ရပ်စောက်မြို့နယ် ပန်ခါကျေးရွာ လူငယ်တစ်ဦး မိုင်းနင်းမိ သေဆုံး

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စု ပန်ခါကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယမန်နေ့ (မတ် ၂)ရက်တွင် မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (မတ်လ ၂) ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် အသက် (၂၇)နှစ်အရွယ်ရှိ စိုင်းခမ်းသည် ငါးသွားဖမ်းရန် အတွက် သွားစဉ် တောထဲတွင် မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း သိရသည်။

“မနေ့က ဖြစ်တာပါ။ သူက ငါးသွားရှာတာတဲ့။ ငါးသွားရှာရင်း ဖြစ်သွားတာ။ မိုင်းနင်းမိပြီးတော့ အဲနေရာမှာပဲ ချက်ချင်းသေဆုံးသွားတာ။ သူနဲ့လိုက်သွားတဲ့သူတော့ရှိတယ်။ ဒါပေမဲ့ သူပဲ ထိပြီး သေဆုံးသွားတာ” ဟု စိုင်းခမ်း၏ ဆွေမျိုးတော်စပ်သူ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စိုင်းခမ်းသည် ကျေးရွာတွင် လူငယ်ခေါင်းဆောင်ဖြစ်ပြီး လူငယ်များကို ရိုးရာ အက သင်ပေးသူ တစ်ဦးလည်း ဖြစ်သည်။

ထိုသို့ မိုင်းနင်းမိပြီး သေဆုံးခြင်းသည် ပန်ခါကျေးရွာတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က မရှိဖူးကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားရာမှ မြေမြှုပ်မိုင်းများ ရှိလာကြောင်း သိရသည်။

“အရင်က မရှိဖူးဘူး။ ဒါက ပထမဆုံးပဲ။ အရင်ဆိုရင် မြေမြှုပ်မိုင်းလည်း မရှိဘူး။ ဘာမိုင်းမှမရှိဘူး။ မိုင်းနင်းမိပြီး သေဆုံးတာတော့ သူ ပထမဆုံးပဲ။ တိုက်ပွဲဖြစ်ပြီးနောက်မှ ဒီလိုတွေဖြစ်လာတာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ သျှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး သျှမ်းပြည်တောင်းပိုင်အထိ စစ်မီးကူးလာတာဖြစ်ကြောင်း၊ မြေမြှုပ်မိုင်းများကို အသုံးပြုခဲ့ကြပြီး ပြန်ထွက်ခွာချိန်တွင် မိုင်းများကို ပြန်လည်ဖြေရှင်းပေးတာ မရှိသောကြောင့် ပြည်သူများက မြေစာပင်အဖြစ် မိုင်းနင်းမိ သေဆုံးမှုများရှိနေကြသည်။

ထိုသို့‌ သေဆုံးမှုများရှိနေသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းမှ တာဝန်ယူဖြေရှင်းပေးခြင်းလည်း မရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရလ ၂၈ ရက်နေ့တွင်လည်း နောင်ဝိုးကျေးရွာအနီးတွင် ဆိုင်ကယ်ဈေးသည်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...