Tuesday, January 27, 2026

ကျောက်မဲမြို့နယ် (၃)နှစ်ကလေးငယ် အပါအဝင် (၃)ဦး မိုင်းနင်းမိ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ကြူရှော(တောင်)ရွာအနီးတွင် ယနေ့ (နိုဝင်ဘာ ၁)ရက် မနက် ၈နာရီဝန်းကျင်က (၃)နှစ် ကလေးငယ် အပါအဝင် ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက်ပိုင်း ၈ နာရီ ဝန်းကျင်တွင် လယ်တောသို့ သွားသည့် ကြူရှော(တောင်)ရွာ ရွာသားတစ်ဦးနှင့် ကြူရှော (ကုန်းသာ)တွင် နေထိုင်သည့် သားအဖ (၂)ဦး တို့သည် မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် လားရှိုးဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

“အမျိုးသားတစ်ယောက်က စပါးရိတ်ဖို့ လယ်ကိုသွားရင်း မိုင်းနင်းမိတာ၊ ဖြစ်တာကတော့ ကြူရှော (တောင်) ရွာ ရဲ့ တောင်ဘက်မှာပါ၊ သူက ညာဘက် လက်မောင်းနဲ့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်” ဟု ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနည်းတူ ကြူရှော (ကုန်းသာ)နေ သားအဖ နှစ်ဦးမှာလည်း ထိုကျေးရွာမှ ကျောက်မဲမြို့တွင်းသို့ ဆင်းလာချိန် မိုင်းနင်းမိတာဖြစ်ကြောင်း သိရသည်။

“သားအဖက ရွာကနေ ကျောက်မဲကို ဆင်းလာမယ့်အချိန် မိုင်းနင်းမိတာလို့ ကြားတယ်၊ အဖေဖြစ်သူက ညာဘက် ခြေကျင်းဝတ်မှာ ဒဏ်ရာရတယ်၊ (၃)နှစ်သား ကလေးက တင်ပါးမှာ ထိသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ မိုင်းနင်းမိ ဒဏ်ရာရှိသူ ၃ ဦးကို ကျောက်မဲ နမ့်ခုံးရှမ်းများပရဟိတအသင်းနှင့် ပူးပေါင်းအဖွဲ့တို့က သွားရောက်သယ်ဆောင်ပေးခဲ့ပြီး ကျောက်မဲဆေးရုံမှ တစ်ဆင့် လားရှိုးဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပြင် စစ်ကောင်စီလက်အောက်ခံ တပ်များလည်းရှိပြီး ထိုနယ်မြေအတွင်း မြေမြုပ်မိုင်းအသုံးပြုမှုကြောင့် ဒေသခံ အရပ်သားများ မကြာခဏ မိုင်းနင်းမိကာ ထိခိုက်သေဆုံးခဲ့ရကြောင်း၊ ထို့အပြင် မြေမြုပ်မိုင်းကြောင့် ခြေထောက်ဖြတ်လိုက်ရသူများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...