Tuesday, January 27, 2026

ညောင်ရွှေမြို့နယ် လင်မယားနှစ်ဦးဖမ်းခံရပြီးနောက် လူငယ် (၄)ဦး ထပ်မံဖမ်းဆီးခံနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် စစ်ကောင်စီမှ လင်မယားနှစ်ဦးဖမ်းခံရပြီးနောက်ပိုင်း ဒေသခံလူငယ် ၄ ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ညောင်ရွှေမြို့

ပြီးခဲ့သည့် (ဧပြီလ ၉ ရက်) ညနေ ၇ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ အင်းပေါခုန်ရွာအတွင်း နေထိုင်သူ အသက် ၂၇ နှစ် လင်းစိုးဇင်ဆိုသူ လူငယ်တစ်ဦးကို လူမှုကွန်ရက်စာပေါ်၌ NLD အင်္ကျီဝတ်ပြီး ဘလိုဖိုင်ချိန်းထားသည်ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ကြောင်း အင်းလေးဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူကဖမ်းခံရမယ်လို့ မထင်ဘူး။ ခြံကနေပြန်ပြီး လယ်ထွန်တွေဆေးတဲ့အချိန်မှာ ရဲကော၊ ရဲမေတွေကော သူ့ကို လာဖမ်းတာ။ တကယ်လို့ သူကအဖမ်းမခံချင်ရင် သူ့မိန်းမကိုဖမ်းမယ်ဆိုပြီး ပြောတယ်။ သူ့မိန်းမက ဗိုက်ကြီးနေတာဆိုတော့ ဖမ်းမသွားဘူး။ သူ့ယောင်္ကျားကိုတော့ ဆန္ဒပြပုံတွေ၊ ပလိုဖိုင်မှာ NLD အင်္ကျီဝတ်ပြီးချိန်း တာတွေ့ဆိုပြီး ဖမ်းသွားတာ။ အဲ့ပုံကိုပြပြီး လာဖမ်းတာ “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ညောင်ရွှေမြို့နယ် အင်းခြံရွာမှ ဒေသခံ လူငယ် ၃ ဦးကိုလည်း စစ်ကောင်စီမှ ထပ်မံဖမ်းဆီး သွားခဲ့ ကြောင်း သိရသည်။

“ အင်းခြံက အရင်ကတစ်ယောက် အဖမ်းခံရချိန်မှာ သိန်း (၁၀၀) နဲ့ ပြန်ရွှေးခဲ့ရတာ။ အခုက ထပ်ပြီး ဖမ်းခံ နေရတာ။ အခု သူတို့ကို ဘာကြောင့်ဖမ်းသွားတာလဲတော့ သေချာမသိရဘူး။ သူတို့က ပိုက်ဆံပေး နိုင်မယ့်သူကို ရွှေးပြီး ဖမ်းနေတာ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါ ဖမ်းခံရသည့် ဒေသခံ လူငယ် ၄ ဦးကို လက်ရှိမှာ နန်းပန်ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး ၎င်းရဲစခန်းမှာလည်း အလားတူ ဖမ်းဆီးခံထားရသူ လူငယ် ၈ ဦးခန့် ရှိနေကြောင်းလည်း သိရသည်။

ထို့အပြင် နိုင်ငံရေးကြောင်းနှင့် ပတ်သက်ပြီး ဆန္ဒပြသူများ၊ NUG ထောက်ခံသူများနှင့် NLD အင်္ကျီဝတ်ပြီး ပလိုဖိုင်တင်ထားသူများကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးနေခြင်းသည် လုံခြုံရေးအတွက် အထူးစိုးရိမ်နေရကြောင်း နောက်ထပ်အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဲ့လိုမျိုး ဆန္ဒပြအချိန်တုန်းက သူသူ၊ ကိုယ်ကိုယ် NLD ဝတ်စုံ၊ NUG ဝတ်စုံတွေ ဝတ်ကြတယ်။ ပြီးတော့ ဆန္ဒပြတုန်းကလည်း အင်းထဲကလူ တော်တော်များများကလည်း ဆန္ဒပြကြတယ်။ အဲ့မှာ ကိုယ်တွေရောပါတယ်။ အများကောပါတယ်ဆိုတဲ့အခါကြတော့ အခုသူတို့ ပုံစံကြည့်ရတာက ပိုက်ဆံနည်းနည်းပေးပြီး ထုတ်နိုင်သူဆို ဖမ်းမယ်ဆိုတဲ့အခြေအနေဖြစ်နေတယ်။ အပြင်သွားရင် ဖုန်းတခုခုစစ်မှာ အရမ်းစိုးရိမ်ရတယ် “ ဟု ၎င်းက ပြောသည်။

ထို့အပြင် (ဧပြီ ၅ ရက်) နံနက်ပိုင်းတွင်လည်း ညောင်ရွှေမြို့ မိုင်းလီ (၅) ရပ်ကွက်နေ လင်မယားနှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်းလည်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...