မိုင်းကိုင်မြို့နယ် လိမ္မော်ခြံထဲ အရပ်သား(၂)ဦး မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ လိမ္မော်ခြံတွင် အရပ်သား (၂) ဦး မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။

ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာရှိ လိမ္ပော်ခြံ အတွင်း အောက်တိုဘာ (၅)ရက် ည (၃)နာရီခွဲတွင် အသက် (၅၀) ကျော် အမျိုးသား (၂) ဦး မြေမြုပ်မိုင်း နင်းမိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိကာ ယနေ့ ( အောက်တိုဘာ ၆)ရက် မနက်ပိုင်း (၉ )နာရီခန့် တွင် မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဟမ်းငိုင်းကျေးရွာ အသက် (၄၀)ဝန်းကျင်ရှိ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ မနေ့က မိုင်းထိတာ။ ဒီနေ့မနက်မှ ဆေးရုံပို့နိုင်ခဲ့တယ်။ အဲ့ ၂ ယောက် ထဲက တစ်ယောက်တော့ ဒဏ်ရာ ပြင်းထန်တယ် ” ဟု အသက် (၄၀)ကျော် အမျိုးသား တစ်ဦး က ဆိုသည်။

မိုင်းနင်းမိသူ အသက် (၅၀) အရွယ် လုံးဆန်ဉာဏ် သည် ခြေထောက် တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ အသက် (၅၂) နှစ်အရွယ် ရှိ လုံးအောင်သည် ခြေထောက် နှင့် ကျောကုန်းမှာ မိုင်းစ ထိမှန်ခဲ့ကြောင်း သိရသည်။

“သူတို့ မိုင်းနင်းမိတဲ့ နေရာက တိုက်ပွဲဖြစ်တဲ့ နေရာ မဟုတ်ဘူး။ နော်ဆိုင်ကျေးရွာမှာရှိတဲ့ လိမ္မော်ခြံထဲက တဲအနီးနားမှာ ဖြစ်တာ။ မိုင်းကိုင်မြို့နယ်မှာ ဒီလို မိုင်းနင်းမိတာ တခါမှ မကြားဖူးဘူး” ဟု ဟမ်းငိုင်းဒေသခံ စစ်ဘေးရှောင် ကူညီပေးသည့် အမျိုးသား တစ်ဦးကပြောသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း ဟိုင်းငိုင်းကျေးရွာအုပ်စု နှင့် ပန်ကေတုကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

“မနေ့လည်း တစ်နေ့လုံးကြားနေရတယ်။ ပန်ကေတုကနေပြီး အသံတွေ ကြားနေရတယ်။ မနေ့ကလည်း (၃၀၀)ကျော် စစ်ရှောင်လာတယ် ” ဟု ဟမ်းငိုင်းကျေးရွာရှိ ရှိသည့်စစ်ရှောင် တစ်ဦး ကပြောသည်။

တိုက်ပွဲကြောင့် စက်တင်ဘာ (၁၄) ရက်နေ့ကစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံ မိသားစု (၄)ဦး လက်နက်ကြီးထိမှန်ကာ တစ်ဦး လက်နက်ကြီး သေဆုံးပြီး ၊ (၃)ဦး ဒဏ်ရာရရှိခဲ့ကာ ဒေသခံ ပြည်သူများ (၃၀၀၀) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...