နမ့်ခမ်းမြို့
နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထား
SHAN -
သျှမ်းပြည် နမ့်ခမ်းမြို့နယ် စစ်ကောင်စီလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၅ ရက်) နံနက် ၆ နာရီခန့်မှပြီး နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားပြီး...
နမ့်ခမ်းမြို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၃ ရက်) နံနက်အစောပိုင်းမှစပြီး နမ့်ခမ်းမြို့ အောင်မြတ်သာ ရပ်ကွက်အတွင်း...
နမ့်ခမ်းမြို့နယ် TNLA မှ စစ်ကောင်စီ တပ်စခန်း (၃) ခု သိမ်းပိုက်နိုင်ခဲ့
SHAN -
သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်း ဒီနေ့ အောက်တိုဘာ (၂၇) ရက် မနက်ပိုင်းက PSLF/TNLA မှ စစ်ကောင်စီ တပ်စခန်း (၃) ခုကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လားရှိုးမြို့နယ်ရှိ တပ်မဟာ (၆) စစ်ဒေသ က မိုင်းကျက်တပ်စခန်း နဲ့ တိန်တန်တပ်စခန်းတွေကိုလည်း တအာင်း...
နမ့်ခမ်းမြို့ တိုက်ပွဲကြား မိသားစုဝင် မောင်နှစ်မ ၂ ဦး သေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ
မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် တိုက်ပွဲကြားထဲ မိသားစုဝင် မောင်နှစ်မ ၂ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်အစောပိုင်း အချိန်တွင် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ စစ်ကောင်စီ စခန်း (၁)...
နမ့်ခမ်းမြို့နယ် အလုပ်သမားက အလုပ်ရှင်ကို သတ်ပြီး ရွှေ၊ငွေများ လုယူသွား
သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် အလုပ်သမားတစ်ဦးသည် အလုပ်ရှင် ဖြစ်သူကို သတ်ဖြတ်ပြီး ရွှေ၊ ငွေ ပစ္စည်းများစွာကို လုယက်ယူသွားသည့် ဖြစ်စဥ်ဖြစ်ပွားသွားကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာ ၂ ) ရက်တွင် နမ့်ခမ်းမြို့နယ်၊ အောင်မေတ္တာရပ်ကွက်တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် ဦးအောင်သိန်း ဆိုသူကို အလုပ်သမားဖြစ်သူ က...
နမ့်ခမ်းမြို့နယ် မီးလောင်မှု အိမ်ရှင်အမျိုးသား တစ်ဦး မီးထဲပါသွား
သျှမ်းပြည် နမ့်ခမ်းမြို့နယ် ကောင်းနောင်မိုရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ရှင် အမျိုးသား တစ်ဦးက မီးထဲပါသွားကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ သြဂုတ်လ ၂၂ ရက် ည ၁၁ နာရီခွဲ ဝန်းကျင်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်းနောင်မိုရပ်ကွက်ရှိ ပရိဘောဂ လုပ်ရောင်းသည့် နှစ်ထပ်ပျဥ်ထောင်အိမ် တစ်လုံး၌ မီးလောင်မှု...
နမ့်ခမ်းမြို့နယ် မြေပြို ကလေး ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ
သျှမ်းပြည် နမ့်ခမ်းမြို့နယ် ဖာဒန်ကျေးရွာအုပ်စု မန်ကန် ကျေးရွာတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁ ဦးသေဆုံးရပြီး ၊၂ ဦး ထိခိုက်ဒဏ်ရာများ ရသွားကြောင်း သိရသည်။ . ယမန်နေ့ (သြဂုတ် ၉) ရက် တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ စီးကြောင်းများ နှင့်...
နမ့်ခမ်းမြို့ နေအိမ် (၃) လုံး သော့ဖျက်ခံရပြီး ဆိုင်ကယ် ၃ စီးခိုးခံရ
သျှမ်းပြည် နမ့်ခမ်းမြို့တွင် ယခု သီတင်းတပတ်အတွင်း ပြည်သူနေအိမ်၏ အိမ်ခြံဝန်းတံခါးများသော့ ဖျက်ဆီးခံရပြီး ဆိုင်ကယ် ၃ စီး ခိုးခံနေရကြောင်း စုံစမ်းသိရသည်။ ယခု သီတင်းပတ်အတွင်း မိုခါမုန်တိုင်းဝင်ရောက်နေစဉ် ကာလ၌ ညသန်းခေါင်အချိန်တွင် ပေါက်နေရပ်ကွက်မှ နေအိမ်တစ်လုံး၊ ပေါက်လုံရပ်ကွက်မှ နေအိမ်တစ်လုံး နှင့် ဟိုနောင်ရပ်ကွက်မှ နေအိမ်တစ်လုံး စုစုပေါင်း...
နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး စစ်ရှောင်စခန်းအတွင်း TNLA စစ်သား ဝင်ရောက်နေထိုင်
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသမှ စစ်ဘေးရှောင်စခန်းအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သားများက ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များ ထံမှ ဆန် တောင်းယူနေကြောင်း သိရသည်။ ယခု ရက်သတ္တပတ် အတွင်းတွင် မိုင်းဝီးဒေသရှိ စစ်ရှောင်စခန်းအတွင်းသို့ TNLA စစ်သားများ...
တရုတ်ပြည်မှလာသည့် ကုန်တင်ကား ၃ စီး နမ့်ခမ်းတွင် မီးလောင်မှုဖြစ်ပွား
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်တွင် တရုတ်ပြည်မှ လာသည့် ၁၂ ဘီး ကုန်တင်ယာဥ် ၃ စီး ယနေ့ (ဧပြီ ၂၈) ရက် နံနက် အစောပိုင်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယနေ့ (ဧပြီလ ၂၈ ရက်)...





