Tuesday, January 27, 2026

အေးသာယာမြို့ လူငယ်(၅) ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် အေးသာယာမြို့တွင် စစ်ကောင်စီ မှ လူငယ် (၅) ဦးကို (PDF) ထောက်ပံ့သည်ဟု စွပ်စွဲကာ သြဂုတ် ၆ ရက် ၊ ည (၁၂) ဝန်းကျင်တွင် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

သြဂုတ် ၆ ရက် ည ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ အင်အား (၃၀) ဖြင့် ရောက်လာပြီး လူငယ် (၅) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ငွေကြေးထောက်ပံ့မှု ပြုလုပ်နေသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဖမ်းဆီးခေါ်ဆောင်သွားခံရသူတစ်ဦး၏ နီးစပ်သူအမျိုးသားတစ်ဦးမှ သျှမ်းသံတော်ကို ပြောသည်။

“သူတို့က ညသန်းခေါင်ကို လာဖမ်းသွားတယ်။ စစ်အင်အား (၃၀) နဲ့ လာတာ တော်ရုံတန်ရုံနဲ့ ဘယ်သူမှ ထွက်မကြည့်ဘူး။ အဲ့တစ်ညထဲကို ပတ်လည်ရိုက်ပြီး မြို့သစ်ကလူငယ် (၅) ယောက်ကို ဖမ်းသွားတယ် “ ဟု ၎င်းနီးစပ်သူက ပြောသည်။

အဆိုပါ ဖမ်းဆီးသွားသော လူငယ် (၅) ဦးတွင် အမျိုးသမီး (၂) ဦး နှင့် အမျိုးသား (၃) ဦးပါဝင်ကြောင်းသိရသည်။

ယင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသော လူငယ် (၅) ဦးကို တောင်ကြီးမြို့၊ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းလည်း အေးသာယာမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မယွန်းဝေထိုက်

“အခုဖမ်းသွားတဲ့ ထဲမှာ မယွန်းဝေထိုက် ဆိုတဲ့တစ်ယောက်ပါသွားတယ်။ ကျန်တဲ့သူတွေတော့ နာမည်မသိရဘူး။ သူတို့ (၅) ဦးစလုံးကို တောင်ကြီး အမှတ် (၁) ရဲစခန်းမှာဖမ်းဆီးထားတယ်။ အခုထိပြန်မလွှတ်သေးဘူး “ ဟု ၎င်းကဆိုသည်။

အေးသာယာ ၊ နယ်မြေ (၇) တွင် နေထိုင်သူ မယွန်းဝေထိုက်သည် စစ်အာဏာသိမ်း အစတွင် ဆန္ဒပြ ၊ သပိတ်စစ်ကြောင်းများ ပါဝင်ဖူးသူဖြစ်သည့်အပြင် အေးသာယာမြို့ အေးသီရိဈေးထဲ အဝတ်ဆိုင်ဖွင့်လှစ်ထား သည်ဟု အေးသာယာမြို့ ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“ ဖမ်းခံရတဲ့ အမျိုးသမီးက အေးသီရိဈေးထဲမှာအဝတ်ဆိုင်ဖွင့်ထားတယ်။ သူက သပိတ်လုပ်တုန်းကလည်း တက်တက်ကြွကြွပါဝင်တဲ့ သူလည်းဟုတ်တယ်။ တော်လှန်ရေးပိုစ့်တွေလည်း တော်တော်များရှဲတယ်။ ဒါမယ့် သူက (PDF) နဲ့ မပတ်သက်ဘူး။ အခုက ဖမ်းခံရတာ ဒလန်ကြောင့်ဖမ်းခံရတာများတယ် “ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

အလားတူ သြဂုတ် (၆) ရက်နေ့တွင်လည်း တောင်ကြီး စဝ်စံထွန်းဆေးရုံမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် ပန်ဆယ်လို ပိုစ့်အောက်တွင် “ပျော်တယ်ဝေ့”ဟု (comment) ပေးသောကြောင့် ဖမ်းဆီးခံရပြီး သြဂုတ် (၇) ရက်တွင် ဝန်ခံလက်မှတ် ကတိထိုးပြီး ပြန်လွတ်လာခဲ့ပြီး ထိုရက် ညပိုင်းတွင် ပြန်ဖမ်းသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...