘက်ကလည်းကျနော်တို့ကို နားလည်ကျေအေးပြီးပါပြီ။ ” ဟု SSPP ဘက်မှ ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန် ကသျှမ်းသံတော်ဆင့်အားပြောပြသည်။


လွန်ခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းတွင် သီပေါ-နောင်မွန်လမ်းပေါ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA) နာမည်ကို အသုံးပြုပြီး ဆက်ကြေးကောက်နေသူ ၂ဦးကို ဖမ်းဆီးခဲ့ရာ၊ ထို ၂ဦးသည် လုံးဆိုင်ဟန် ၏ ဆွေမျိုးတော်စပ်သူ ဖြစ်သည့် တူများဖြစ်နေကြောင်း၊ ထို၂ဦးကို ပြန်လွှတ်ပေးရန် အဆိုပါဒေသရှိ SSPP၏ မြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားရောက်အာမခံချက်ပေးခဲ့ကြောင်း စိုင်းဖုန်းဟန် က ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး SSPP/SSA မြို့နယ် အုပ်ချုပ်ရေးမှူး မှ ဆုံးဖြတ်ပိုင်ခွင့်မရှိသဖြင့် ဗဟိုကို စကားပြောရန် လုံးဆိုင်ဟန် ကိုယ်တိုင်လာရောက်ခဲ့ကြောင်း၊ SSPP/SSA မှ ဖမ်းဆီးလာခြင်းမဟုတ်ကြောင်း စိုင်းဖုန်းဟန် က ပြောသည်။


ထိုလမ်းသည့် လမ်းကြောတွင် လုံးဆိုင်ဟန် သည် အပေါ့သွားမည်ဟုဆိုကာ ထွက်ပြေးသွားသဖြင့် SSPP/SSA အဖွဲ့၏ စည်းကမ်းချက်အရ သေနတ်ပစ်ခြိမ်းခြောက် လိုက်ခြင်းဖြစ်ကြောင်း စိုင်းဖုန်းဟန် ကရှင်းပြသည်။

“သူက အပေါ့သွားပါရစေဆိုပြီး ထွက်ပြေးတော့ ကျနော်တို့ အဖွဲ့ရဲ့ စည်းကမ်းချက်အရ ထွက်ပြေးသူကို သေနတ်ပစ်ခြိမ်းခြောက်ပြီး ဖမ်းဆီးဖို့ပါ။ ဒါပေမယ့် အချိန်ကလည်း ညပိုင်းမှောင်မဲနေတဲ့အချိန်ဖြစ်လို့ ခေါင်းထိပြီး သူသေသွားတာပါ။သူက ကျနော်တို့ကိုကူညီပေးနေတဲ့ အုပ်ချုပ်ရေးမှူးပါ။ ဒါကြောင့်ကျနော်တို့ဘက်က သူ့ကို သေစေလိုတဲ့ဆန္ဒနဲ့ တမင် ပစ်သတ်လိုက်တာမဟုတ်ပါဘူး” ဟု စိုင်းဖုန်းဟန်က ဆိုသည်။


ဆက်လက်ပြီး စိုင်းဖုန်းဟန် က “ ကျနော်တို့မှာလူထုကို ပရမ်းပတာပစ်သတ်တဲ့ပေါ်လစီမရှိပါဘူး။ အပြစ်ရှိသူကိုတောင်မှ ကျနော်တို့တရားရုံးမှာအဆင့်ဆင့်စစ်ဆေးပြီးမှသာ အပြစ်ပေးတာပါ။ ” ဟု စိုင်းဖုန်းဟန်က ဆက်လက်ရှင်းပြသည်။


မြန်မာနိုင်ငံသည် ၁၉၄၉ ခုနစ် တွင် ဂျီနီဗာ ကွန်ဗင်းရှင်း ကို လက်မှတ်ထိုးထားသည့် နိုင်ငံဖြစ်ရာ နိုင်ငံ အတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့များအားလုံးသည် ဂျီနီဗာ ကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို လိုက်နာကျင့်သုံးရကြောင်းသိရသည်။

ဂျီနီဗာ ကွန်ဗင်းရှင်း ပြဌာန်းချက် တွင် လက်နက်ကိုင်များအနေဖြင့် အရပ်သားများကို ပစ်မှတ်ထားပြီး မပစ်ခတ်ရန်၊ ပစ်ခတ်ပါက စစ်ရာဇာဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်းဆိုထားပြီး၊ လက်နက်ကိုင် ပဋိပက္ခကြားအရပ်သား ထိခိုက်ဒဏ်ရာရအောင်လုပ်ခွင့်မရှိကြောင်း၊ အရပ်သားများရှင်သန် ရပ်တည်နိုင်ရေးအတွက် အရေးကြီးသည့်အရာ များဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...