Wednesday, January 28, 2026

လက်နက်ကြီး

သီပေါမြို့နယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၁ဦးသေဆုံး၊ ၁ဦးဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) နံနက် ၉ နာရီဝန်းကျင်တွင် နမ့်လန်မြို့ အခြေစိုက်ထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၀၆) တပ်မှ...

သီပေါ လက်နက်ကြီးကြောင့် မြို့ထဲပစ္စည်းပြန်သယ်သည့် စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့တွင် တိုက်ပွဲကြား နေရပ်ပြန်ပြီး ပစ္စည်းပြန်သယ်သည့် စစ်ဘေးရှောင်အမျိုးသမီး (၂) ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၃၁) ရက်တွင် သီပေါမြို့ပေါ် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲကြား နေအိမ်သို့ ပြန်ပြီး ပစ္စည်းပြန်သယ်သည့်...

သီပေါ စစ်ကောင်စီ လက်နက်ကြီးကြောင့် စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီ၏လက်နက်ကြီးကြောင့် AAA စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယနေ့ နံနက် ၁၁နာရီခွဲအချိန်တွင် စစ်ကောင်စီမှလက်နက်ကြီးဖြင့် သီပေါမြို့ကို ပစ်ခတ်ခဲ့ပြီး AAA စက်သုံးဆီသိုလှောင်ကန် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ဘေးအိမ်များကို အနည်းငယ် မီးကူးစက်ခံခဲ့ရကြောင်းသိရသည်။ “ ဆီသိုလှောင်ကန်က ကြီးတယ်။ အချိန်မီ မီးငြိမ်းနိုင်ခဲ့တော့ ဘေးအိမ်ကိုအရမ်းမထိခဲ့ဘူး။ ဆီတွေတော့ အကုန်မရှုံးခဲ့ဘူး။” ဟု...

သီပေါတိုက်ပွဲ ၃ ရက်တွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ အရပ်သား ၂၀ ဦးနီးပါး သေဆုံး

သျှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၁၀ ရက်မှ စတင်ပြီး သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃)၊...

ညောင်ရွှေဒေသခံများ မြေမြှုပ်မိုင်း ၊လက်နက်ကြီးအန္တရာယ်များနှင့်ရင်ဆိုင်နေရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊စံကားဒေသခံများသည် ယခုတွင် ကျေးရွာထဲ ပြန်နေကြပြီးနောက် မြေမြှုပ်မိုင်း၊လက်နက်ကြီးအန္တရာယ်များနှင့်ရင်ဆိုင်နေကြရကြောင်း သတင်းရရှိသည်။ စံကားဒေသတွင် ပြီးခဲ့သည့် ဇူလိူင်လတစ်လလုံးတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ တိုက်ပွဲငြိမ်သွားပြီးနောက် ဒေသခံနေအိမ်ခြံဝိုင်းအတွင်း မြေမြှုပ်မိုင်းများထောင်ထားခဲ့သည့်အပြင် မပေါက်ကွဲသေးသည့် လက်နက်ကြီးလည်း များစွာ ကျန်ရှိနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ပြောင်းခြံထဲ တွေမှာ လက်တက်ကြီးတွေ မြေမြှုပ်မိုင်းတွေများစွာရှိတယ်။...

မူဆယ်မြို့တွင်းတိုက်ပွဲ မဖြစ်ရေး ရမခ တိုင်းမှူး လက်နက်ချရန် ညီနောင်မဟာမိတ်တပ် ကမ်းလှမ်း

သျှမ်းမြောက်၊ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့ တိုက်ပွဲဖြစ်ပွားမှု ရှောင်ရှားနိုင်ရေး အတွက် လားရှိုး ရပခ တိုင်းမှူး လက်နက်ချ အလင်းဝင်ရန် ညီနောင်မဟာမိတ်တပ်က ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ကမ်းလှမ်းထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၉ ရက်) တွင် ပြောသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ...

လားရှိုးမြို့ပေါ် စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံး

သျှမ်းပြည် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စုဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားသေဆုံးမှုနှင့် ပြည်သူနေအိမ် ထိခိုက်ပျက်စီးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) ညနေပိုင်းတွင် လားရှိုးမြို့ ဟိုပိတ်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိသည့်အပြင် ဘုန်းကြီးကျောင်းနှင့် ပြည်သူနေအိမ်...

မိုးကုတ်နှင့် မိုးမိတ်တွင် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄) ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်တွင်) မိုးကုတ်မြို့ အရှေ့ပိုင်း သဖန်းပင်၊ မြို့မရပ်ကွက်၊ မင်းတံတားရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်...

လားရှိုးမြို့ပေါ် ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျ

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် နေအိမ်များသို့ ရှေ့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ ယနေ့ (ဇူလိုင် ၁၀) ရက် နံနက်အစောပိုင်းမှစတင်ပြီး လားရှိုးမြို့ ရပ်ကွက် (၉)၊ နယ်မြေ (၃) ဘူတာရုံသံလမ်းဘေးတွင် ရှော့တိုက်ဒုံး ၂ လုံး၊ ထင်းရှုးမြိုင်အနီး ၁...

မိုးမိတ် တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF...

Latest news