နမ့်ခမ်းမြို့ လက်နက်ကြီးသံကြောင့် ဒေသခံစိုးရိမ်နေ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က စစ်ကောင်စီလက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်နေခြင်းကြောင့် ဒေသခံများက လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိထားသည့် လက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်လာခြင်းကြောင့် ပြည်သူများ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“သူတို့ စစ်ကောင်စီဆီက သိမ်းထားတဲ့ လက်နက်ကြီးကို စမ်းပစ်နေကြတာ။ ဒီလိုစမ်းနေတာ ၃ ရက်ရှိပြီ၊ တစ်ရက်ကို လေးငါးလုံး စမ်းပစ်နေတာ။ ပြည်သူတွေကတော့ တိုက်ပွဲမရှိဘဲနဲ့ လက်နက်ကြီးသံ ကြားလို့ ကြောက်လန့်ကြတာပေါ့”ဟု နမ့်ခမ်းမြို့မှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၃ ဒီဇင်ဘာလအတွင်းက နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းနှင့် တပ်စခန်းကြီး၊ ငယ် ၁၉ ခုခန့်ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့စဉ် စစ်ကောင်စီ၏ လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင် ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီဇင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

“နမ့်ခမ်းက ဝိန်းဆာတောင်ခြေမှာရှိတဲ့ ပလောင်တပ်ထဲကနေ လက်နက်ကြီး ပစ်နေတာ။ အဲ့နေရာက ကြည့်ရင် နမ့်ခမ်းမြို့ဘက်ကို လှမ်းမြင်ရတယ်လေ။ အဲ့ဒီကနေ ဘယ်ဘက်ကို လှမ်းပစ်သွားပြီး ဘယ်နားသွားကျမလဲ မပြောတတ်ဘူး”ဟု နမ့်ခမ်းမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နမ့်ခမ်းမြို့နယ်တွင် TNLA တပ်ဖွဲ့က ယခုကဲ့သို့ လက်နက်ကြီး ပစ်ခတ်နေခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့် ပြန်ကြားရေးရုံးသို့ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသမှ “WA”ကားနံပါတ်များ ဝင်ထွက် သွားလာနေသည်ကိုလည်း ယခုတလော တွေ့ရှိရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“WA ကားနံပါတ်က နမ့်ခမ်းမှာ ခဏခဏ ရောက်လာတယ်။ ညသန်းခေါင်ဆို ကားသွားလာသံ ဆက်ကြားတယ်။ မနက် ၆ နာရီဆို စျေးသွားရင် WA နံပါတ်ပြားနဲ့ ကားအလွတ် သုံးလေးစီး ယာဉ်မောင်းတွေပဲ ရှိတဲ့ကားကို နမ့်ခမ်းမြို့ မိုင်းဝီး၊ မန့်ဝိန်းကြီးဘက် သွားတဲ့လမ်း ပြန်ထွက်တာ တွေ့တယ်။ VIGO 4×4 စစ်သားသုံးတဲ့ ကားတွေ၊ သေနတ်တင်တဲ့ နေရာလည်း ပါတယ်”ဟု နမ့်ခမ်းမြို့မှ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းမြောက်တွင် ဟိုင်ဂင် သဘောတူညီချက်အရ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် “၁၀၂၇ စစ်ဆင်ရေး” ယာယီအပစ်ရပ်ထားသော်လည်း နှစ်လကျော်အကြာ မတ်လ ၂၆ ရက်က လားရှိုးစစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

အလားတူ ‘ဝ’တပ်ဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ပါဝင်သော အဖွဲ့ဝင် အချင်းချင်းအကြား သျှမ်းမြောက်တွင် စစ်ရေးပဋိပက္ခ ပွတ်တိုက်မှုများ တွေ့မြင်လာရကြောင်း ဒေသတွင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...