နမ့်ခမ်းမြို့ လေကြောင်းဗုံးကြဲခံပြီးနောက် ကုန်ပစ္စည်းစီးဆင်းမှုနည်းပါးလာပြီး ကုန်စျေးနှုန်းမြင့်တက်

သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီးနောက် ကုန်းပစ္စည်းစီးဆင်းမှုလျော့နည်းလာကာ ကုန်စျေးနှုန်းလည်း အဆမတန် မြင့်တက်လာကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့တွင် ယခုလ (စက်တင်ဘာလ ၆ရက်) လူအိပ်မောကျချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၀ဉီးထက်မနည်း သေဆုံးကာ၊ နေအိမ်အပျက်အစီးများခဲ့သည်။

ထို့နောက် နမ့်ခမ်းပြည်သူအများစုသည် စစ်ကောင်စီ ထပ်မံလေကြောင်းဗုံးကြဲလာမည်ကို စိုးရိမ်သဖြင့် အခြားနယ်မြေသို့ ထပ်မံပြောင်းရွှေ့နေကြသကဲ့သို့ ကုန်စည်ကူးသန်းရောင်းဝယ်ကြသော ကုန်သည်များလည်း နမ့်ခမ်းမြို့သို့ အဝင်နည်းလာကြသည်။

နမ့်ခမ်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ

“ အခု က ဗုံးထပ်လာကြဲမှာတော့ ကြောက်ကြတယ်။ ကုန်ပစ္စည်းလည်းအဝင်နည်းတော့ ကုန်စျေးနှုန်းလည်း အဆမတန်မြင့်တက်လာတယ်။ အခြေခံလူတန်းစားတွေလည်း ရှာဖွေစားသောက်မှု ပိုခက်လာတယ်။ အဖက်ဖက်က ပိုကြပ်တည်းလာတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိမှာ နမ့်ခမ်းမြို့သည် TNLA ထိန်းချုပ်သည့် နယ်မြေဖြစ်သော်လည်း ပြည်သူများ ရှာဖွေစားသောက်ရန် အတွက် ခက်ခဲနေကြောင်း၊ တဖက်တွင်လည်း ဝင်ငွေနည်းပါးလာပြီး စားသောက်ကုန် စျေးနှုန်းမြင့်တက်မှုကြောင့် ရေရှည်တွင် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ကြောင်း ၎င်းက ဆိုသည်။

နမ့်ခမ်း နောင်တောင်းနယ်စပ်ဂိတ်

နမ့်ခမ်းမြို့သည် တရုတ်နယ်စပ်မြို့ ဖြစ်ပြီး တပိုင်တနိုင် ကုန်ကူးသန်းရောင်းဝယ်မှု အားကိုးရသည့်ဒေသဖြစ်သော်လည်း နမ့်ခမ်းမြို့ရှိ မြန်မာ-တရုတ်နယ်စပ် နောင်တောင်းကုန်သွယ်ရေး သီးသန့်ဂိတ်ကို တရုတ်အာဏာပိုင်က ဇူလိုင် ၁၇ ရက်တွင် ပိတ်ဆိုင်းခဲ့သည်။

ထို့ကြောင့် လက်ရှိမှာ တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများလည်း နမ့်ခမ်းမြို့သို့ ဝင်ရောက်ရန် ခက်ခဲသကဲ့သို့ မန္တလေးဘက်မှလည်း ယမန်နှစ် အောက်တိုဘာ ၂၇ ရက် စတင်ခဲ့သည့် “ ၁၀၂၇ စစ်ဆင်ရေး” ကြောင့် လမ်းကြောင်း ပြတ်တောက်ခဲ့ပြီး ကုန်သွယ်စီဆင်းမှု ရပ်တန့်ခဲ့သည်။

“ နမ့်ခမ်းက တရုတ်နယ်စပ်နဲ့နီးတယ်။ ဒါပေမယ့် နယ်စပ်ဂိတ်က ပိတ်ထားတယ်။ ပြီးတော့ မူဆယ်ဘက်မှာရှိတဲ့ နယ်စပ်ဂိတ်ကလည်း အချိန်လျော့ပြီးဖွင့်တော့ ပိုဆိုးတယ်။ အဲ့ကြောင့် ကုန်စျေးနှုန်းတွေ ပိုတက်လာတာ” ဟု နမ့်ခမ်းမြို့ ကုန်သည်အမျိုးသမီး တစ်ဉီးက ပြောသည်။

နမ့်ခမ်းမြို့သည် TNLA ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး မြို့လုံခြုံရေးအတွက် TNLA လက်အောက်ခံ ရဲများက နေ့စဥ်ကင်းလှည့်လျက်ရှိကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများတွင် ရှုံးနိမ့်မှုနှင့် နယ်မြေဆုံးရှုံးမှု ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ညီနောင်မဟာမိတ်တပ်များကို ဩဂုတ်လ ၂ ရက်တွင် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပြီး နယ်မြေပြန်ရရန်အတွက် စစ်ကောင်စီဘက်မှ အပြင်းအထန် လေကြောင်းဖြင့် ထိုးစစ်ဆင်နေသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...