ဖယ်ခုံမြို့နယ် ကယန်းပြည်သစ်ပါတီ နှင့် စစ်ကောင်စီတို့ ညှိနှိုင်းပြီး စစ်ဆေးရေးဂိတ် ပြန်ဖွင့်ရန် ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့က ကယန်းပြည်သစ်ပါတီ နှင့် ညှိနှိုင်းကာ စစ်ဆေးရေးဂိတ် ပြန်ဖွင့် ရန်အတွက် ကြိုးစားနေကြောင်း သတင်းသိရသည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်

ယခု နိုဝင်ဘာလအတွင်းတွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စု ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကန်ပတ်လမ်း တွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ကယန်းပြည်သစ်ပါတီတို့နှင့် ညှိနှိုင်းပြီး စစ်ဆေးရေးဂိတ် ဖွင့်လှစ်ရန် ကြိုးစားနေကြောင်း ဒေသခံများက ပြောသည်။

“ဒီ ကန်ပတ်လမ်းမှာ ထီရီတိုက်ပွဲမဖြစ်ခင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ရှိခဲ့ဖူးတယ်၊ အခု ကျတော့ ညောင်ရွှေမြို့ နယ်ထဲက ဒေသခံတွေကို ခြုံ /မြက်တွေ ရှင်းခိုင်းပြီး ပြန်ဖွင့်မယ်လို့ သိရတယ်၊ ပြီးတော့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကိုလည်း နေရပ်ပြန်လာဖို့ အတင်း ခေါ်နေတယ်” ဟု လွယ်ပေါကျေးရွာအုပ်စု မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် လွယ်ပေါကျေးရွာ၊ ဆောင်နန်းခဲကျေးရွာ၊ နန်းပေါ်လုံရွာ၊ နန်းဆွတ်ရွာ၊ ပိန္နဲကုန်းရွာ၊ လွယ်ဟယ်ရွာ၊ မခေခမ်းရွာတို့မှ စစ်ရှောင်ပြည်သူများကို နေရပ်သို့ အတင်းပြန်ခိုင်းပြီး ကယန်းပြည်သစ်ပါတီဘက်မှ စစ်ရှောင်များ နေရပ်ပြန်ပါက လုံခြုံရေးတာဝန်မယူပေးနိုင်ဟု ပြန်ပြောခဲ့ကြောင်း သတင်းသိရသည်။

ထို့အပြင် ညောင်ရွှေမြို့နယ်မှ တောင်ပို့ကွဲ ၊ဟိုပန်းရွာနှင့် ပင်လောင်းမြို့နယ် နန်းတုတ်၊ ကုန်သာ၊ အိမ်မူရွာရှိ ဒေသခံများခေါ်ပြီး စစ်ဆေးရေးဂိတ်ပြန်ဖွင့်ရန်အတွက် ခြုံပင် မြက်ပင်များရှင်းရန် အတင်းအဓမ္မလုပ်အားပေး ခိုင်းစေနေကြောင်း ဒေသခံ ပြောပြချက်အရ သိရသည်။

“ဒီလမ်းပိုင်းက တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်၊ ဒါကြောင့်မို့ ဒေသခံတွေက မသွားရဲဘူး၊ စကစတွေက ရွာလူကြီးကနေ တစ်အိမ်တစ်ယောက် လုပ်အားပေးဖို့ ခိုင်းလာတာ၊ တချို့က တိုက်ပွဲကို ကြောက်လို့ ရေတွေ ထမင်းတွေ ပိုက်ဆံတွေ ပေးမယ်၊ မသွားနိုင်ဘူးဆိုပြီး ငြင်းကြတာရှိတယ်” ဟု နန်းတုတ်ရွာမှ အသက် ၄၀ကျော်ရှိ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မေလတွင်းက ထီရီတိုက်ပွဲဖြစ်ပွားပြီးနောက် ဆောင်နန်းခဲတစ်ရွာလုံးနီးပါး ဒေသခံအိမ်များ မီးရှို့ ခံရပြီး အဆိုပါ လမ်းကြောင်းလည်း ပိတ်ထားကာ ဒေသခံများလည်း ယခုအချိန်ထိ စစ်ဘေးရှောင်နေရသော် လည်း စစ်ကောင်စီဘက်မှ စစ်ဆေးရေးဂိတ်ပြန်ဖွင့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်အာဏာရှင် တော်လှန်ရေးသည် မပြီးဆုံးသေးသည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့်နေရာတွင်သာ ဆက်နေသင့်ကြောင်း ဖယ်ခုံ PDF မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စစ်ကောင်စီတွေရှိနေတဲ့ ရွာထဲကို ဒေသခံတွေသွားနေ ရင်လည်း အန္တရာယ်အရမ်းများတယ်။ အရင်တုန်းက မြင်ဖူးကြားဖူးသလို လူသားဒိုင်းကာတွေ၊ ဖမ်းဆီးရိုက်နှက် တာတွေက ဆက်ရှိလာနိုင်တယ်။ ဒါကြောင့်မို့ ဖြစ်နိုင်ရင်တော့ ပြည်သူတွေကို မပြန်စေချင်သေးဘူး။ ဘေးကင်း တဲ့ အရပ်မှာပဲ နေစေချင်သေးတယ်” ဟု ဖယ်ခုံ PDF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်ပြီး ကရင်နီပြည် (ကယားပြည်) မှ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ ၊ ပင်လောင်းမြို့ မှ ဖယ်ခုံ၊ မိုးဗြဲဘက်သို့ ဆက်သွယ်ရန် အရေးပါသည့် ဆောင်ကန်း လမ်းကြောင်းကို စစ်ကောင်စီဘက်မှ ထိန်းချုပ်ရန် ကြိုးစားနေသည့် တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...