Wednesday, January 28, 2026

ဖယ်ခုံမြို့နယ် အင်းလှေဆိပ်ထဲ သွားလာသူများကို စစ်ကောင်စီ ပစ်ခတ်မှုရှိနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ အင်းလှေဆိပ်ကို စစ်ကောင်စီမှ ပိတ်ထားပြီး သွားလာမှု ပြုလုပ်သူများကို ပစ်ခတ်မှုရှိနေကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း အောက်တိုဘာ တတိယပတ်အတွင်း အင်းထဲသွားလာသူများကို စစ်ကောင်စီက ပစ်ခတ်မှု ရှိနေကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) တာဝန်ရှိသူ တစ်ဦး ကပြောသည်။

အဆိုပါ အင်းလှေကြောင်းလမ်းကို PDF မှ အသုံးပြုပြီး စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် လမ်းကြောင်း ဖြစ်ခဲ့ဖူးကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။

ဖယ်ခုံမြို့

“ပစ်ခတ်တာတော့ ဟုတ်တယ်။ ကျနော်တို့လည်း အဲ့လိုကြားမိတယ်။ ဘယ်သူ့ လှေဆိပ်ကို ပစ်တာလဲတော့ မသိရဘူး။ သူတို့ လှေဆိပ်ကို ပိတ်လိုက်ကတည်းက သွားလာတာတွေရှိရင် ပစ်တယ်တဲ့။ ထိခိုက်ဒဏ်ရာ ရတဲ့ သူတွေ ရှိတာတော့ မကြားသေးဘူး။ သူတို့ပစ်တာ အခု ရက်ပိုင်းပဲ ရှိသေးတယ်။ အဲ့လမ်းကြောင်းနဲ့လည်း ကျနော်တို့ သူတို့ ထွေအုပ်ရုံးကို ပစ်ခတ်ခဲ့ဖူးတယ်” ဟု ၎င်း ကပြောသည်။

အဆိုပါ စစ်ကောင်စီသည် အင်းအရှေ့ဘက်ကမ်းရှိ လှေဆိပ်ကို ပိတ်ထားလိုက်ပြီး အနောက်ဘက်ကမ်းမှ အရှေ့ဘက်သို့ လာသည့်သူများကိုလည်း ပစ်ခတ်မှုရှိကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီများက အင်းဖက်တွင် နေ့စဉ် အမြဲစောင့်ကြည့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

“မြို့ထဲကော၊ အင်းဖက်တွေကော သူတို့ အတွက် အမြဲစစ်ဆေး သွားလာနေတာတော့ ရှိတယ်။ သူတို့ပိတ်ထားတာက အရှေ့ဘက်ကမ်းကို ပိတ်ထားတာ။ အနောက်ဘက်ကမ်းကိုတော့ မပိတ်ဘူးတဲ့။ ဒါမယ့်လည်း ဘယ်သူမှ သိပ်မသွားလာရဲဘူး။ အနောက်ဘက်ကမ်းကနေ အရှေ့ဘက်ကမ်းရောက်ရင် သူတို့တွေ့ရင်တော့ ပစ်ရင်ပစ်မှာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

ထိုလှေဆိပ်လမ်းကြောင်းသည် ဖယ်ခုံ အင်းအရှေ့ဘက်ကမ်း နှင့် ညောင်ရွှေ အင်းလေး အထိ ခရီးလမ်းကြောင်း ပေါက်သည်ဟု သိရသည်။

ဖယ်ခုံမြို့ အင်းလှေဆိပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် စစ်ကောင်စီက အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်ပြီး အင်းလှေဆိပ်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...