ဖယ်ခုံမြို့နယ် အင်းလှေဆိပ်ထဲ သွားလာသူများကို စစ်ကောင်စီ ပစ်ခတ်မှုရှိနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ အင်းလှေဆိပ်ကို စစ်ကောင်စီမှ ပိတ်ထားပြီး သွားလာမှု ပြုလုပ်သူများကို ပစ်ခတ်မှုရှိနေကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း အောက်တိုဘာ တတိယပတ်အတွင်း အင်းထဲသွားလာသူများကို စစ်ကောင်စီက ပစ်ခတ်မှု ရှိနေကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) တာဝန်ရှိသူ တစ်ဦး ကပြောသည်။

အဆိုပါ အင်းလှေကြောင်းလမ်းကို PDF မှ အသုံးပြုပြီး စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် လမ်းကြောင်း ဖြစ်ခဲ့ဖူးကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။

ဖယ်ခုံမြို့

“ပစ်ခတ်တာတော့ ဟုတ်တယ်။ ကျနော်တို့လည်း အဲ့လိုကြားမိတယ်။ ဘယ်သူ့ လှေဆိပ်ကို ပစ်တာလဲတော့ မသိရဘူး။ သူတို့ လှေဆိပ်ကို ပိတ်လိုက်ကတည်းက သွားလာတာတွေရှိရင် ပစ်တယ်တဲ့။ ထိခိုက်ဒဏ်ရာ ရတဲ့ သူတွေ ရှိတာတော့ မကြားသေးဘူး။ သူတို့ပစ်တာ အခု ရက်ပိုင်းပဲ ရှိသေးတယ်။ အဲ့လမ်းကြောင်းနဲ့လည်း ကျနော်တို့ သူတို့ ထွေအုပ်ရုံးကို ပစ်ခတ်ခဲ့ဖူးတယ်” ဟု ၎င်း ကပြောသည်။

အဆိုပါ စစ်ကောင်စီသည် အင်းအရှေ့ဘက်ကမ်းရှိ လှေဆိပ်ကို ပိတ်ထားလိုက်ပြီး အနောက်ဘက်ကမ်းမှ အရှေ့ဘက်သို့ လာသည့်သူများကိုလည်း ပစ်ခတ်မှုရှိကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီများက အင်းဖက်တွင် နေ့စဉ် အမြဲစောင့်ကြည့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

“မြို့ထဲကော၊ အင်းဖက်တွေကော သူတို့ အတွက် အမြဲစစ်ဆေး သွားလာနေတာတော့ ရှိတယ်။ သူတို့ပိတ်ထားတာက အရှေ့ဘက်ကမ်းကို ပိတ်ထားတာ။ အနောက်ဘက်ကမ်းကိုတော့ မပိတ်ဘူးတဲ့။ ဒါမယ့်လည်း ဘယ်သူမှ သိပ်မသွားလာရဲဘူး။ အနောက်ဘက်ကမ်းကနေ အရှေ့ဘက်ကမ်းရောက်ရင် သူတို့တွေ့ရင်တော့ ပစ်ရင်ပစ်မှာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

ထိုလှေဆိပ်လမ်းကြောင်းသည် ဖယ်ခုံ အင်းအရှေ့ဘက်ကမ်း နှင့် ညောင်ရွှေ အင်းလေး အထိ ခရီးလမ်းကြောင်း ပေါက်သည်ဟု သိရသည်။

ဖယ်ခုံမြို့ အင်းလှေဆိပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် စစ်ကောင်စီက အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်ပြီး အင်းလှေဆိပ်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...