နမ့်ခမ်းမြို့

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...

နမ့်ခမ်းမြို့ကို TNLA လက်လွတ်ရမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ၂၀၂၆ အတွက် အခွန်ကြိုတင်ကောက်နေ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းမျိုးစုံထံ အခွန်ကြိုတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့် လုပ်ငန်းအမျိုးမျိုးကို...

TNLA ထိန်းချုပ် နမ့်ခမ်းမြို့ပေါ် လျှပ်စစ်မီတာခစျေးနှုန်း အဆမတန်ကောက်ယူနေ

သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့နယ်တွင် လျှပ်စစ်မီတာယူနစ်နှုန်းကို အမှန်တကယ် ကုန်ကျသည်ထက် ပိုရေးပြီး ငွေအဆမတန် ကောက်ယူနေသဖြင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များကို TNLA လက်အောက်ခံ ဝန်ထမ်းများမှ လျှပ်စစ်မီတာ ယူနစ်များကို...

နမ့်ခမ်းမြို့ နေရပ်မပြန်သည့် စစ်ရှောင်နေအိမ်များ ငှားရမ်း၊ ရရှိငွေများ TNLA ပြန်လည်ထူထောင်ရေးတွင်သုံးမည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့ သို့ နေရပ်မပြန်လာသော စစ်ဘေးရှောင်များ၏နေအိမ်များကို ပြန်လည်ငှားရမ်းပြီး၊ ရရှိလာသော ငွေများကို TNLA က ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီ ၇ ရက်)နေ့တွင် TNLA ၏ စစ်သားစုဆောင်းရေးရုံးမှ...

နမ့်ခမ်းမြို့ လေကြောင်းဗုံးကြဲခံပြီးနောက် ကုန်ပစ္စည်းစီးဆင်းမှုနည်းပါးလာပြီး ကုန်စျေးနှုန်းမြင့်တက်

သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီးနောက် ကုန်းပစ္စည်းစီးဆင်းမှုလျော့နည်းလာကာ ကုန်စျေးနှုန်းလည်း အဆမတန် မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့တွင် ယခုလ (စက်တင်ဘာလ ၆ရက်) လူအိပ်မောကျချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၀ဉီးထက်မနည်း သေဆုံးကာ၊ နေအိမ်အပျက်အစီးများခဲ့သည်။ ထို့နောက် နမ့်ခမ်းပြည်သူအများစုသည်...

လူအိပ်မောကျချိန် စစ်ကောင်စီ နမ့်ခမ်းမြို့ လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် ၁၁ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့ပေါ် လူနေရပ်ကွက်အတွင်း လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် စုစုပေါင်း (၁၁) ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၆ ရက်) နံနက် ၁ နာရီခွဲခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်)...

TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် တရုတ်ဈေးသစ်စီမံကိန်း ဖော်ဆောင်နေ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ရှိ အမှတ်(၂)စျေးကို တရုတ်ဘာသာဖြင့်‌ ရေးသားထားသည့် ဈေးသစ်စီမံကိန်းအသစ်ကို ဖော်ဆောင်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်တွင် တည်ရှိသော အမှတ်(၂) စျေးကို တရုတ်ဘာသာဖြင့် ရေးသားထားသည့် ဈေးသစ်စီမံကိန်း အကောင်အထည်ဖော်ရန်...

နမ့်ခမ်းမြို့ လက်နက်ကြီးသံကြောင့် ဒေသခံစိုးရိမ်နေ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က စစ်ကောင်စီလက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်နေခြင်းကြောင့် ဒေသခံများက လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိထားသည့် လက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်လာခြင်းကြောင့်...

အပစ်ရပ်ဆိုပေမယ့် ပြန်နေစရာ အိမ်မရှိတော့တဲ့အခါ ဘယ်သူတာဝန်ယူမှာလဲ

တိတ်ဆိတ်နေတဲ့ နံနက်အရုဏ်ဦးမှာ တရုတ်ကျူရှင်သွားဖို့ ပြင်ဆင်နေတဲ့ သမီးလေးဟာ ကျယ်လောင်တဲ့ ပစ်ခတ်သံ ရုတ်တရက် ထွက်ပေါ်လာတာကြောင့် တုန်လှုပ်ခြောက်ခြား သွားပါတယ်။ အဲ့ဒီကျယ်လောင်တဲ့ ပစ်ခတ်သံဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနစ် အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီကျော်က စတင်ကြားလာပြီး မိုးလင်းလာတော့ တဖြည်းဖြည်းနဲ့...

Latest news