တိုက်ပွဲ
ကိုးကန့်ဒေသ နေထိုင်သူများ အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းရ
သျှမ်းပြည် အထူးဒေသ (၁) အတွင်း နေထိုင်သူများသည် အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းဆောင်ရမည် ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြောဆိုလိုက်သည်။ လက်ရှိ သျှမ်းမြောက်ဒေသ “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲတွင် အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တို့ ကျဆုံးမှုများပြားလာချိန်တွင်...
ကျောက်မဲမြို့ တိုင်းရင်းသားလက်နက်ကိုင်တံဆိပ်ပါ အလောင်းပေါင်း ၇၀ ကျော်တွေ့ သတင်းအမှား
SHAN -
သျှမ်းပြည် ကျောက်မဲမြို့ရှိ နတ်ရေကန်ဝိမုတ္တိ ဘုန်းကြီးကျောင်းနှင့် တရုတ်သချိုင်းအနီးတွင် ရှိသော ရှိုထဲတွင် သေဆုံးပွနေသော (TNLA၊ KIA၊ MNDAA၊ AA၊ PDF) တံဆိပ်များပါ အလောင်းပေါင်း ၇၀ ကျော်တွေ့ရှိသည် ဆိုသည့် သတင်းအမှား ဖြန့်ဝေနေသည်။ ယခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် “ ပွတ်ပွနေသာ အလောင်းများအား...
မူဆယ်မြို့နယ် အရပ်သားများကို အကာအကွယ်ယူပြီး တိုက်ပွဲဖြစ်ပွားနေ
သျှမ်းပြည် မူဆယ်မြို့နယ်၊ တုန့်ခန်ကျေးရွာအတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့သည် အရပ်သားများကို အကာအကွယ်ယူပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်း သိရသည်။ ယနေ့( နိုဝင်ဘာလ ၃၀) ရက် နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီ တပ်စွဲနေထိုင်သည့် မူဆယ်မြို့နယ် တုန်ခန်ကျေးရွာ အတွင်းသို့...
လောက်ကိုင် စကစ လက်အောက်ခံ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံး ထပ်မံလက်နက်ချ အလင်းဝင်
SHAN -
သျှမ်းပြည် လောက်ကိုင်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ရှိ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံးသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ ထပ်မံလက်နက်ချ အလင်းဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ကုန်းကြမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခလရ-၁၂၅ တပ်ရင်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ခမရ-၁၂၅ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီလက်အောက်ခံ...
ပင်လောင်းမြို့ နယ် စက်သုံးဆီ ပြတ်လပ်
SHAN -
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် လပြည့်နေမှစ၍ ယနေ့ထိ ဓာတ်ဆီဈေးများ ပြတ်လပ်ကာ ဈေးများတက် နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်မြို့နယ်တွင် နိုဝင်ဘာလ ၂၇ ရက် လပြည့်နေမှစပြီး ယနေ့ထိ (နိုဝင်ဘာ ၃၀)ရက် ဓာတ်ဆီဈေးများ ပြတ်လပ်ကာ ကျေးရွာများတွင် ဓာတ်ဆီဈေး ၁လီတာကို ၈ထောင်ကျပ်ထိ ဈေးတက်နေကြောင်း ပင်လောင်ဒေသခံ...
လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည် Non-CDM များကို နယ်နှင်ဒဏ်ပေး
SHAN -
ကရင်နီပြည် လွိုင်ကော်တက္ကသိုလ်မှ တိုက်ပွဲအတွင်း ကယ်တင်ခေါ်ထုတ်ခဲ့သည့် Non-CDM ဝန်ထမ်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်တွေကို နယ်နှင်ဒဏ်ပေးလိုက်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ယနေ့ (နိုဝင်ဘာ - ၂၉)ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တို၏ စစ်ဆေးတွေ့ရှိချက်အရ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက် နွယ်မှုမရှိသော Non-CDM များကို ပထမအကြိမ် အမှုထမ်း...
မူဆယ်မြို့မှ လူငယ်အမျိုးသား တစ်ဦး ပစ်ခတ်ပြီး ပြန်ပေးဆွဲခံရ
သျှမ်းပြည်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၀ ကျော် လူငယ် အမျိုးသားတစ်ဦးကို အမည်မသိ လူတစ်စုမှ ပစ်ခတ်ပြီး ပြန်ပေးဆွဲ သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့( နိုဝင်ဘာလ ၂၈) ရက် ည ၆ နာရီဲခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်မှ...
အင်းလေးဒေသ စစ်ဘေးရှောင်များ ဆောင်ရာသီအတွက် အသုံးအဆောင်လိုအပ်
SHAN -
ကရင်နီ(ကယား)ပြည် မှ အင်လေးဒေသသို့ လာရောက် ခိုလှုံ စစ်ဘေးရှောင်နေသူများအတွက် ဆောင်ရာသီ အတွက် အသုံးအဆောင် ပစ္စည်းများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် အင်းလေးဒေသ နမ်းပန်၊ ရွှေခေါင်း၊ ရေသာ ကျေးရွာများတွင် ရွာတစ်ရွာလျှင် စစ်ရှောင်သူဦးရေ ရာဂဏန်းရှိပြီး ထို ကျေးရွာများတွင် စစ်ရှောင်သူဦးရေ ၈၀၀...
လောက်ကိုင်-ကွမ်းလုံ-သိန္နီလမ်းမှ ဆိုင်ကယ်ဖြင့် စစ်ဘေးရှောင်လာသူများ လားရှိုးမြို့သို့ ဝင်ခွင့်မရ
SHAN -
သျှမ်းပြည် လောက်ကိုင်မြို့မှ ဆိုင်ကယ်ဖြင့် နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များသည် လောက်ကိုင်-ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီလမ်းမှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာရာ မြို့တွင်းသို့ ဝင်ခွင့်မရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ ၂၆ ရက်မှစ၍ လောက်ကိုင်မြို့မှ ထွက်ခွာသည့် ထောင်နှင့်ချီသည့် နေရပ်ပြန် စစ်ဘေးရှောင်များတွင် ပါစင်ကျော်ကျေးရွာမှ ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီ လမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် နေရပ်ပြန်သူများအထဲမှ ၄၀၀...
သျှမ်းတပ်(၂)ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး ကြေညာ
SHAN -
သျှမ်းပြည်တပ်မတော်များ ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တရားဝင်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရန် သဘောတူညီလိုက်ကြောင်း သတင်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၉ ရက်)...






