Tuesday, April 30, 2024

လူငယ်

ကွတ်ခိုင် လူငယ် (၃)ဦး KIA ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် လူငယ် အမျိုးသား (၃)ဦး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ကွက်ခိုင်မြို့နယ် ယုံးမောကျေးရွာအုပ်စု နားငူးကျေးရွာတွင် ဖေဖော်ဝါရီ (၁၁)ရက် ည (၉)နာရီခန့်၌ လူငယ် အမျိုးသား (၃)ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးသွားသဖြင့် လက်ရှိချိန်ထိ...

မိုင်းဆတ်မြို့ လူငယ် (၂)ဦး အချုပ်ခန်းမှ ခိုးထွက်မှု ဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ယခုလဆန်းပိုင်းက အသက် (၁၈)နှစ် မပြည့်သေးသည့် လူငယ် (၂)ဦး အချုပ်ခန်းမှ ထွက်ပြေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုလူငယ် (၂)ဦးသည် ၂၀၂၁ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် လူငယ်အချင်းချင်းရန်ဖြစ်ရာမှ တစ်ဦး သတ်ခံလိုက်ရသဖြင့် ဖမ်းဆီးခံထားရသည့် သူများဖြစ်ပြီး ဇန်နဝါရီ (၄)ရက်တွင် အချုပ်ခန်းမှ...

