မိုင်းကိုင်မြို့နယ် မိုင်းနင်းမိ သေဆုံးသွားသည့် ရုပ်အလောင်း ယနေ့ထိ သွားမကောက်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်း ဒေသခံ ရွာသားတစ်ဦး မိုင်းနင်းမိပြီးသေဆုံးကာ ယနေ့ချိန်ထိ အလောင်းသွားမကောက်ရသေးကြောင်း စုံစမ်းသိရှိရသည်။

ထိုမိုင်းနင်းမိပြီး သေဆုံးသွားသည့် အလောင်းကို ဇန်နဝါရီ (၅)ရက်တွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု လွယ်ဆိုင်းကျေးရွာအနီးရှိ လယ်ဟောင်းထဲ တွေ့ရှိခဲ့ကြောင်း လွယ်ဆိုင်းကျေးရွာဒေသခံ တစ်ဦးက ပြောသည်။

“ဒီနေ့ထိ ဘယ်သူမှ သူ့အလောင်းကို မသွားယူရဲကြသေးဘူး။ မြေမြုပ်မိုင်းတွေ ထပ်နင်းမိမှာကြောက်လို့ သူ့အလောင်းတော့ အကုန်ပျက်စီးကုန်ပြီ။ ယင်ကောင်တွေလဲ အုံနေပြီ” ဟု လွယ်ဆိုင်းကျေးရွာဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားသည် အသက် (၄၅)နှစ်အရွယ် စိုင်းကျော်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ (၃)ရက်နေ့က စစ်ရှောင်စခန်းမှ နေအိမ်သို့ ပြန်ကြည့်ရာ ဇန်နဝါရီ (၅)ရက်နေ့မှာ ၎င်း၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“၃ ရက်နေ့က သူ ရာတော်ကျေးရွာ (စစ်ရှောင်စခန်း)ကနေ သူ့ရွာကို ပြန်တယ်။ ပြန်မရောက်လာလို့ (၅) ရက်နေ့မှာ သူ့အလောင်းကိုပဲ တွေ့တော့တယ်။ သူ မြေမြုပ်မိုင်း နင်းမိတာက (၃) ရက်နေ့ မဟုတ်ရင် (၄) ရက်နေ့ဖြစ်မယ်လို့ထင်တယ်” ဟု သေဆုံးသူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် ပြီးခဲ့သည့် နိုင်ဝင်ဘာ (၃) ရက်နေ့တွင်လည်း အသက် (၁၇)နှစ်အရွယ် ကျွဲကျောင်းသားတစ်ဦး မြေမြုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၄)ရက်နေ့တွင်လည်း မိုင်းကိုင်မြို့နယ်အတွင်းမှာ ဒေသခံ ရွာသား (၃)ဦး မြေမြုပ်မိုင်း နင်းမိပြီး ဒဏ်ရာရရှိခဲ့ရသဖြင့် လက်ရှိချိန်ထိ မိုင်းကိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ယနေ့ချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာသူ အများအပြားရှိကာ လက်ရှိချိန်ထိ မိုင်းကိုင်မြို့ပေါ် တွင် စစ်ဘေးရှောင် (၂၀၀၀)ကျော်ရှိပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...