တော်လှန်သော လူငယ်များ

“ကျနော်က မိသားစုကို ဖီဆန်ပြီး ဒီလမ်းကို ရွေးခဲ့တာ၊ ဒီတော်လှန်ရေးအတွက်ကိုပဲ ဘဝကိုပုံအပ်လိုက်တာ၊ဘဝ တင်မကဘူး နောက်ထပ်အသစ်တွေကိုလည်း ရင်းလိုက်ရတယ်” လို့ ကိုသူရက ဆိုထားပါတယ်။

စစ်အာဏာမသိမ်းခင်က ကိုသူရ ဟာ တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီရဲ့ ဗဟိုလူငယ်အဖွဲ့ဝင်တစ်ဦးပါ။

သူဟာ အနာဂတ်မှာ လွှတ်တော်အမတ်ဖြစ်ရန် ရည်ရွယ်ချက်ရှိသူဖြစ်ပြီး စစ်တပ် အာဏာသိမ်းလိုက်ချိန် မှာတော့ လွှတ်မြောက်နယ်မြေကို ထွက်ခွာလာပြီး လက်နက်ကိုင်တော်လှန်ရေးသမားဘဝသို့ ပြောင်းလဲခဲ့ရသူဖြစ်ပါတယ်။

“အခုတော့ လက်နက်ကိုင် တော်လှန်ရေးသမားပေါ့၊ လုပ်ချင်တဲ့အရာတွေ ဆုံးရှုံးသွားပေမယ့် လက်နက်ကိုင်တော်လှန်ရေးသမားတစ်ယောက် ဖြစ်လာတော့ ဘာပဲဖြစ်ဖြစ် မနိုင်သေးခင်မှာတောင် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်” လို့ ကိုသူရက ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို ဦးဆောင်ခဲ့ပြီး နောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိရာနေရာကို ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို ဖမ်းဆီးပြီးနောက်အလောင်းကိုပဲ ပြန်ပေးတာမျိုးရှိသလို ဖမ်းဆီးပြီးနောက် လနဲ့ချီ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြတဲ့ လူငယ်တွေ၊ အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီကဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံလိုက်ရတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။

“စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တဲ့ တော်လှန်ရေး လူငယ်တွေ အပါအဝင် အပစ်မဲ့ ပြည်သူကိုလည်းရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတဲ့အနေအထားမှာ အဓိက က ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီအရေးတွေ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါ့၊ တစ်နေ့ကျရင် သူတို့(စကစ)ကို လက်တုန့်ပြန်နိုင်မယ်လို့ မျှော်လင့်တယ်” လို့ ၎င်းက ပြောပါတယ်။

ဒီဇင်ဘာ ၂၁ရက်  နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  (AAPP) ရဲ့ ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၁၃၅၁) ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၁၅၃) ဦးရှိပြီး ၎င်းတို့အနက်မှ  (၄၀၁) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။

ထိုထဲမှ သျှမ်းပြည်မှ သေဆုံးသွားတဲ့ သူရဲကောင်းများမှ စက်တင်ဘာ ၁၁ရက် ထိ စာရင်းအရ ၄၄ဦးရှိပြီး၊ဖမ်းဆီးခံရသူ ၃၆၈ဦးရှိကာ အများစုမှာ လူငယ်များဖြစ်ကြောင်း သျှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားရေးအသက်း (SWAN) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ အသက် ၂၅ နှစ်အရွယ် နန်းနှင်းငယ်လည်း ပါပါတယ်။

စစ်အာဏာရှင်ကို တော်လှန်မှုကြောင့် ၅၀၅ နဲ့ ဖမ်းဝရမ် ထုတ်ခံရပြီး လက်ရှိမှာ အိမ်ကို စွန့်ခွာပြီး တိမ်းရှောင်နေရကြောင်း၊ စစ်အာဏာသိမ်း ၁၀ လကျော်ကာလအတွင်းမှာ အနာဂတ်ပျောက်နေမှုကို ခံစားနေရကြောင်းလည်းနန်းနှင်းငယ်က ဆိုပါတယ်။

သူမဟာ လူ့အခွင့်အရေး ၊ အမျိုးသမီးအရေး ကိစ္စတွေမှာ တက်တက်ကြွကြွဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး၊လူ့အခွင့်အရေး ပညာပေးမှုလုပ်ငန်း လုပ်ဆောင်မှုကို ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပါတယ်။

“ သျှမ်းပြည်ရဲ့ ကျေးလက်ဒေသတွေမှာ လူ့အခွင့်အရေး၊ အမျိုးသမီးအရေးတွေ သိပ်မသိကြဘူး။ ကျမကပညာပေးမှုတွေကို ပြုလုပ်တယ်။ ဒီစစ်အာဏာရှင်ကိုယ်တိုင်က လူ့အခွင့်အရေးတွေ ချိုးဖောက်သူ၊ လူ့အခွင့်အရေး သမားတွေဖမ်းဆီးနေတာလေ။ ကျမလည်း ဖမ်းဝရမ်းထုတ်ခံရတယ်” လို့ နန်းနှင်းငယ် က ပြောပါတယ်။

