မိုင်းနင်းမိ
နမ့်လန်မြို့ပတ်ဝန်းကျင် တစ်ပတ်အတွင်း မိုင်းထိလူနာ (၇) ဦးရှိ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ပတ်ဝန်းကျင်အတွင်း ယခု မတ်လ ပထမ ပတ်တွင် မိုင်းနင်းမိမှုကြောင့် ထိခိုက်လူနာ (၇)ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မိုင်းနင်းမိမှုကြောင့် (၇)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ယမန်နေ့ မတ်လ ၈ ရက်နေ့က တစ်ဦးသေဆုံးသွားကြောင်း နမ့်လန်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...
ရပ်စောက်မြို့နယ် ပန်ခါကျေးရွာ လူငယ်တစ်ဦး မိုင်းနင်းမိ သေဆုံး
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စု ပန်ခါကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယမန်နေ့ (မတ် ၂)ရက်တွင် မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မတ်လ ၂) ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် အသက် (၂၇)နှစ်အရွယ်ရှိ စိုင်းခမ်းသည်...
ကျောက်မဲလူငယ် မိုင်းနင်းမိ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဗူးခါးနှင့် နားခေါ်ကျေးရွာကြား ရေချောင်းအနီးတွင် ယမန်နေ့ (မတ်လ ၁ )ရက် နေ့လည် ၁၁ နာရီခွဲဝန်းကျင်တွင် လူငယ်အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ် ၁)ရက်တွင် ကျောက်မဲမြို့ ရပ်ကွက်...
ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအနီး စျေးသည်တစ်ဦး မိုင်းနင်းမိ
သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုး ကျေးရွာအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၈)ရက် မနက် ၁၀ ခွဲဝန်းကျင်က ဆိုင်ကယ်စျေးသည် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ထိုစျေးသည် အမျိုးသားသည် ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာမှ ကုန်းသာရွာတို့ သွားသည့်လမ်းပေါ် နောင်ဝိုးကြိုးတံတားအနီးတွင် ဆိုင်ကယ်ဖြင့် မိုင်းနင်းမိပြီး...
ကျောက်မဲ ဟူးကွက်ဒေသခံ မိုင်းထိ လူငယ် ၂ ဦးသေ တစ်ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် ဒေသခံ (၃)ဦး မိုင်းထိခဲ့ပြီး (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၇)ရက် နေ့လည်ပိုင်း (၁၂)နာရီဝန်းကျင်က ဟူးကွက်ကျေးရွာခံ (၃)ဦး လက်ဖက်ခြံထဲတွင် မိုင်းထိခဲ့ပြီး သေဆုံး ၊ ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း သိရသည်။ “မိုင်းထိပြီး ၂...
မိုင်းကိုင်မြို့နယ် မိုင်းနင်းမိ သေဆုံးသွားသည့် ရုပ်အလောင်း ယနေ့ထိ သွားမကောက်နိုင်သေး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်း ဒေသခံ ရွာသားတစ်ဦး မိုင်းနင်းမိပြီးသေဆုံးကာ ယနေ့ချိန်ထိ အလောင်းသွားမကောက်ရသေးကြောင်း စုံစမ်းသိရှိရသည်။ ထိုမိုင်းနင်းမိပြီး သေဆုံးသွားသည့် အလောင်းကို ဇန်နဝါရီ (၅)ရက်တွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု လွယ်ဆိုင်းကျေးရွာအနီးရှိ လယ်ဟောင်းထဲ တွေ့ရှိခဲ့ကြောင်း လွယ်ဆိုင်းကျေးရွာဒေသခံ တစ်ဦးက ပြောသည်။ “ဒီနေ့ထိ ဘယ်သူမှ သူ့အလောင်းကို မသွားယူရဲကြသေးဘူး။...
မိုင်းကိုင်မြို့နယ် ကျွဲကျောင်းသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု လွယ်ယွဲ့ကျေးရွာမှာ အသက် (၁၇)နှစ်အရွယ် ကျွဲကျောင်းသားတစ်ဦး မြေမြုပ်မိုင်း နင်းမိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၃)ရက် နေ့လည် (၁၂)နာရီဝန်းကျင်တွင် အသက် (၁၂)နှစ်အရွယ် စိုင်းထွန်းအေးသည် ကျွဲ (၂)ကောင်ဖြင့် လယ်သွားချိန် မြေမြုပ်မိုင်းနင်းမိကာ ကျွဲ (၂)ကောင်နှင့်အတူ စိုင်းထွန်းအေးလည်း...
ကျောက်မဲမြို့နယ် (၃)နှစ်ကလေးငယ် အပါအဝင် (၃)ဦး မိုင်းနင်းမိ
သျှမ်းမြောက် ကျောက်မဲမြို့နယ် ကြူရှော(တောင်)ရွာအနီးတွင် ယနေ့ (နိုဝင်ဘာ ၁)ရက် မနက် ၈နာရီဝန်းကျင်က (၃)နှစ် ကလေးငယ် အပါအဝင် ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက်ပိုင်း ၈ နာရီ ဝန်းကျင်တွင် လယ်တောသို့ သွားသည့် ကြူရှော(တောင်)ရွာ...
ကျေးသီးမြို့နယ် ကုန်းကော်ကျေးရွာ ဒေသခံ တစ်ဦး မိုင်းနင်းမိသေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာအုပ်စု ကုန်းကော်ကျေးရွာ ဒေသခံတစ်ဦးသည် ခြံသွားစဥ် မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၂၄)ရက် နံနက် (၉)နာရီဝန်းကျင်က လုင်းဆမ် (၅၀)နှစ်သည် ခြံသွားစဥ် မြေမြှုပ်မိုင်း နင်းမိကာ ခြေတချောင်းပြတ်ဒဏ်ရာရရှိပြီး ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံးသို့ ရောက်ပြီးနောက် သေဆုံးသွားကြောင်း...
မိုင်းကိုင်မြို့နယ် လိမ္မော်ခြံထဲ အရပ်သား(၂)ဦး မိုင်းနင်းမိ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ လိမ္မော်ခြံတွင် အရပ်သား (၂) ဦး မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာရှိ လိမ္ပော်ခြံ အတွင်း အောက်တိုဘာ (၅)ရက် ည (၃)နာရီခွဲတွင် အသက် (၅၀) ကျော် အမျိုးသား (၂) ဦး မြေမြုပ်မိုင်း...





