ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအနီး စျေးသည်တစ်ဦး မိုင်းနင်းမိ

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုး ကျေးရွာအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၈)ရက် မနက် ၁၀ ခွဲဝန်းကျင်က ဆိုင်ကယ်စျေးသည် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။

ထိုစျေးသည် အမျိုးသားသည် ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာမှ ကုန်းသာရွာတို့ သွားသည့်လမ်းပေါ် နောင်ဝိုးကြိုးတံတားအနီးတွင် ဆိုင်ကယ်ဖြင့် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက နောင်ဝိုးကြိုးတံတားအနီးမှာပါ။ ဘယ်ဘက် ခြေထောက် အနောက်ပိုင်းက အကုန်ပါသွားတယ်။ အောက်ပိုင်းက တော်တော်ဆိုးတယ်။ ဖနောင့်ဆိုရင် မရှိတော့ဘူး” ဟု နမ့်လန် လူငယ် ပရဟိတအဖွဲ့ ဥက္ကဌ ကိုဇော်ဇော်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းနင်းမိသည့် စျေးသည် အမျိုးသားသည် အသက် (၄၁)နှစ် အရွယ်ရှိပြီး သီပေါမြို့ တောင်မြို့ရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ သျှမ်းတောင် – သျှမ်းမြောက် အစပ်ဒေသဖြစ်သည့် ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာ ဘက်သို့ ဆိုင်ကယ်ဖြင့် စျေးသွားရောင်းသူဖြစ်သည်။

သျှမ်းမြောက် သီပေါမြို့နှင့် သျှမ်းတောင် ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာထိ ကားဖြင့် နာရီ ၃ နာရီခန့် မောင်းနှင်ရကြောင်း သိရသည်။

ထိုစျေးသည် မိုင်းနင်းမိသည့်နေရာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားဖူးသည့် နေရာဖြစ်ပြီး၊ ကန့်သတ် နယ်မြေအဖြစ် သတ်မှတ်ထားပြီး ထိုလမ်းကို မသွားရန် တားမြစ်ထားမှုလည်း ရှိနေကြောင်း သွားရောက်ကူညီသူများက ပြောသည်။

“အဲ့လမ်းက တိုက်ပွဲတွေ ဖြစ်ထားဖူးလို့ မသွားဖို့ တားမြစ်ထားတဲ့လမ်းပါ။ သူက ဖြတ်လမ်းအနေနဲ့ သွားတာ။ အဲ့လမ်းကို မသွားဖို့ သူများတွေ ပြောသေးတယ်တဲ့။ သူက ဆိုင်ကယ် စျေးသည်ဆိုတော့ ဖြတ်သွားတာ။ ဆိုင်ကယ်နဲ့ မိုင်းနင်းမိသွားတာပဲ” ဟု နမ့်လန်ဒေသမှ လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုင်းနင်းမိသည့် အမျိုးသားကို နောင်ဝိုး ပရဟိတနှင့် နမ့်လန်ပရဟိတ အဖွဲ့တို့ က ညစ်စဉ်ရွာတွင် ကားချိန်းပြီး လားရှိုးဆေးရုံကို ပို့ထားကြောင်း၊ ခြေထောက် ဖြတ်ရမည့် အနေအထားရှိကြောင်းလည်း သိရသည်။

ပြည်သူများ မိုင်းအန္တရာယ် ကင်းဝေးနိုင်စေဖို့ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် မိမိထောင်ထားသည့်မိုင်းများကို ပြန်ဖြုတ်ပေးသင့်ကြောင်း နမ့်လန်လူငယ်တစ်ဦးက တောင်းဆိုထားသည်။

“ပြီးတော့ မိုင်းကို လူသွားလမ်းတွေမှာ မထောင်သင့်ဘူး။ ဒီလို မိုင်းတွေထောင်ထားတော့ စျေးသည်တွေ မဟုတ်လည်း ဒေသခံတွေ တစ်ယောက်မဟုတ် တစ်ယောက်က ထိမိမှာပဲ။ သက်ဆိုင်တဲ့ တပ်ဖွဲ့တွေ ပြန်ပြီးဖြုတ်ပေးစေချင်တယ်” ဟု နမ့်လန်ဒေသခံမှ အသက် ၃၅နှစ် အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ထို ရပ်စောက်မြို့နယ် ‌ကျောက်ဂူတိုက်နယ် နောင်ဝိုး ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း အမျိုးသမီး နှစ်ဦး မိုင်းနင်းမိ ဒဏ်ရာ ရရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...