သီပေါ လက်နက်ကြီးကြောင့် မြို့ထဲပစ္စည်းပြန်သယ်သည့် စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့တွင် တိုက်ပွဲကြား နေရပ်ပြန်ပြီး ပစ္စည်းပြန်သယ်သည့် စစ်ဘေးရှောင်အမျိုးသမီး (၂) ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ (၃၁) ရက်တွင် သီပေါမြို့ပေါ် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲကြား နေအိမ်သို့ ပြန်ပြီး ပစ္စည်းပြန်သယ်သည့် ဇာတ်စုရပ်မှ စစ်ဘေးရှောင် အမျိုးသမီး (၂) ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“ဇာတ်စုရပ်မှာ လက်နက်ကြီးကျည် ကျကွဲလို့ အသက် ၆၀ ကျော်အရွယ် သက်ကြီးတစ်ယောက် ဆုံးတယ်။ ညောင်ကိုးပင်ဘက်လည်း ကျတာ၊ နမ့်ပေါ့ဘက်မှာ မိန်းကလေးတစ်ယောက် သေတယ်။ ရှေ့ရက်က ဖြစ်တာ နှစ်ယောက်သေတာ။ အခုဆုံးတဲ့ အဖွားဆိုရင် သူစစ်ရှောင်နေရင်းနဲ့ အဝတ်ပြန်လာသယ်တာ”ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – သီပေါမြို့ လှိုဏ်ဂူများတွင် စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေစဉ်

သီပေါမြို့ ဇာတ်စုရပ်တွင် လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားသူမှာ အသက် (၆၀) နှစ်ကျော် အရွယ်ရှိ ဒေါ်စိန်ပွင့် နှင့် ညောင်ကိုးပင်မှ အသက် (၄၀) နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ (စက်တင်ဘာ ၂ ရက်) ညနေပိုင်းတွင်လည်း သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-(၂၃) အနီးရှိ ကုံးစုံ(လီရှော)ရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့ကလည်း ၂၃ တပ်ရဲ့ အနောက်က ကုံးစုံ(လီရှော)ရွာကို လက်နက်ကြီးကျတာ။ ဘယ်အဖွဲ့က ပစ်တာလည်းတော့ မသိဘူး။ အိမ်ကို လက်နက်ကြီးမှန်ပြီး အိမ်ထဲက ဦးလေးတစ်ယောက် ဒဏ်ရာရတယ်။ တချို့လည်း မြို့ထဲကနေ တပ်ဘက်ကို ပစ်သွားတယ်လို့ ပြောကြတယ်။ သီပေါမှာ တိုက်ပွဲကြား သေတာဆိုရင် ၃၀ ကျော် ရှိပြီ”ဟု ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပုံစာ – သီပေါမြို့ လှိုဏ်ဂူများတွင် စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေစဉ်

တိုက်ပွဲကြောင့် သီပေါမြို့ပေါ် မြို့လယ်၊ တောင်မြို့၊ အုတ်ကျင်း၊ မဟာမုနိ ဘုရားကြီးဘက်၊ ညောင်ကိုးပင်၊ ဟတ်လျန်ရပ်နှင့် ပန်းတိမ်(မြောက်)ရပ်ကွက်တို့တွင် ထိခိုက်ပျက်စီးမှု များပြားကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲကြား ထိခိုက်ဒဏ်ရာရသူများကို သီပေါမြို့ပေါ် ပရဟိတ အသင်းများမှ အရေးပေါ် ဆေးကုသပေးနေပြီး ရပ်ကွက်အတွင်း စားဝတ်နေရေး အခက်အခဲ ရှိသည့် မိသားစုများနှင့် မြို့ပြင် လှိုဏ်ဂူများတွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များကိုလည်း စားနပ်ရိက္ခာ ကူညီပေးနေကြောင်း သိရသည်။

ပုံစာ – သီပေါမြို့ လှိုဏ်ဂူများတွင် စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေစဉ်

ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်ကလည်း သီပေါမြို့ပေါ် ရပ်ကွက်များသို့ လူအိပ်မောကျနေသည့် ညအချိန် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အထက(၃)နှင့် အမက(၃) စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းအနီး နေထိုင်သည့် အရပ်သား (၂) ဦး သေဆုံးခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၂၃)၊ ခြေမြန်တပ်ရင်း(၅၀၃၊ ၅၀၄) တို့ကို TNLA ပူးပေါင်းတပ်ဖွဲ့က ဆက်လက်တိုက်ခိုက်နေပြီး ယမန်နေ့ (စက်တင်ဘာလ ၁ ရက်) တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် စားနပ်ရိက္ခာများ လာချသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...