သီပေါမြို့ နယ် ရေကြီးရေလျှံမှု ကြောင့် ဒေသခံ(၁၀၀)ကျော် အခက်ကြုံနေ

စိုင်းဆိုင်လှိုင်း

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာ တွင် ယနေ့ (သြဂုတ် ၂၄) ၌ ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူ (၁၀၀) ကျော် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

Photo by တူးလီ/ Facebook
https://www.facebook.com/photo?fbid=613196749571175&set=pcb.613197076237809

ယခုရက်ပိုင်း ဆက်တိုက် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် သီပေါမြို့နယ် နားမခေါ်ကျေးွရွာတွင် ရေကြီးမှုဖြစ်ပွားကာ ဒေသခံ (၁၁၂)ဦး ဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်ရပြီး၊ စားဝတ်နေရေး အခက်အခဲဖြစ်ပွားနေကြောင်း နားမခေါ် ဒေသခံ လူငယ်အဖွဲ့ခေါင်ဆောင် စိုင်းအောင်ဌေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အိမ်ခြေ ၂၇အိမ် ရေနစ်မြုပ်သွားခဲ့တယ်။ အိမ်ထဲကို ရေ ၄ပေလောက် ဝင်လာတယ်။ စားဝတ်နေရေးအတွက်တော့ အခက်ခဲရှိနေတယ်။ အိမ်အသုံးအဆောင် ပစ္စည်းတွေ ဆုံးရှုံးရတယ်” ဟု စိုင်းအောင်ဌေးက ပြောသည်။

နားမခေါ်ကျေးရွာသည် သီပေါမြိုနယ် အတွင်းတည်ရှိပြီး၊ သီပေါမြို့ နှင့် နမ့်လန် သို့သွားရာလမ်းမပေါ်တွင်တည်ရှိသည့် ကျေးရွာတခုဖြစ်သည်။

ထိုကျေးရွာတွင် အိမ်ခြေ (၄၀၀)ကျော်ရှိပြီး လက်ရှိမှာ အိမ်ခြေ ၂၇ အိမ် ရေဘေးကြုံနေရကြောင်းသိရသည်။

Photo by Aung Htay

ထိုနည်းတူ လွန်ခဲ့သည့် ၁၀နှစ်ကျော် ဝန်းကျင်တွင်လည်း နားမခေါ်ကျေးရွာတွင် ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း နားမခေါ် ကျေးရွာ ဒေသခံများက ပြောသည်။

“ချောင်းရေနှင့် တောင်ကျရေတွေနဲ့ စုပြီးရေကြီးမှု ဖြစ်တာ။ ရေကြီးမှုက ရွာလယ်ပိုင်းနဲ ရွာစွန်းပိုင်း အနိမ့် ပိုင်းတွေမှာ ဖြစ်တာ။ အဲနေရာတွေက ချောင်းနဲနီးတဲ့ နေရာတွေဖြစ်တယ်” ဟု စိုင်းအောင်ဌေး က ဆိုသည်။

လက်ရှိ အခြေအနေအရ ချောင်းရေများပြန်ကျသွားသော်လည်း ရေလွှမ်းမိုးခံရသည့် နေအိမ်မှ ဒေသခံ (၁၀၀)ကျော် ထပ်မံရေကြီးလာမှာကို စိုးရိမ်နေကြကြောင်းသိရသည်။

ထို့ကြောင့် ရေဘေးကြုံနေရသည့် ပြည်သူများသည် ယာယီဘုန်းကြီးကျောင်းတွင်နေထိုင်နေရကြောင်း၊ ကျန်းမာရေးမှာ အားလုံးကောင်းမွန်ကြောင်း ယနေ့မနက် ရေလွှမ်းမိုးသည့် နေအိမ်ကို သွားရောက် ကူညီပေးသည့် နယ်စည်းမခြား ပရဟိတ အဖွဲ့ (သီပေါ) မှ ကိုမျိုး က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အခက်ခဲကြုံနေတဲ့ ပြည်သူတွေကိုတော့ ယာယီ ဘုန်ကြီးကျောင်းမှာ ထားထားတယ်။ ကျန်းမာရေးမကောင်းတဲ့ လူ၊ အသက်ကြီးတွေလည်း မပါဘူး။ ကလေးငယ်တွေတော့(၃) ဦးလောက် ပါတယ်” ကိုမျိုး က ဆိုသည်။

သီပေါနှင့် နားမခေါ်ကျေးရွာသည် မိုင် ၂၈မိုင် အကျော်တွင် တည်ရှိသည်။

ယခုရက်ပိုင်း သျှမ်းပြည် တဝှမ်းတွင် နေရာအနှံ့ နီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သျှမ်းပြည် အတွင်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ သစ်ပင်ခုတ်မှုကြောင့် ယခုနောက်ပိုင်း ရေကြီးမှု ဖြစ်လာရခြင်းဖြစ်ကြောင်း သီပေါမြို့ တွင်နေထိုင်သည့် စိုင်းလောဝ် က ပြောသည်။

“ တောင်တွေပေါ်မှာ သစ်ပင်တွေ မရှိတော့ဘူး။ သစ်ပင်တွေ ခုတ်ပြီး တရုတ်တွေကိုရောင်းတယ်။ နောက်သစ်ပင်တွေရှင်းပြီး ပြောင်းတွေစိုက်ကြတယ်။ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာတယ်” ဟု စိုင်းလောဝ် က ပြောပြသည်။

သြဂုတ်(၂၁)ရက်တွင် သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းနှင့် လင်းခေးလမ်းပိုင်းတွင် ရေကြီးမှု ဖြစ်ပွားခဲ့ပြီး၊ သြဂုတ် (၁၀) တွင် သျှမ်းပြည်တောင်ပိုင်းနမ့်စန်မြို့တွင်လည်း အိမ်ခြေ (၂၃၁) အိမ်ရေဘေးကြုံခဲ့ရကြောင်းသိရဥည်။

အလားတူ သြဂုတ်လ (၃) ရက်နေ့တွင်လည်း တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး မြေပြိုဖြစ်ကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...