တော်လှန်သော လူငယ်များ

“ကျနော်က မိသားစုကို ဖီဆန်ပြီး ဒီလမ်းကို ရွေးခဲ့တာ၊ ဒီတော်လှန်ရေးအတွက်ကိုပဲ ဘဝကိုပုံအပ်လိုက်တာ၊ဘဝ တင်မကဘူး နောက်ထပ်အသစ်တွေကိုလည်း ရင်းလိုက်ရတယ်” လို့ ကိုသူရက ဆိုထားပါတယ်။ စစ်အာဏာမသိမ်းခင်က ကိုသူရ ဟာ တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီရဲ့ ဗဟိုလူငယ်အဖွဲ့ဝင်တစ်ဦးပါ။ သူဟာ အနာဂတ်မှာ လွှတ်တော်အမတ်ဖြစ်ရန် ရည်ရွယ်ချက်ရှိသူဖြစ်ပြီး စစ်တပ် အာဏာသိမ်းလိုက်ချိန် မှာတော့ လွှတ်မြောက်နယ်မြေကို ထွက်ခွာလာပြီး လက်နက်ကိုင်တော်လှန်ရေးသမားဘဝသို့ ပြောင်းလဲခဲ့ရသူဖြစ်ပါတယ်။ “အခုတော့ လက်နက်ကိုင် တော်လှန်ရေးသမားပေါ့၊ လုပ်ချင်တဲ့အရာတွေ ဆုံးရှုံးသွားပေမယ့် လက်နက်ကိုင်တော်လှန်ရေးသမားတစ်ယောက် ဖြစ်လာတော့ ဘာပဲဖြစ်ဖြစ် မနိုင်သေးခင်မှာတောင် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်” လို့ ကိုသူရက ဆိုပါတယ်။ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို ဦးဆောင်ခဲ့ပြီး နောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိရာနေရာကို ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို ဖမ်းဆီးပြီးနောက်အလောင်းကိုပဲ ပြန်ပေးတာမျိုးရှိသလို ဖမ်းဆီးပြီးနောက် လနဲ့ချီ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြတဲ့ လူငယ်တွေ၊ အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီကဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံလိုက်ရတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။ “စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တဲ့ တော်လှန်ရေး လူငယ်တွေ အပါအဝင် အပစ်မဲ့ ပြည်သူကိုလည်းရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတဲ့အနေအထားမှာ အဓိက က ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီအရေးတွေ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါ့၊ တစ်နေ့ကျရင် သူတို့(စကစ)ကို လက်တုန့်ပြန်နိုင်မယ်လို့ မျှော်လင့်တယ်” လို့ ၎င်းက ပြောပါတယ်။ ဒီဇင်ဘာ ၂၁ရက်  နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  (AAPP) ရဲ့ ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၁၃၅၁) ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၁၅၃) ဦးရှိပြီး ၎င်းတို့အနက်မှ  (၄၀၁) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုထဲမှ သျှမ်းပြည်မှ သေဆုံးသွားတဲ့ သူရဲကောင်းများမှ စက်တင်ဘာ ၁၁ရက် ထိ စာရင်းအရ ၄၄ဦးရှိပြီး၊ဖမ်းဆီးခံရသူ ၃၆၈ဦးရှိကာ အများစုမှာ လူငယ်များဖြစ်ကြောင်း သျှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားရေးအသက်း (SWAN) က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အသက် ၂၅ နှစ်အရွယ် နန်းနှင်းငယ်လည်း ပါပါတယ်။ စစ်အာဏာရှင်ကို တော်လှန်မှုကြောင့် ၅၀၅ နဲ့ ဖမ်းဝရမ် ထုတ်ခံရပြီး လက်ရှိမှာ အိမ်ကို စွန့်ခွာပြီး တိမ်းရှောင်နေရကြောင်း၊ စစ်အာဏာသိမ်း ၁၀ လကျော်ကာလအတွင်းမှာ အနာဂတ်ပျောက်နေမှုကို ခံစားနေရကြောင်းလည်းနန်းနှင်းငယ်က ဆိုပါတယ်။ သူမဟာ လူ့အခွင့်အရေး ၊ အမျိုးသမီးအရေး ကိစ္စတွေမှာ တက်တက်ကြွကြွဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး၊လူ့အခွင့်အရေး ပညာပေးမှုလုပ်ငန်း လုပ်ဆောင်မှုကို ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပါတယ်။ “ သျှမ်းပြည်ရဲ့ ကျေးလက်ဒေသတွေမှာ လူ့အခွင့်အရေး၊ အမျိုးသမီးအရေးတွေ သိပ်မသိကြဘူး။ ကျမကပညာပေးမှုတွေကို ပြုလုပ်တယ်။ ဒီစစ်အာဏာရှင်ကိုယ်တိုင်က လူ့အခွင့်အရေးတွေ ချိုးဖောက်သူ၊ လူ့အခွင့်အရေး သမားတွေဖမ်းဆီးနေတာလေ။ ကျမလည်း ဖမ်းဝရမ်းထုတ်ခံရတယ်” လို့ နန်းနှင်းငယ် က ပြောပါတယ်။ လက်ရှိမှာတော့ သူမဟာ လွှတ်မြောက်နယ်မြေကို ရောက်ရှိနေပေမယ့် သူမရဲ့စိတ်ကတော့ နေအိမ်မှာ ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေ အတွက် စိုးရိမ်နေရကြောင်း၊ လက်တလောမှာတော့ စစ်အာဏာရှင်ကိုတော်လှန်ဖို့ လုပ်ဆောင်နေကြောင်းလည်း နန်းနှင်းငယ် က လက်ရှိ ကြုံနေရတာတွေကို ပြောပါတယ်။ “တကယ်လို့ အာဏာသိမ်းမှု မရှိခဲ့ရင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးတွေ လုပ်ဖြစ်နေလောက်ပြီ၊အခုတော့ အိမ်ရဲ့အဝေးမှာ ရှင်သန်နိုင်ဖို့ ကြိုးစားရအုံးမယ်လေ” လို့ ခံပြင်းသံဖြင့် အသံနဲ့ နန်းနှင်းငယ်ကပြောပြပါတယ်။ အာဏာသိမ်းစစ်ကောင်စီတွေကြောင့် လူငယ်တွေများစွာ မတရားဖမ်းဆီးခံရခြင်း၊ ပစ်သတ်ခံရတဲ့အပြင်လူငယ်တချို့က အနာဂတ်များ ဝေဝါးနေရဆဲဖြစ်ကြောင်း သျှမ်းပြည်ပညာရေးကဏ္ဍမှာ အစဥ်အမြဲလုပ်ဆောင် နေတဲ့ စိုင်းအိုက်ခေး ကလည်း ဆိုပါတယ်။ “ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေက ဘာမှဆက်လုပ်ကိုင်လို့ အဆင်မပြေဘူး၊ တစ်ဖက်ကလည်းကိုယ်က ဒီတော်လှန်ရေးကိုပဲ စိတ်က ရောက်နေတော့ ကျန်တဲ့ အိပ်မက်တွေ အကောင်အထည်မဖော်နိုင်ဘူး” လို့ စိုင်းအိုက်ခေးက သူ့ရဲ့ ဘဝဖြစ်စဥ်ကို ပြောပြပါတယ်။   ဒီကာလဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးအဖွဲ့နဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ သူတွေအနေနဲ့ အရင် နေဝင်းခေတ် သို့မဟုတ် အမှောင်ခတ် ကလို ပြန်ရောက်သွားပြီ။ပုန်းလျှိုးကွယ်လျှိုး သို့မဟုတ် မြေအောက်ဆန်ဆန် လှုပ်ရှားမှုနဲ့ ဆက်လုပ်ရတဲ့ အခြေအနေကို ရောက်နေတယ်လို့ သူက ပြောပါတယ်။ “အခုကပြောရမယ်ဆိုရင် ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး၊ လမ်းတွေပျောက်နေတယ်၊ ခေတ်လည်း မကောင်းတော့ဘူး၊ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှု ကြီးစိုးတဲ့ခေတ်က အမှောင်ခတ်ပေါ့” လို့စိုင်းအိုက်ခေးက ဆိုထားပါတယ်။ ဒါ့အပြင် ကုန်စေ◌ျးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် အသက်ရှင်ဖို့ကိုပင် ရုန်းကန်နေရတယ်လို့ဆိုပါတယ်။ “ကုန်ဈေးတွေကလည်းတက်လာတဲ့အချိန် အရာရာကိုချွေတာပြီး သုံးစွဲနေရတယ်၊ အမျိုးသားရေး အတွက်လူမှုရေးအတွက် ရည်ရွယ်ထားတဲ့ ပန်းတိုင်ထက် အသက်ရှင်ဖို့ ရုန်းကန်နေရတယ် ” လို့ စိုင်းအိုက်ခေး ကညီးထွားပြီး ပြောလာပါတယ်။ အာဏာသိမ်းခံရပြီးနောက် သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးက လူငယ်တွေဟာ ဝေဝါးတဲ့အနာဂတ်နဲ့ ရင်ဆိုင်နေရပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတွေကို တွန်းလှန်ဖို့ သူတို့ အိပ်မက်ပန်းတိုင်ကို စွန့်လွတ်ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ကြပါတယ်။ လက်ရှိတိုင်းပြည်ရဲ့ အခြေအနေအရ လူငယ်လူရွယ်များစွာဟာ အရောင်မတူ ယုံကြည်ချက်ခြင်း မတူညီကြပေမယ့် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မိမိလူမျိုး မိမိတိုင်းပြည်ကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်ချင်တဲ့ဆန္ဒတွေက တူညီနေတာကို တွေ့မြင်ရပါတယ်။

