Wednesday, January 28, 2026

နမ့်ခမ်းမြို့ လက်နက်ကြီးသံကြောင့် ဒေသခံစိုးရိမ်နေ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က စစ်ကောင်စီလက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်နေခြင်းကြောင့် ဒေသခံများက လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိထားသည့် လက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်လာခြင်းကြောင့် ပြည်သူများ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“သူတို့ စစ်ကောင်စီဆီက သိမ်းထားတဲ့ လက်နက်ကြီးကို စမ်းပစ်နေကြတာ။ ဒီလိုစမ်းနေတာ ၃ ရက်ရှိပြီ၊ တစ်ရက်ကို လေးငါးလုံး စမ်းပစ်နေတာ။ ပြည်သူတွေကတော့ တိုက်ပွဲမရှိဘဲနဲ့ လက်နက်ကြီးသံ ကြားလို့ ကြောက်လန့်ကြတာပေါ့”ဟု နမ့်ခမ်းမြို့မှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၃ ဒီဇင်ဘာလအတွင်းက နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းနှင့် တပ်စခန်းကြီး၊ ငယ် ၁၉ ခုခန့်ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့စဉ် စစ်ကောင်စီ၏ လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင် ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီဇင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

“နမ့်ခမ်းက ဝိန်းဆာတောင်ခြေမှာရှိတဲ့ ပလောင်တပ်ထဲကနေ လက်နက်ကြီး ပစ်နေတာ။ အဲ့နေရာက ကြည့်ရင် နမ့်ခမ်းမြို့ဘက်ကို လှမ်းမြင်ရတယ်လေ။ အဲ့ဒီကနေ ဘယ်ဘက်ကို လှမ်းပစ်သွားပြီး ဘယ်နားသွားကျမလဲ မပြောတတ်ဘူး”ဟု နမ့်ခမ်းမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နမ့်ခမ်းမြို့နယ်တွင် TNLA တပ်ဖွဲ့က ယခုကဲ့သို့ လက်နက်ကြီး ပစ်ခတ်နေခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့် ပြန်ကြားရေးရုံးသို့ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသမှ “WA”ကားနံပါတ်များ ဝင်ထွက် သွားလာနေသည်ကိုလည်း ယခုတလော တွေ့ရှိရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“WA ကားနံပါတ်က နမ့်ခမ်းမှာ ခဏခဏ ရောက်လာတယ်။ ညသန်းခေါင်ဆို ကားသွားလာသံ ဆက်ကြားတယ်။ မနက် ၆ နာရီဆို စျေးသွားရင် WA နံပါတ်ပြားနဲ့ ကားအလွတ် သုံးလေးစီး ယာဉ်မောင်းတွေပဲ ရှိတဲ့ကားကို နမ့်ခမ်းမြို့ မိုင်းဝီး၊ မန့်ဝိန်းကြီးဘက် သွားတဲ့လမ်း ပြန်ထွက်တာ တွေ့တယ်။ VIGO 4×4 စစ်သားသုံးတဲ့ ကားတွေ၊ သေနတ်တင်တဲ့ နေရာလည်း ပါတယ်”ဟု နမ့်ခမ်းမြို့မှ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းမြောက်တွင် ဟိုင်ဂင် သဘောတူညီချက်အရ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် “၁၀၂၇ စစ်ဆင်ရေး” ယာယီအပစ်ရပ်ထားသော်လည်း နှစ်လကျော်အကြာ မတ်လ ၂၆ ရက်က လားရှိုးစစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

အလားတူ ‘ဝ’တပ်ဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ပါဝင်သော အဖွဲ့ဝင် အချင်းချင်းအကြား သျှမ်းမြောက်တွင် စစ်ရေးပဋိပက္ခ ပွတ်တိုက်မှုများ တွေ့မြင်လာရကြောင်း ဒေသတွင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...