Tuesday, January 27, 2026

ကျေးသီးမြို့နယ် ကုန်းကော်ကျေးရွာ ဒေသခံ တစ်ဦး မိုင်းနင်းမိသေဆုံး

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာအုပ်စု ကုန်းကော်ကျေးရွာ ဒေသခံတစ်ဦးသည် ခြံသွားစဥ် မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၄)ရက် နံနက် (၉)နာရီဝန်းကျင်က လုင်းဆမ် (၅၀)နှစ်သည် ခြံသွားစဥ် မြေမြှုပ်မိုင်း နင်းမိကာ ခြေတချောင်းပြတ်ဒဏ်ရာရရှိပြီး ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံးသို့ ရောက်ပြီးနောက် သေဆုံးသွားကြောင်း သိရသည်။

“သူတို့ (၃)ယောက် ခြံသွားတာတဲ့။ လုင်းဆမ်ဆိုတဲ့တယောက်က နောက်ဆုံးကနေ လိုက်သွားပြီး နင်းမိတာ။ ခြေတဖက် ပြတ်ကျသွားတယ်လို့ပြောတယ်။ ‌ဆေးရုံရောက်သွားသေးတယ်။ ဆေးရုံရောက်ပြီးမှ ဆုံးသွားတာ။ ဒဏ်ရာက ပြင်းထန်တယ်” ဟု မိုင်းနင်းမိသူ၏ ဆွေမျိုးဖြစ်သူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ဒေသခံများ မိုင်းနင်းမိမှုများရှိလာသောကြောင့် ကျွဲ၊ နွားများ ကျက်စားလွှတ်ရန်နှင့် ခြံသွားရာတွင်လည်း စိုးရိမ်မှုများစွာရှိလာကြောင်း ဒေသခံများက ပြောသည်။

“သူတို့တိုက်ပွဲက ဘယ်ချိန်တွေ ဖြစ်လာမလဲ မသိဘူးလေ။ မိုင်းကလည်း ရှိနေတော့ ခြံသွားဖို့ကလည်း စိုးရိမ်ရတယ်။ ကျွဲ၊ နွားတွေ ကျက်စားဖို့လည်း ကြောက်ရတယ်။ သူတို့မြေမြှုပ်မိုင်းသုံးတာကတော့ ကျနော်တို့ စားဝတ်နေရေး အတွက်ကော၊ ခြံသွားပြီး လုပ်စားဖို့အတွက်ကော အခက်ခဲများစွာရှိတယ်” ဟု ကျေးသီမြို့ ဒေသခံတဦးက ပြောသည်။

အလားတူ အောက်တိုဘာ (၂၀)ရက်နေ့ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာဘက်တွင် ဒေသခံတို့၏ ကျွဲ၊ နွားများ ကျက်စားလွှတ်စဥ် မိုင်းနင်းမိသောကြောင့် (၄)ကောင်သေဆုံးသွားကြောင်း၊ အောက်တိုဘာ (၅)ရက်နေ့တွင်လည်း ဟမ်းငိုင်းကျေးရွာအုပ်စုတွင် ဒေသခံ (၂)ဦး လိမ္မော်ခြံသွားစဥ် မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် သျှမ်းတပ် (၂)တပ် တို့သည် ဇွန်လက စတင်ပြီး တိုက်ပွဲပြင်းထန်မှုကြောင့် ‌ဒေသခံထောင်ချီ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကျောက်မဲ တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်မှန်သေဆုံး၊ နေရပ်ပြန်စစ်ရှောင်တစ်ဦး မိုင်းနင်းမိသေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး နေရပ်ပြန်စစ်ရှောင်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့်...

လဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

0
သျှမ်းပြည် လဲချားနှင့် မိုင်းကိုင်မြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် လက်နက်ကိုင်အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက် တောထဲတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများ တိုးပွားလာပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့်...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...