Tuesday, February 10, 2026

မူဆယ်မြို့တွင်းတိုက်ပွဲ မဖြစ်ရေး ရမခ တိုင်းမှူး လက်နက်ချရန် ညီနောင်မဟာမိတ်တပ် ကမ်းလှမ်း

သျှမ်းမြောက်၊ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့ တိုက်ပွဲဖြစ်ပွားမှု ရှောင်ရှားနိုင်ရေး အတွက် လားရှိုး ရပခ တိုင်းမှူး လက်နက်ချ အလင်းဝင်ရန် ညီနောင်မဟာမိတ်တပ်က ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ကမ်းလှမ်းထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၉ ရက်) တွင် ပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ တည်ရှိရာ လားရှိုးမြို့ကို ကိုးကန့် ပူးပေါင်းတပ် တိုက်ခိုက်နေစဥ် ယင်းကာလ တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်စိုးတင့် ဖြုတ်ချ ခံခဲ့ရပြီး မူဆယ်၌ အထိုင်ချထားသည့် တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင် (DSA- 42) ကို အစားထိုး ခန့်အပ်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်တွင် လားရှိုး ရမခ ကျဆုံးချိန်အထိ တိုင်းမှူးသစ်ဖြစ်သူ ဗိုလ်မှူးချုပ်စိုးလှိုင် လားရှိုးသို့ ရောက်မလာဘဲ မူဆယ်တွင် သောင်တင်နေခြင်း ဖြစ်သည်။

“တိုင်းမှူးကတော့ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။ အခုရက်ပိုင်း အတွင်း အဖြေပေါ်မှာပါ” ဟု ညီနောင် မဟာမိတ်တပ်ဖွဲ့၏ ကမ်းလှမ်းမှုနှင့် ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ယမန်နေ့ည ၈ နာရီကျော်က မူဆယ်မြို့နယ်၊ နမ့်အွန်ရွာဘက် လက်နက်ကြီး ပေါက်ကွဲသံများ ကြားခဲ့ရပြီးနောက် မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း မြို့ခံများက ဆိုသည်။

“မနေ့ညက ပစ်တာက စစ်တပ်ဘက်က ပစ်တာပါ။ ဘာကြောင့်ပစ်လဲတော့ မသိဘူး။ မြေပြင်တိုက်ပွဲ ဖြစ်တာတော့ မကြားမိဘူး။ ဒေသခံတွေကတော့ စိုးရိမ်တာပေါ့။ ဖြစ်လာရင် ပြေးစရာမြေ မရှိဘူးလေ” ဟု မူဆယ်မြို့နယ် အခြေအနေကို သိရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ကာလ မူဆယ်မြို့ ပတ်ပတ်လည်ရှိ ဒေသ အားလုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် KIA က သိမ်းပိုက်ထားသဖြင့် လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်ကို မဟာမိတ်တပ်များ တိုက်ခိုက် သိမ်းပိုက်ရန် လွယ်ကူသည့် အနေအထား ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

0
ဖသျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်ရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့်...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...