Saturday, May 4, 2024

သီပေါမြို့နယ် တွင် အမျိုးသား ၃ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီး ယနေ့ (သြဂုတ် ၂၄)ရက် နေ့လည် ပိုင်း က အမျိုးသား (၃) ဦး သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း စုံစမ်းသိရသည်။

Photo by Shar Htat Paing / Facebook

ယနေ့ သြဂုတ် ၂၄ ရက် နေ့လည် ၁၁ နာရီဝန်းကျင်က သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား (၃) ဦး ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ခဲ့ကြောင်း၊ မည်သည့် လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်သည်ကို မသိရှိကြောင်း နယ်စည်းမခြား ပရဟိတ အသင်း (သီပေါ) မှ ကိုမျိုးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သေဆုံးသူ မသိရသေးဘူး။အမျိုးသား အလောင်း (၃) လောင်းပါ။ ဘယ်သူလဲ ဆိုတာတော့ သက်ဆိုင်ရာ အဖွဲ့တွေ့ကတော့ စုံစမ်းစစ်ဆေးနေပါတယ်” ဟု ကိုမျိုး ကပြောသည်။

ထို သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အမျိုးသား (၃)ဦး ရုပ်အလောင်းကို သီပေါမြို့ ပြည်သူ့ဆေးရုံ (ရင်ခွဲရုံ)တွင် ပို့ဆောင်ထားကြောင်း ကိုမျိုးက ဆိုသည်။

“ သူတို့(၃) ဦး အလောင်းက ပြည်ထောင်စု လမ်းမကြီး ရဲ့ ပေ (၁၅၀) အကွာမှာ ရှိတဲ့ ကုံးမုံကျေးရွာ အနီးမှာ တွေ့တာပါ” ဟု ကိုမျိုးက ထပ်လောင်းပြောသည်။

သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီးတွင် မကြာခဏ သေနတ်ပစ်ခတ်ခံရပြီး၊ မည်သည့် အဖွဲ့က ပစ်ခတ်သည် ကို တကြိမ်တခါမျှ ဖမ်းဆီးရမိခြင်းမရှိပေ။

ထိုနေရာတဝှိုက်တွင် မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းဝယ်ဖောက်ကားသူ ကျင်လည် လှုပ်ရှားသည့်နေရာ ဖြစ်ကြောင်း သာမာန် ဒေသခံ များ မသွားရဲသည့်နေရာဖြစ်ကြောင်းလည်း သီပေါမြို့ဒေသခံများ ပြောပြချက် အရသိရသည်။

“ကုံးမုံရွာမှာက မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေ များတယ်။ ကျနော် အထင် သူတို့ ရှင်းလင်းချင်တာထင်တယ်။ ခုသေသွားတဲ့သူတွေလည်း မူးယစ်ဆေးဝါး သုံးတဲ့သူတွေပဲ” ဟု သီပေါဒေသခံ ကိုတူးလီ ကပြောသည်။

ထိုနည်းတူ ကုံးမုံကျေးရွာအနီးတွင် ဧပြီ ၉ ရက် က မိသားစုဝင် ၅ ဦး ပစ်သတ်ခံရပြီး မည်သည့် အဖွဲ့မှ လာရောက် ပစ်ခတ်သွားသည်ကို မသိရှိကြောင်း၊ ယနေ့ချိန်ထိ အမှုမှန် မပေါ်သေးကြောင်းလည်းသိရသည်။

သီပေါမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ၊ အစိုးရ တပ်မတော် နှင့် ပြည်သူ့စစ်များ လှုပ်ရှားသည့် နေရာ တစ်ခုဖြစ်ပြီး မကြာခဏ သေနတ်ပစ်ခံသည့် နေရာလည်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article