Friday, April 19, 2024

သီပေါမြို့နယ် မပေါက်ကွဲသေးသည့် လက်နက်ကြီးကို ဆော့ကာ အရပ်သားနှစ်ဦးသေ

Must read

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် တိုက်ပွဲကြောင့် မပေါက်ကွဲဘဲ ကျန်နေသည့် လက်နက်ကြီးကျည် တစ်လုံးကို သွားကောက်ယူပြီး ထုနှက် ဆော့သဖြင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နယ် မန်လီကျေးရွာတွင် ယမန်နေ့ (မတ် ၂၅)ရက်တွင် အရပ်သားသုံးဦးသည် တိုက်ပွဲအတွင်း မပေါက်ကွဲသေးဘဲ ကျန်ခဲ့သည့် လက်နက်ကြီးကျည် တစ်လုံးကို ကောက်ယူလာပြီး ထုနှက်ဆော့ကြည့်ချိန်တွင် ပေါက်ကွဲခဲ့ပြီး တဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ကျန်တဦးမှာ ယနေ့ (မတ် ၂၆)ရက်တွင် လားရှိုးဆေးရုံ မှ ပြင်ဦးလွင် စစ်ဆေးရုံသို့ ပို့ဆောင်သည့် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း ကူညီသူများက ပြောသည်။

“ မနေ့က သူတို့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ကောက်လာတယ်။ ပြီးတော့ ထုနှက်ဆော့ကြတယ်။ သေတဲ့သူ တယောက်က အသက် (၄၅)၊ တယောက်က အသက် ၁၈နှစ်ပါ” ဟု ၎င်း က ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်တွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS?SSA)တို့သည် သီပေါမြို့မန်လီကျေးရွာ ပန်ခုန့်ပန်ခါး တောင်ကြာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲမှ လက်နက်ကြီး အလုံးပေါင်းများစွာ သည် နားစန့်ရွာဘက် ကျပြီး ပေါက်ကွဲမှုရှိခဲ့သော်လည်း တချို့မှာ မပေါက်ကွဲသေးသည့် လက်နက်ကြီးများလည်း ရှိနေသေးကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article