အောင်ပန်းမြို့ခံ လူငယ်များအား အာဏာသိမ်းစစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် စစ်အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲခံရသည့် လူငယ်များအား အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်လာနေသည်ဟု သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ မြို့ဟောင်းရပ်ကွက်...

ကျောက်မဲ ဒေသခံလူငယ်တဉီးကို အာဏာသိမ်းတပ်မှ ဖမ်းဆီးရိုက်နှက်ခြေထောက်ကျိုး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ပေါ် နေအိမ်တလုံးအား အာဏာသိမ်းတပ်ဖွဲ့ မှ အင်အား အလုံးအရင်းဖြင့် ဝန်းရံပိတ်ဆို့ပြီး အိမ်အတွင်းရှိလူငယ်တဉီးအား ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးရာ ခြေထောက်နှစ်ချောင်းလုံးကျိုးသွားကြောင်းသတင်းရရှိသည်။ အိမ်စောင့်တပ်ဖမ်းသွားသည့် အသက် ၂၂ အရွယ် ကျောက်မဲ ရပ်ကွက် ၇ သားတဉီး တပ်အချုပ်ခန်း မှ ထွက်ပြေးရန် ကြိုးစားစဉ်...

မူဆယ် လူငယ် (၂)ဦး လက်နက်နှင့် အတူဖမ်းဆီးရမိ စစ်ကောင်စီ လုပ်ကြံသတင်းလွှင့်

မူဆယ်မြို့ တွင် အသက်မပြည့်သည့် ကလေးအပါအဝင် လူငယ်(၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိဟု စစ်ကောင်စီမှ လုပ်ကြံသတင်း ကြေညာခဲ့သည်။ ထိုသတင်း ကြေညာပြီးနောက် မူဆယ်ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့သည်။ မေ ၁၁ရက် မနက် (၉ )နာရီ ဝန်းကျင်တွင် ထို လူငယ် (၂)ဦးဖြစ်သည် အသက် (၁၇)နှစ်အရွယ်...

မူဆယ် လူငယ် (၅)ဦး ထပ်မံ ဖမ်းဆီးခံရ

မူဆယ်မြို့ စစ်အာဏာရှင် အလိုမရှိ ဆန္ဒပြရာတွင် ပါဝင်သည့် လူငယ် (၅)ဦး ကို စစ်ကောင်စီ အုပ်စု က ယနေ့ (မေ ၁၁)ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက် (၁၁)ရက် မနက် (၈)နာရီဝန်းကျင်တွင် လူငယ်(၂)ဦးကို ရိုက်နှက် ပြီးဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ညနေ(၃)နာရီတွင်...

တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာရှင် ကျရှုံးရေး အတွက် ဆန္ဒပြ လူငယ်ပိုများလာ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးတွင် စစ်အာဏာရှင် ကျရှုံးရေးအတွက် ဆန္ဒထုတ်ဖော်ရာတွင် လူငယ်များပိုများကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့်အနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြကြသည်။ ထိုလူငယ်များသည် စစ်အာဏာရှင် ကျရှုံးသည့်အထိ တော်လှန်သွားမည်ဖြစ်ကြောင်းသိရသည်။ “ ကျနော်တို့ကတော့...

ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအခွင့်အရေးရရှိရေး ကျောက်မဲစစ်ဒဏ်သင့်လူငယ်နှင့်ရပ်မိရပ်ဖများ တောင်းဆို

ဒေသခံလူထု ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့်နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရရှိရေးအတွက် စစ်မြေပြင်အတွင်းနေထိုင်သည့် လူငယ်များနှင့် ရပ်မိရပ်ဖ များက ကျန်းမာရေးဌာန ထုတ်ပြန်ချက်နှင့်အညီ  ငြိမ်းချမ်းစွာ တောင်းဆိုလိုက်သည်။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လူထု ၁၀၀၀ ခန့်ခိုလှုံခဲ့သည့် ပုံ၀ိုးဘုန်းကြီးကျောင်းတွင် (စစ်ရှောင်များနေရပ်ပြန်ကြပြီးနောက် ) အောက်တိုဘာ ၂၂ ရက်က ကျောက်မဲလူငယ်များနှင့်ရပ်မိရပ်ဖများတွေ့ဆုံကာ ...

လူငယ်၊၂၀၂၀ ရွေးကောက်ပွဲနှင့် အနာဂတ် သျှမ်းပြည်

လာမဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ရက်မှာ ဆိုရင် မြန်မာနိုင်ငံရဲ့ တတိယအကြိမ်မြောက် ရွေးကောက်ပွဲကိုကျင်းပတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကနေ စတင်မဲဆွယ် ခွင့်ပြုလိုက်တဲ့ စက်တင်ဘာလ ၈ရက်နေ့ကနေစပြီးတော့ စာရေးသူတို့သျှမ်းပြည်နယ်အနှံ့ အပြားမှာကော လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ပါတီ ပေါင်းစုံရဲ့ သင်္ကေတတွေနဲ့ပျာပန်းခတ်နေတာကိုလည်းတွေ့ရပါတယ်။ ယခု ၂၀၂၀ ရွေးကောက်ပွဲကတော့ အရင်...

Latest news