Thursday, May 2, 2024

ကျောက်မဲမြို့ ပြောင်းခြံထဲ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့

Must read

သျှမ်းပြည် ကျောက်မဲမြို့နယ် ပန်ဟုတ်ကျေးရွာရှိ ပြောင်းခြံထဲတွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ ပိုင်ရှင်မဲ့အလောင်း,

သျှမ်းပြည် ကျောက်မဲမြို့နယ် ပန်ဟုတ်ရွာ ယနေ့ (နိုဝင်ဘာလ ၂၃) ရက် နေ့လည်ပိုင်းတွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိကြောင်း သွားရောက်ကူညီသည့် နမ့်ခုံးပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွားသားတွေက တွေ့လို့ လှန်းပြောလိုက်လို့ ချက်ချင်းယူပြီး ဆေးရုံပို့ပေးတာ။ ဒဏ်ရာတွေတော့ ရထားတယ်။ သူ့နာမည်နဲ့အသက် က မသိရသေးဘူး။ ဘယ်ကလူလည်းဆိုတာ မသိရဘူး” ဟု နမ့်ခုံးပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုရက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်သံများ ကြားနေရပြီး၊ ပြည်သူများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

Leave a Comments

- Advertisement -spot_img

Latest article