သီပေါမြို့နယ် ရေကြီးမှု ထပ်ဖြစ်မှာကို ဒေသခံများ စိုးရိမ်နေ

စိုင်းဆိုင်လှိုင်း

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာတွင် ရေကြီးမှု ထပ်မံ ဖြစ်လာမည်ကိုစိုးရိမ် နေကြဆဲ ဟု ဒေသခံများ က ပြောသည်။

ယမန်နေ့(သြဂုတ် ၂၄) ရက် တွင် သီပေါမြို့နယ် နားမခေါ်ကျေးရွာတွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ရွာတွင် အိမ်ခြေ (၂၇)အိမ်နှင့် ဒေသခံ (၁၁၂) ဦး သို့ ဘုန်းကြီးကျောင်းတွင် ယာယီပြောင်းရွှေ့ နေထိုင်ကြကြောင်းသိရသည်။

“ရေထက်ကြီးလာမှာကိုတော့ စိုးရိမ်နေတယ်။ မနေ့ညဆို တစ်ယောက်တစ်လှည့် စောင့်ပြီးအိပ်ရတယ်” ဟု နားမခေါ် ဒေသခံ ပါ့ရွှေဆာ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နေအိမ်ထဲရေများဝင်ရောက်မှုကြောင့် အိမ်ဆောက်ပစ္စည်းများ သစ်သားများနှင့် အိမ်အသုံးဆောင်ပစ္စည်းများ ဆုံးရှုံးသွားခဲ့ကြောင်း ပါ့ရွှေဆာ က ပြောသည်။

“ ငွေပမာဏ က (၅)သိန်းလောက် တော့ဆုံးရှိတယ်။ ပြောင်းစိုက်ခင်းတွေက တော့ နည်းနည်းလောက် တော့ထိခိုက်တယ်” ဟု ပါ့ရွှေဆာ က ဆိုသည်။

ယနေ့ (သြဂုတ် ၂၅ ) ရက် တွင် ရေများ ပြန်ကျသဖြင့် ဒေသခံများနေအိမ် သန့်ရှင်းရေး ပြန်လည် ပြုလုပ်ပြီး ပစ္စည်းများ ပြန်လည်းသိမ်းဆည်နေကြောင်း နားမခေါ် ဒေသခံများက ပြောသည်။

“ ရေပြန်ကျတော့ ကျမတို့တွေ အိမ်ပြန် သန့်ရှင်းရေးတွေ လုပ်နေတယ်။ ဒါပေမယ့် ရေထပ်မကြီးဖို့ အတွက် ဆုတောင်းနေရတယ်” ဟု ပါ့ရွှေဆာ က ထပ်လောင်းပြောသည်။
သီပေါမြို့နယ် နားမခေါ် ကျေးရွာ ဒေသခံများသည် လယ်ယာစိုက်မှု ဖြစ်ကို အဓိက လုပ်ကိုင်ကြကြောင်းသိရသည်။
နားမခေါ်ကျေးရွာ ဒေသခံတစ်ဦး လုံးအောင်စု က “ ကျွန်တော်တို့အိမ်သုံးပစ္စည်းတွေ နဲ့ ဆန်း၊ ဆီ၊ ဆားတွေ ဆုံးရှုံး ရတယ်။ လယ်ထွန်းစက်လည်း ပျက်စီးနေတယ်။ ပြောင်းခင်းကတော့ သွားမကြည့်ရသေးဘူး။ ဒါပေမယ့် ပျက်စီးမှာပဲ ”ဟု ပြောသည်။

ထို့အပြင် ရေကြီးရေလျှံမှုကြောင့် နားမခေါ် ကျေးရွာ နှင့် တာလုံ ကျေးရွာ ကို ဆက်သွယ်ထားသည့် တံတား တစီး ပျက်စီးခဲ့ရကြောင်းလည်း နားမခေါ် ကျေးရွာ လူငယ်ခေါင်းဆောင် စိုင်းအောင်ဌေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဆုံးရှုံးမှုကတော့ ကျနော်တို့ ရွာနဲ့တာလုံရွာကို ဆက်သွယ်ထားတဲ့ ၁၀ပေ တံတား တစီး ရေတိုက်စားသွားတာ။ပျက်သွားတယ်” ဟု စိုင်းအောင်ဌေး က ဆိုသည်။

နားမခေါ် ကျေးရွာ ရေကြီးမှု နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရများက လာရောက်ကြည့်ရှု့ပြီး စာရင်းကောက်သွားကြကြောင်း သိရသည်။

ဆက်လက်ပြီး ရေဘေးသင့် ပြည်သူများကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ( SNLD) မှလည်း တဦးလျှင် ငွေကျပ် (၃၁၀၀) သွားရောက် ကူညီပေးခဲ့ကြောင်းသိရသည်။

သျှမ်းပြည်အတွင်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နှင့် သစ်ပင်ခုတ်မှုသည် တနှစ် ထက်တနှစ် ဆိုးရွားလာသဖြင့် ရေကြီး ရေလျှံမှုှများလည်းနှစ်စဉ် နှစ်တိုင်း ကြုံတွေ့လာရသည်။

ရေကြီးရေလျှံမှုသည် နားမခေါ် ကျေးရွာတခုတည်းသာမဟုတ်ဘဲ နားမခေါ် ကျေးရွာ အနီးရှိ တာလုံးကျေးရွာလည်း ရေကြီးခဲ့ကြောင်း သိရသည်။

“ကျမ နေထိုင်တဲ့ တာလုံးကျေးရွာမှာ လည်း ရေခဏတော့ကြီးတယ်။ ရေကြီးတာက သစ်ပင်တွေမရှိတော့လို့ သစ်ပင်တွေက ခုတ်ကြလို့ ဖြစ်တယ်။ မိုးနဲနဲရွာတာနဲ ရေက အများကြီးဘဲ တောင်ပေါ်ကနေဆင်းလာတယ်” ဟု တာလုံးကျေးရွာ ဒေသခံ ပီလောဝ်ခမ်းက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ် တွင်လည်း လွန်ခဲ့သည့်ရက်ပိုင်းတွင် ရေကြီးမှုဖြစ်ပွားကာ လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်းသိရသည်။

သြဂုတ်လ (၂၁) ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းနှင့် လင်းခေးလမ်းပိုင်းတွင်လည်း ရေကြီးမှု ဖြစ်ပွားခဲ့သဖြင့် လမ်းများ ခေတ္တပိတ်ဆိုင်းလိုက်ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...