သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မဲဆန္ဒနယ် အားလုံးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) မှ အပြတ်အသတ် အနိုင်ရရှိသွားကြောင်း စုံစမ်းသိရှိရသည်။

သီပေါမြို့နယ် အမျိုးသားလွှတ်တော် နေရာတွင် SNLD ပါတီမှ စိုင်းမြထွန်းဆွယ်ဟိန်း ၊ ပြည်သူ့လွှတ်တော်နေရာတွင် SNLD ပါတီမှ နန်းစမ်းစမ်းအေး ၊ သီပေါမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) မှ နန်းဥမ္မာ၊ ကျောက်မဲမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) မှ စိုင်းလောဝ်ပိန်း တို့ အနိုင်ရရှိသွားကြောင်း သိရသည်။
“ခုထိတော့ သီပေါမှာ ကျားခေါင်းပါတီ ရှေ့ပြေးနေပါတယ်လို့ ပြောလို့ရပါတယ်။” ဟု သီပေါမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နန်းဥမ္မာ က သျှမ်းသံတော်ဆင့် ကိုပြောသည်။
သျှမ်းသံတော်ဆင့်မှ ကျောက်မဲခရိုင် ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ်မေးမြန်းရာမှာ တရားဝင် စာရင်းတင်သွင်းလာခြင်းမရှိသေးကြောင်းနှင့် စိစစ်သွားရန် လိုအပ်ကြောင်းလည်း ပြောသည်။
ထို့ကြောင့် ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အားလုံးကို SNLD မှ အနိုင်ရရှိသွားသော်လည်း လက်ရှိ ချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ( UEC) မှတရားဝင် မကြေညာသေးပေ။











Leave a Comments