Saturday, May 4, 2024

မူဆယ်မြို့ အမျိုသားတစ်ဦး ပြန်ပေးဆွဲခံရ

Must read

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက် အမှတ်(၂)စျေးအနီး ကုန်စုံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၂၄)ရက် နံနက် ၇နာရီဝန်းကျင်တွင် ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။

Photo – Credit ( မူဆယ်မြို့နာရီစင်)

မူဆယ်မြို့ ကောင်းနောင်ရပ်ကွက် အမှတ် (၂)စျေးအနီးတွင် ကုန်စုံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦး၏ ဆိုင်ကို ယနေ့ (နိုဝင်ဘာ ၂၄)ရက် နံနက် ၇နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က Crown အဖြူရောင်ဖြင့်ရောက်လာပြီး သေနတ် (၃)ချက် မိုးပေါ်ထောင် သေနတ်ပစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသည့် မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ Crown ကားအဖြူနဲ့ လာပြီး သေနတ်ကို မိုးပေါ်ထောင်(၃)ချက်ပစ်သွားတယ်။ ပြီးတော့ဖမ်းခေါ်သွားတယ်။ ဘယ်ကိုခေါ်သွားလဲ မသိဘူး။ မြန်မာလိုတွေပြောသွားတာပဲ” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ထိုအဖမ်းခံရသည့်အမျိုးသားသည် အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်းသိရသည်။

မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်ပြီး၊ လူမျိုးစုံ၊ လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားသည့်နယ်မြေဖြစ်ကာ မကြာခဏ ဓားပြတိုက်ခြင်း၊ လုယက်ခြင်၊ ဒုစရိုက်သမားများပေါများသည့် ဒေသလည်းဖြစ်သည်။

ထို့ကြောင့် မူဆယ်မြို့နေထိုင်သည့် ပြည်သူများသည် အပြင်သွားအလုပ်လုပ်ခြင်း၊ ခရီးသွားခြင်း၊ အလုပ်သွားခြင်းတို့တွင် အိမ်ကို စိတ်မချဘဲစိုးရိမ်နေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article