သီပေါမြို့နယ် RCSS နှင့် SSPP တိုက်ပွဲဖြစ် နေအိမ်ပေါ် လက်နက်ကြီး၂လုံးကျ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နာမခေါ်ကျေးရွာတွင် ယနေ့ (မတ် ၂၄)ရက် မနက် ၅နာရီဝန်းကျင်တွင် သျှမ်းစစ်တပ် (၂) တပ် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်ပေါ် လက်နက်ကြီးကျခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သတင်းရရှိသည်။

သီပေါမြို့ နယ် နားမခေါ်ကျေးရွာတွင် သျှမ်းတပ် ၂တပ်ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ။ သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ တိုက်ပွဲဖြစ်ပွားက အရပ်သားနေအိမ် ၂လုံးပေါ် လက်နက်ကြီး ကျပြီး၊ ဒေသခံများ သီပေါမြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားရကြောင်း သီပေါမြို့ဒေသခံများ ပြောပြချက် အရသိရသည်။


“ ဒီနေ့မနက်မိုးတောင်မလင်းသေးဘူး။ လက်နက်ကြီးက အိမ်ပေါ်ကျတယ်။ ရွာသူရွာသားတွေက ဒီနေ့မနက်အစောကြီး ထွက်ပြေးနေရတယ်။ တချို့ဆိုရင် အဝတ်တွေ ဖုန်းတွေတောင်မယူလာနိုင်ခဲ့ဘူး။ တချို့က သူတို့အမျိုးအိမ်မှာ သွားနေကြတယ်” ဟု သီပေါမြို့ ဒေသခံအမျိုးသမီး တဦး က ကပြောသည်။


သျှမ်း တပ် (၂)တပ် ပစ်ခတ်မှုကြောင့် နားမခေါ်ကျေးရွာရှိ လုံးစိုင်းလိတ်အိမ်နှင့် လုံးအာရိယ နေအိမ်ပေါ် လက်နက်ကြီး ကျခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းလည်း သိရသည်။


“ ဒီနေ့ မနက် ကျနော်တို့နဲ့ SSPP တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ နာမခေါ်ရွာက ဒေသခံအိမ်ကို လက်နက်ထိပါတယ်။ လူထိခိုက်မှုကတော့ မသိရသေးဘူး” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့နယ် အတွင်းရှိ ကျေးရွာတချို့ နေရပ်စွန့်ခွာထွက်ပြေးချင်သော်လည်း ရွာလမ်းထိပ်တွင် စစ်ကောင်စီ၏ တပ်သားများက စောင့်ဆိုင်းနေသဖြင့် ရွာမှ ထွက်ခွာခွင့်မပေးကြောင်း သိရသည်။


“ ဒီနေ့ပစ်တာ တစ်ချိုကျေးရွာတွေကို စစ်တပ်တွေက ရွာပြင်ကိုပေးမထွက်ဘူး။ စစ်တပ်တွေက ရွာပတ်ပတ်လည်လည် စောင့်ကြည့်နေကြတယ်။ လုံခြုံရေးအရ ရွာကိုပေးမထွက်ဘူးပြောတယ်။ တစ်ချို့ပြည်သူတွေက မလာနိုင်ဘူး လို့ကြားတယ်။” ဟု ၎င်းအမျိုးသမီးက ပြောသည်။


သျှမ်းတပ် (၂)တပ် သည် ယမန်နေ့ (မတ် ၂၃)ရက်တွင်လည်း သီပေါမြို့နယ် ကုန်းဆာကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား (၁၀၀)ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုနည်းတူ ယမန်နေ့တွင် ကျောက်မဲမြို့နယ် တော့ဆန်မြို့နယ် ညောင်မောင်းကျေးရွာအတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် RCSS တိုက်ပွဲကြောင့် အရပ်သားနေအိမ်ပေါ် လက်နက်ကြီးကျကာ အမျိုးသား တဦး ပွဲချင်းပြီးသေဆုံးကာ၊ အမျိုးသမီး (၃)ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...