Wednesday, January 28, 2026

ဖယ်ခုံမြို့နယ်

ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး ၇ နှစ်နှင့် အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ၇ နှစ် ကလေး တစ်ဦး နှင့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၄)ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ဖယ်ခုံမြို့နယ် ဖလိုင်တောင်ခြေ...

ဖယ်ခုံမြို့နယ် ကယန်းပြည်သစ်ပါတီ နှင့် စစ်ကောင်စီတို့ ညှိနှိုင်းပြီး စစ်ဆေးရေးဂိတ် ပြန်ဖွင့်ရန် ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့က ကယန်းပြည်သစ်ပါတီ နှင့် ညှိနှိုင်းကာ စစ်ဆေးရေးဂိတ် ပြန်ဖွင့် ရန်အတွက် ကြိုးစားနေကြောင်း သတင်းသိရသည်။ ယခု နိုဝင်ဘာလအတွင်းတွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စု ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကန်ပတ်လမ်း တွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ကယန်းပြည်သစ်ပါတီတို့နှင့် ညှိနှိုင်းပြီး...

ဖယ်ခုံတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ဒဏ်ရာရ ၁ ဦး စိုးရိမ်ရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်ကန်းကျေးရွာအတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီး PDF တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက် ဒဏ်ရာရရှိကာ (၁) ဦး စိုးရိမ်ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၂၆) ရက် မနက်...

ဖယ်ခုံမြို့နယ် အင်းလှေဆိပ်ထဲ သွားလာသူများကို စစ်ကောင်စီ ပစ်ခတ်မှုရှိနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ အင်းလှေဆိပ်ကို စစ်ကောင်စီမှ ပိတ်ထားပြီး သွားလာမှု ပြုလုပ်သူများကို ပစ်ခတ်မှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း အောက်တိုဘာ တတိယပတ်အတွင်း အင်းထဲသွားလာသူများကို စစ်ကောင်စီက ပစ်ခတ်မှု ရှိနေကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) တာဝန်ရှိသူ တစ်ဦး ကပြောသည်။ အဆိုပါ အင်းလှေကြောင်းလမ်းကို...

ဖယ်ခုံမြို့နယ် ပြည်သူ့နေအိမ်ထဲ PNO စစ်သားဝင်ရောက်နေရာယူထား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO/PNA စစ်သားတို့မှ ပြည်သူ့နေအိမ်ထဲ နေရာယူထားကြောင်း သတင်းသိရသည်။ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်ကြားရှိ ဗန်းမောက်ရွာအတွင်းတွင် PNO တပ်သားများက ပြည်သူ့နေအိမ်ဝန်းထဲ ဝင်ရောက်နေရာယူထားပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီးလည်း ဖြတ်တောက်ထားကြောင်း ဖယ်ခုံမြို့နယ်မှ အမည်မဖော်လိုသူ...

ဖယ်ခုံမြို့ ရပ်ကွက်တစ်ချို့ထဲ စစ်ကောင်စီ မြေမြှုပ်မိုင်းထောင်ထား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ရှိ ရပ်ကွက်တစ်ချို့တွင် စစ်ကောင်စီ က မြေမြှုပ်မိုင်းထောင်ထားကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ ဖယ်ခုံမြို့ မြန်မာ့စီးပွားရေးဘဏ်‌ရှေ့ လမ်းသွယ်တွင် စစ်ကောင်စီက ထောင်ထားသည့် မြေမြှုပ်မိုင်း တစ်လုံးကို စက်တင်ဘာ နောက်ဆုံးပတ်တွင် တွေ့ရှိခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံ တစ်ဦးက ပြောသည်။ “ဘယ်တုန်းကတည်းက ထောင်ထားတာလဲတော့မသိဘူး။...

ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်ကန်းကျေးရွာထဲတွင် စစ်ကောင်စီက လွိုင်ကော်မြို့နယ်မှ တစ်ဖက်သတ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာ ၂၁) ရက် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ဆောင်ကန်း ကျေးရွာထဲတွင် တိုက်ပွဲဖြစ်ပွားမှု မရှိပေမယ့် စစ်ကောင်စီက လက်နက်ကြီးကို...

မိုးဗြဲတိုက်ပွဲပြင်းထန် ဖယ်ခုံ-မိုးဗြဲလမ်း အသုံးမပြုရန် PDF တောင်းဆို

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲလမ်းပိုင်းတစ်လျှောက်တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဖယ်ခုံ-မိုးဗြဲလမ်းအသုံးမပြုရန် ဖယ်ခုံ PDF မှ တောင်းဆိုထားကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် သျှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ဖယ်ခုံ-မိုးဗြဲလမ်းကို အသုံးမပြုရန် Pekhon PDF တပ်ရင်း -...

ဖယ်ခုံမြို့နယ် လွယ်ပေါရွာသားတစ်ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း လွယ်ပေါကျေးရွာမှာ စစ်ကောင်စီက ယနေ့ (သြဂုတ် ၂၅) ရက် မနက် ၉ နာရီ ဝန်းကျင်တွင် တဖတ်သတ် လက်နက်ပစ်ခတ်သဖြင့် အရပ်သား တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ သေနတ်ထိမှန်သည့် အမျိုးသားသည် အသက် (၄၀)...

မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တိုက်ပွဲ စစ်ကောင်စီဘက်က သေဆုံးမှုများပြားရှိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး အထက် သေဆုံးမှုရှိကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက်တွင် မိုးဗြဲမြို့ထဲ စစ်ကောင်စီက စစ်ကြောင်း ထိုးဝင်လာကြောင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ တပ်ဆွဲထားသည့် ဆောင်နန်းခဲကျေးရွာထဲတွင် PDF...

Latest news