ညောင်ရွှေမြို့နယ် လင်မယားနှစ်ဦးဖမ်းခံရပြီးနောက် လူငယ် (၄)ဦး ထပ်မံဖမ်းဆီးခံနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် စစ်ကောင်စီမှ လင်မယားနှစ်ဦးဖမ်းခံရပြီးနောက်ပိုင်း ဒေသခံလူငယ် ၄ ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ညောင်ရွှေမြို့

ပြီးခဲ့သည့် (ဧပြီလ ၉ ရက်) ညနေ ၇ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ အင်းပေါခုန်ရွာအတွင်း နေထိုင်သူ အသက် ၂၇ နှစ် လင်းစိုးဇင်ဆိုသူ လူငယ်တစ်ဦးကို လူမှုကွန်ရက်စာပေါ်၌ NLD အင်္ကျီဝတ်ပြီး ဘလိုဖိုင်ချိန်းထားသည်ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ကြောင်း အင်းလေးဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူကဖမ်းခံရမယ်လို့ မထင်ဘူး။ ခြံကနေပြန်ပြီး လယ်ထွန်တွေဆေးတဲ့အချိန်မှာ ရဲကော၊ ရဲမေတွေကော သူ့ကို လာဖမ်းတာ။ တကယ်လို့ သူကအဖမ်းမခံချင်ရင် သူ့မိန်းမကိုဖမ်းမယ်ဆိုပြီး ပြောတယ်။ သူ့မိန်းမက ဗိုက်ကြီးနေတာဆိုတော့ ဖမ်းမသွားဘူး။ သူ့ယောင်္ကျားကိုတော့ ဆန္ဒပြပုံတွေ၊ ပလိုဖိုင်မှာ NLD အင်္ကျီဝတ်ပြီးချိန်း တာတွေ့ဆိုပြီး ဖမ်းသွားတာ။ အဲ့ပုံကိုပြပြီး လာဖမ်းတာ “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ညောင်ရွှေမြို့နယ် အင်းခြံရွာမှ ဒေသခံ လူငယ် ၃ ဦးကိုလည်း စစ်ကောင်စီမှ ထပ်မံဖမ်းဆီး သွားခဲ့ ကြောင်း သိရသည်။

“ အင်းခြံက အရင်ကတစ်ယောက် အဖမ်းခံရချိန်မှာ သိန်း (၁၀၀) နဲ့ ပြန်ရွှေးခဲ့ရတာ။ အခုက ထပ်ပြီး ဖမ်းခံ နေရတာ။ အခု သူတို့ကို ဘာကြောင့်ဖမ်းသွားတာလဲတော့ သေချာမသိရဘူး။ သူတို့က ပိုက်ဆံပေး နိုင်မယ့်သူကို ရွှေးပြီး ဖမ်းနေတာ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါ ဖမ်းခံရသည့် ဒေသခံ လူငယ် ၄ ဦးကို လက်ရှိမှာ နန်းပန်ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး ၎င်းရဲစခန်းမှာလည်း အလားတူ ဖမ်းဆီးခံထားရသူ လူငယ် ၈ ဦးခန့် ရှိနေကြောင်းလည်း သိရသည်။

ထို့အပြင် နိုင်ငံရေးကြောင်းနှင့် ပတ်သက်ပြီး ဆန္ဒပြသူများ၊ NUG ထောက်ခံသူများနှင့် NLD အင်္ကျီဝတ်ပြီး ပလိုဖိုင်တင်ထားသူများကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးနေခြင်းသည် လုံခြုံရေးအတွက် အထူးစိုးရိမ်နေရကြောင်း နောက်ထပ်အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဲ့လိုမျိုး ဆန္ဒပြအချိန်တုန်းက သူသူ၊ ကိုယ်ကိုယ် NLD ဝတ်စုံ၊ NUG ဝတ်စုံတွေ ဝတ်ကြတယ်။ ပြီးတော့ ဆန္ဒပြတုန်းကလည်း အင်းထဲကလူ တော်တော်များများကလည်း ဆန္ဒပြကြတယ်။ အဲ့မှာ ကိုယ်တွေရောပါတယ်။ အများကောပါတယ်ဆိုတဲ့အခါကြတော့ အခုသူတို့ ပုံစံကြည့်ရတာက ပိုက်ဆံနည်းနည်းပေးပြီး ထုတ်နိုင်သူဆို ဖမ်းမယ်ဆိုတဲ့အခြေအနေဖြစ်နေတယ်။ အပြင်သွားရင် ဖုန်းတခုခုစစ်မှာ အရမ်းစိုးရိမ်ရတယ် “ ဟု ၎င်းက ပြောသည်။

ထို့အပြင် (ဧပြီ ၅ ရက်) နံနက်ပိုင်းတွင်လည်း ညောင်ရွှေမြို့ မိုင်းလီ (၅) ရပ်ကွက်နေ လင်မယားနှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်းလည်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...