လက်ရှိမှာတော့ သူမဟာ လွှတ်မြောက်နယ်မြေကို ရောက်ရှိနေပေမယ့် သူမရဲ့စိတ်ကတော့ နေအိမ်မှာ ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေ အတွက် စိုးရိမ်နေရကြောင်း၊ လက်တလောမှာတော့ စစ်အာဏာရှင်ကိုတော်လှန်ဖို့ လုပ်ဆောင်နေကြောင်းလည်း နန်းနှင်းငယ် က လက်ရှိ ကြုံနေရတာတွေကို ပြောပါတယ်။

“တကယ်လို့ အာဏာသိမ်းမှု မရှိခဲ့ရင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးတွေ လုပ်ဖြစ်နေလောက်ပြီ၊အခုတော့ အိမ်ရဲ့အဝေးမှာ ရှင်သန်နိုင်ဖို့ ကြိုးစားရအုံးမယ်လေ” လို့ ခံပြင်းသံဖြင့် အသံနဲ့ နန်းနှင်းငယ်ကပြောပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတွေကြောင့် လူငယ်တွေများစွာ မတရားဖမ်းဆီးခံရခြင်း၊ ပစ်သတ်ခံရတဲ့အပြင်လူငယ်တချို့က အနာဂတ်များ ဝေဝါးနေရဆဲဖြစ်ကြောင်း သျှမ်းပြည်ပညာရေးကဏ္ဍမှာ အစဥ်အမြဲလုပ်ဆောင် နေတဲ့ စိုင်းအိုက်ခေး ကလည်း ဆိုပါတယ်။

“ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေက ဘာမှဆက်လုပ်ကိုင်လို့ အဆင်မပြေဘူး၊ တစ်ဖက်ကလည်းကိုယ်က ဒီတော်လှန်ရေးကိုပဲ စိတ်က ရောက်နေတော့ ကျန်တဲ့ အိပ်မက်တွေ အကောင်အထည်မဖော်နိုင်ဘူး” လို့ စိုင်းအိုက်ခေးက သူ့ရဲ့ ဘဝဖြစ်စဥ်ကို ပြောပြပါတယ်။  

ဒီကာလဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးအဖွဲ့နဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ သူတွေအနေနဲ့ အရင် နေဝင်းခေတ် သို့မဟုတ် အမှောင်ခတ် ကလို ပြန်ရောက်သွားပြီ။ပုန်းလျှိုးကွယ်လျှိုး သို့မဟုတ် မြေအောက်ဆန်ဆန် လှုပ်ရှားမှုနဲ့ ဆက်လုပ်ရတဲ့ အခြေအနေကို ရောက်နေတယ်လို့ သူက ပြောပါတယ်။

“အခုကပြောရမယ်ဆိုရင် ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး၊ လမ်းတွေပျောက်နေတယ်၊ ခေတ်လည်း မကောင်းတော့ဘူး၊ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှု ကြီးစိုးတဲ့ခေတ်က အမှောင်ခတ်ပေါ့” လို့စိုင်းအိုက်ခေးက ဆိုထားပါတယ်။

ဒါ့အပြင် ကုန်စေ◌ျးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် အသက်ရှင်ဖို့ကိုပင် ရုန်းကန်နေရတယ်လို့ဆိုပါတယ်။

“ကုန်ဈေးတွေကလည်းတက်လာတဲ့အချိန် အရာရာကိုချွေတာပြီး သုံးစွဲနေရတယ်၊ အမျိုးသားရေး အတွက်လူမှုရေးအတွက် ရည်ရွယ်ထားတဲ့ ပန်းတိုင်ထက် အသက်ရှင်ဖို့ ရုန်းကန်နေရတယ် ” လို့ စိုင်းအိုက်ခေး ကညီးထွားပြီး ပြောလာပါတယ်။

အာဏာသိမ်းခံရပြီးနောက် သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးက လူငယ်တွေဟာ ဝေဝါးတဲ့အနာဂတ်နဲ့ ရင်ဆိုင်နေရပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတွေကို တွန်းလှန်ဖို့ သူတို့ အိပ်မက်ပန်းတိုင်ကို စွန့်လွတ်ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ကြပါတယ်။

လက်ရှိတိုင်းပြည်ရဲ့ အခြေအနေအရ လူငယ်လူရွယ်များစွာဟာ အရောင်မတူ ယုံကြည်ချက်ခြင်း မတူညီကြပေမယ့် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မိမိလူမျိုး မိမိတိုင်းပြည်ကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်ချင်တဲ့ဆန္ဒတွေက တူညီနေတာကို တွေ့မြင်ရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...