နမ့်ခမ်းမြို့နယ် မြေပြို ကလေး ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ

သျှမ်းပြည် နမ့်ခမ်းမြို့နယ် ဖာဒန်ကျေးရွာအုပ်စု မန်ကန် ကျေးရွာတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁ ဦးသေဆုံးရပြီး ၊၂ ဦး ထိခိုက်ဒဏ်ရာများ ရသွားကြောင်း သိရသည်။

.

ယမန်နေ့ (သြဂုတ် ၉) ရက် တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ စီးကြောင်းများ နှင့် မြေပြိုကျမှုလည်း ဖြစ်ပေါ်လာပြီး နမ့်ခမ်းမြို့နယ် ဖာဒန်အုပ်စု မန်ကန်ရွာမှ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးရပြီး ၂ ဦး ဒဏ်ရာရကြောင်းလည်း ဒေသအတွင်း လူမှုကူညီရေးအသင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပျက်စီးမှုကတော့ တော်တော်များများ ဖြစ်ပါတယ်။ အခုလမ်းတွေမှာ ရေကြီးနေတုန်းမို့ အခင်းဖြစ်တဲ့ နေရာကို ကျနော်တို့ မသွားနိုင်သေးဘူး၊ သတင်းအချက်အလက် သိရသလောက်တော့ ကလေးငယ် ၁ ဦး မြေပိပြီး သေသွားရတယ်၊ နောက်ထပ် နှစ်ဦးက ဒဏ်ရာ ရသွားတယ်တဲ့၊ အိမ်တွေလည်း ပျက်စီးတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ ဒေသအတွင်း လူမှုကူညီရေးအသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo Credit to PSLF/TNLA

ယမန်နေ့ (သြဂုတ်လ ၉) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်မှ ကျေးရွာ (၁၄) ရွာတို့တွင် မြေပြိုမှု ရေကြီး ရေလျှံမှု ကြုံတွေ့နေရပြီး လူသေဆုံးမှု ရှိသည့်အပြင် နေအိမ် အဆောက်အအုံများ ပျက်စီးမှု ရှိနေကြောင်းလည်း သိရသည်။

မြေပြိုမှု နှင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် နမ့်ခမ်းမြို့နယ်မှ ကျေးရွာများသည် မန်ကန်ရွာ၊ မန်လုံရွာ၊ နမ့်ဟွမ်ရွာ၊ ကောင်းခေရွာ၊ ပန်လောရွာ၊ ပန်ခါးရွာ၊ လွယ်မွန်းရွာ၊ ဆိုင်တောင်ရွာ၊ ဆာလူရွာ၊ မန်အောင်ရွာ၊ ဖာလင်ရွာ၊ ကြူဆိုင်းရွာ၊ ပန်ဟန်ကြီးရွာ နှင့် မန်စပ်ရွာ စသည့်ဖြင့် ကျေးရွာ (၁၄) ရွာ ရှိနေကြောင်းလည်း PSLF/TNLA ၏ သတင်း နှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

မြေပြိုမှုကြောင့် နေအိမ် (၂၆) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ သီလရှင်ကျောင်း (၁) ကျောင်း ပျက်စီးသွားခဲ့ရပြီး ကျေးရွာ (၆) ရွာအတွင်းရှိ လမ်းများ ပြိုကျပျက်စီးသွားခဲ့ကာ ပန်ခါးရွာ နှင့် ပန်လော့ရွာသို့ ဆက်သွယ်ထားသည့် တံတား (၂) စင်းလည်း ကျိုးကျပျက်စီးသွားသဖြင့် လမ်းပိတ်နေသည်ဟု PSLF/TNLA သတင်း နှင့် ပြန်ကြားရေးဌာနက ယနေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရေများအနည်းငယ် ပြန်ကျသွားသော်လည်း လမ်းဘေးရှိ လယ်ကွက်များတွင် ရေပြည့်နေလျက်ရှိပြီး ရွှံ့နွှံများက လမ်းပေါ်ကျန်ရှိနေသေးသည့်အတွက် ကားလမ်းလည်း ကျပ်တည်းနေဆဲဖြစ်ကြောင်း ဒေသအတွင်း ကားမောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကထက် စာရင်တော့ ရေတွေ ပြန်ကျသွားပါပြီ၊ ဒါပေမဲ့ ကားကတော့ ကျပ်နေတုန်းပေါ့ ၊လမ်းဘေး ကလယ်ကွက်ထဲမှာတော့ ရေတွေ ပြည့်နေတုန်းပဲ၊ စိုက်ထားတဲ့ စပါးပင်တွေတော့ ရှုံးပြီ။ ရေတက်နေတဲ့ဘက်မှာ လမ်းဘေးနှစ်ဖက် နှစ်ချက်ကို သက်ဆိုင်ရာက အမှတ်တွေ လာလုပ်ပေးနေတာ တွေ့ရတယ်” ဟု ဒေသခံ ကားမောင်းသမား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ မိုးရာသီ ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု များပြားသဖြင့် လမ်းသွားလမ်းလာများ နှင့် တောင်စောင်း တစ်လျှောက်နေထိုင်သူများ အနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု ၊ ရေကြီးရေလျှံ နှင့် မြေပြိုကျမှုတို့ကို ကြိုတင် လုပ်ဆောင်ထားသင့်ကြောင်းလည်း ဒေသအတွင်း လူမှုကူညီရေးအသင်းက သတိပေး ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...