Wednesday, January 28, 2026

မိုင်းကိုင်မြို့နယ် လိမ္မော်ခြံထဲ အရပ်သား(၂)ဦး မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ လိမ္မော်ခြံတွင် အရပ်သား (၂) ဦး မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။

ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာရှိ လိမ္ပော်ခြံ အတွင်း အောက်တိုဘာ (၅)ရက် ည (၃)နာရီခွဲတွင် အသက် (၅၀) ကျော် အမျိုးသား (၂) ဦး မြေမြုပ်မိုင်း နင်းမိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိကာ ယနေ့ ( အောက်တိုဘာ ၆)ရက် မနက်ပိုင်း (၉ )နာရီခန့် တွင် မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဟမ်းငိုင်းကျေးရွာ အသက် (၄၀)ဝန်းကျင်ရှိ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ မနေ့က မိုင်းထိတာ။ ဒီနေ့မနက်မှ ဆေးရုံပို့နိုင်ခဲ့တယ်။ အဲ့ ၂ ယောက် ထဲက တစ်ယောက်တော့ ဒဏ်ရာ ပြင်းထန်တယ် ” ဟု အသက် (၄၀)ကျော် အမျိုးသား တစ်ဦး က ဆိုသည်။

မိုင်းနင်းမိသူ အသက် (၅၀) အရွယ် လုံးဆန်ဉာဏ် သည် ခြေထောက် တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ အသက် (၅၂) နှစ်အရွယ် ရှိ လုံးအောင်သည် ခြေထောက် နှင့် ကျောကုန်းမှာ မိုင်းစ ထိမှန်ခဲ့ကြောင်း သိရသည်။

“သူတို့ မိုင်းနင်းမိတဲ့ နေရာက တိုက်ပွဲဖြစ်တဲ့ နေရာ မဟုတ်ဘူး။ နော်ဆိုင်ကျေးရွာမှာရှိတဲ့ လိမ္မော်ခြံထဲက တဲအနီးနားမှာ ဖြစ်တာ။ မိုင်းကိုင်မြို့နယ်မှာ ဒီလို မိုင်းနင်းမိတာ တခါမှ မကြားဖူးဘူး” ဟု ဟမ်းငိုင်းဒေသခံ စစ်ဘေးရှောင် ကူညီပေးသည့် အမျိုးသား တစ်ဦးကပြောသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း ဟိုင်းငိုင်းကျေးရွာအုပ်စု နှင့် ပန်ကေတုကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

“မနေ့လည်း တစ်နေ့လုံးကြားနေရတယ်။ ပန်ကေတုကနေပြီး အသံတွေ ကြားနေရတယ်။ မနေ့ကလည်း (၃၀၀)ကျော် စစ်ရှောင်လာတယ် ” ဟု ဟမ်းငိုင်းကျေးရွာရှိ ရှိသည့်စစ်ရှောင် တစ်ဦး ကပြောသည်။

တိုက်ပွဲကြောင့် စက်တင်ဘာ (၁၄) ရက်နေ့ကစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံ မိသားစု (၄)ဦး လက်နက်ကြီးထိမှန်ကာ တစ်ဦး လက်နက်ကြီး သေဆုံးပြီး ၊ (၃)ဦး ဒဏ်ရာရရှိခဲ့ကာ ဒေသခံ ပြည်သူများ (၃၀၀၀) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။