TNLA ထိန်းချုပ် နမ့်ခမ်းမြို့ပေါ် လျှပ်စစ်မီတာခစျေးနှုန်း အဆမတန်ကောက်ယူနေ

သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့နယ်တွင် လျှပ်စစ်မီတာယူနစ်နှုန်းကို အမှန်တကယ် ကုန်ကျသည်ထက် ပိုရေးပြီး ငွေအဆမတန် ကောက်ယူနေသဖြင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များကို TNLA လက်အောက်ခံ ဝန်ထမ်းများမှ လျှပ်စစ်မီတာ ယူနစ်များကို အမှန်တကယ် ကုန်ကျသည်ထက် တိုးရေးခဲ့ပြီး ငွေကြေးပိုမိုကောက်ခံနေသဖြင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့အိမ်မှာ ပုံမှန် ၁၀၀ ယူနစ်လောက်ပဲ ကျတာ၊ သူတို့တွေက ယူနစ် ၄၀၀ လောက်ကို တမင်တွက်သွားတာ။ ဒီလ အိမ်တိုင်းလိုလို စာရင်းမှားပြီး မှတ်ပေးနေတာ၊ သူတို့ဘက်က ပြန်လည်း မပြင်ပေးဘူး။ ၁ ယူနစ် ၁၀၀ ကျပ် ပေးရမှာကို၊ ၁ ယူနစ် ၃၀၀ ကျပ်လောက် ပေးရတဲ့ လူတွေအတွက် နစ်နာကြတယ်။ ပြည်သူတွေက သွားပြောတယ်၊ သူတို့က ဘာမှ တာဝန်မယူဘူး”ဟု နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

TNLA မှ ကောက်ခံသည့် လျှပ်စစ်မီတာခ နှုန်းထားများသည် လျှပ်စစ်မီတာ ၁ ယူနစ်မှ ၅၀ ယူနစ်လျှင် ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်လျှင် ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်လျှင် ၂၀၀ ကျပ် ကျသင့်သော်လည်း လက်ရှိတွင် လျှပ်စစ်မီတာ ယူနစ်များကို ၂၀၁ ယူနစ် အထက်ဖြစ်အောင် တိုးရေးပြီး ၁ ယူနစ်ကို ၃၀၀ ကျပ် ပေးဆောင်နေရသူ များပြားကြောင်း သိရသည်။

နမ့်ခမ်း မီတာခ

ထို့အပြင် နမ့်ခမ်းမြို့ပေါ်ရှိ မော်တော်ယာဉ် ကားသေး မော်ဒယ်လ် အလိုက် ၂ သိန်း မှ ၃ သိန်းအထိ၊ ကားလတ် ၃ သိန်း မှ ၄ သိန်းအထိ၊ ကားကြီးများကို ၄ သိန်းမှ ၅ သိန်းထိ ကောက်ခံရန် သတ်မှတ်ထားသော်လည်း လက်ရှိတွင် TNLA မှ အဆိုပါ ကားအခွန်များကိုပါ တိုးမြှင့်ကောက်ခံနေကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ကလည်း ကားကြီး၊ ကားငယ်၊ ကားလတ် အကုန်ပဲ အရင်တုန်းက ပေးရတဲ့ အခွန်ထက် ၅ သောင်းကနေ ၁ သိန်းလောက်ထိ ပိုပေးရတယ်။ သူတို့ထွက်ထားတဲ့ စာတွေအတိုင်း မလုပ်ဘူး၊ ဈေးတွေလည်း ၁ သိန်း ပိုယူတယ်။ သူတို့ရဲ့ အခွန်ကို မလွတ်ဘူး၊ ပြည်သူတွေအတွက် အခွန်တွေက တော်တော် များတယ်” နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလဆန်းပိုင်းတွင်လည်း နမ့်ခမ်းမြို့အတွင်း TNLA တိုးမြှင့်ကောက်ခံခဲ့သော အခွန်နှုန်းထားများမှာ အိမ်သုံး လျှပ်စစ်မီတာ တစ်ယူနစ် ၃၅ ကျပ်မှ ကျပ်ငွေ ၅၀ အဖြစ်လည်းကောင်း၊ ယခင်က ဒေသခံအနေဖြင့် တံတားဖြတ်သန်းခ/လမ်းကြေး ကောက်ခံမှု မရှိခဲ့သော်လည်း ယခုအခါ ကားသေးတစ်စီးလျှင် တစ်ထောင်ကျပ် ပေးဆောင် နေရသည့်အပြင် ယာဉ်မှတ်ပုံတင်ခလည်း ပေး‌ဆောင်နေရကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် TNLA မှ ကုန်သည်များထံ အခွန်ကောက်ခံမှုကြောင့် စားသောက်ကုန်၊ ဆေးဝါးနှင့် အခြားကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်လာသည်ဟု နမ့်ခမ်းမြို့ခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...