တိုက်ပွဲ
လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် လူ ၆ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ
SHAN -
သျှမ်းပြည် လောက်ကိုင်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် လောက်ကိုင်မြို့အထွက် တုန်ချိန်နှင့် ဆယ်တန်ဂိတ်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့်...
အောင်ပန်းမြို့ ရောက် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲမှုရှိနေ
SHAN -
သျှမ်းပြည် အောင်ပန်းမြို့သို့ လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲနှင့် အနွေးထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိမှာ သျှမ်းပြည် အောင်ပန်းမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး နှင့် အနွေးထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက...
သီပေါမြို့တွင်း လက်နက်ကြီး အရပ်သား ၁ ဦးထိ ပွဲချင်းပြီးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည် သီပေါမြို့ရှိ စံဖိတ်ရပ်ကွက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၁၀ နာရီခွဲခန့် သီပေါမြို့ စံဖိတ်ကွက်သစ် ရပ်ကွက်တွင်...
လားရှိုးမြို့နယ် ညီနောင်မဟာမိတ်ဖွဲ့ ပြည်သူနေအိမ် ဝင်ရောက်ဖျက်ဆီး၊ ပြည်သူ ၁ ဦး သေနတ်ပစ်သတ်ခံရ
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်သူနေအိမ်များကို ဝင်ရောက်ဖျက်စီးနေပြီး တိုက်ပွဲကာလ သုံးပတ်အတွင်း ပြည်သူ ၁ ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်ကောင်စီတပ်ကို “၁၀၂၇ စစ်ဆင်ရေး”...
တောင်ကြီးရှိ ဟိုတယ်နှင့်တည်းခိုခန်း တည်းမည့်သူများ မှတ်ပုံတင်မိတ္တူနှင့် ရုပ်ပုံပါ စစ်ကောင်စီကိုပို့ရ
SHAN -
တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုခန်းသို့ သွားရောက်တည်းခိုမည့် ဧည့်သည်များကို မှတ်ပုံတင် မိတ္တူ အရှေ့နောက် နှင့် ဧည့်သည်၏ပုံကို ရိုက်ပြီး ဌာနဆိုင်ရာ များထံသို့ပို့ ဆောင်ပေးရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တော်ကြီးမြို့ ရှိ ဟိုတယ်နှင့်တည်းခိုခန်း များတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ နိုဝင်ဘာ လကုန်ထိ...
လွိုင်ကော်မြို့နယ် ကားခဈေးနှုန်ုးများ မြင့်တက်ခြင်းကြောင့် ဒေသခံအချို့ စစ်ရှောင်ရန် အခက်တွေ့
SHAN -
ကရင်နီပြည် လွိုင်ကော်မြို့တွင် ၁၁.၁၁ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူများ နေထိုင်သည့် ရပ်ကွက် များထဲသို့ လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံများ ထိခိုက်၊ သေဆုံး ကြရသလို နေအိမ်မှာ ပိတ်မိနေသည့် သူများလည်း ရှိသေးကြောင်း စုံစမ်းသိရသည်။ ပိတ်မိနေသည့် ကရင်နီ ဒေသခံများသည် ဘေးလွတ်ရာသို့...
နမ့်ဆန်မြို့နယ် စစ်ကောင်စီလက်နက်ကြီးကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည် နမ့်ဆန်မြို့နယ် အုမ်းစွမ်ကျေးရွာတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၀ ရက်) ညသန်းခေါင် ၁၁ နာရီခွဲကျော်၌ နမ့်ဆန်မြို့နှင့် မိုင်းငေါ့မြို့တို့ရှိ...
နောင်ချို ဒိုးပင်ရဲစခန်းပေါ် စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ စစ်သုံ့ပန်း ၄ ဦး သေဆုံး
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ဒိုးပင်ရဲစခန်းကို စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းယူထားသည့် နောင်ချိုမြို့နယ်ရှိ ဒိုးပင်ရဲစခန်းကို စစ်ကောင်စီတပ်မှ ယမန်နေ့ (နိုဝင်ဘာ ၁၉...
ပင်းတယမြို့ စစ်ကောင်စီမှ လူငယ်၂၀ဦး အတင်းအဓမ္မ ဖမ်းဆီးထား
SHAN -
သျှမ်းပြည် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီမှ အရပ်သား ပြည်သူများကို ကာယသင်တန်းနှင့် စက်ပြင်သင်တန်း အမည်ခံပြီး အတင်းအဓမ္မ ဖမ်းဆီး နေကြောင်း စုံစမ်းသိရသည်။ ပင်းတယမြို့နယ် တံတားကြီးရွာတွင် ယမန်နေ့ (နိုဝင်ဘာလ ၂၀)ရက် နေ့လည် ၁ နာရီဝန်းကျင်၌ စစ်ကောင်စီ မှ ပြည်သူများကို ကာယသင်တန်းနှင့် စက်ပြင်သင်တန်း...
လားရှိုး မာရှယ်လော ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက လူ ၄ ဦးထက်မနည်း ပစ်သတ်
SHAN -
သျှမ်းပြည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်က မာရှယ်လော ထပ်မံကြေညာပြီးနောက် စစ်ကောင်စီက အရပ်သား ၄ ဦးထက်မနည်း ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ)မှ လားရှိုးမြို့နယ်တွင် နိုဝင်ဘာလ ၁၅ ရက်တွင် မာရှယ်လော စတင်ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီမှ နံနက်...





