Monday, February 2, 2026

တိုက်ပွဲ

နမ့်ဆန် စစ်အကြွင်းအကျန် လက်နက်ကြီးဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံး

သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီး ဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) နံနက် ၉ နာရီခန့်တွင် နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာတွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို...

စစ်ကောင်စီတပ်နှင့် PNA တပ်သားအတွက် ညောင်ရွှေဒေသခံ နေ့စဥ်ထမင်းပို့နေရ

သျှမ်းပြည် ညောင်ရွှေမြို့ရှိ စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNA)တပ်သားများကို ဒေသခံများက နေ့စဥ်ထမင်းပို့နေရသဖြင့် အခက်အခဲဖြစ်နေကြာင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ်ရှိ မှော်ဘီလမ်းစုံ အဝိုင်းပတ်တောင်ဘက်ရှိ စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်သားများနှင့် PNA တပ်သားများအတွက် ထမင်းထုပ်ကို တစ်အိမ်တစ်ထုပ် ရက်တိုင်း ပို့ဆောင်ပေးနေရသောကြောင့် ဒေသခံများအတွက် စားဝတ်နေရေး အခက်ခဲရှိလာကြောင်းသိရှိရပါသည်။ “နေ့တိုင်းပို့ရတယ်။ ကိုယ်စားဖို့က...

နှစ်ပတ်အတွင်း ဆီဆိုင် စစ်ရှောင် ၄သောင်းကျော်ထိရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PNLO/PNLA) တို့တိုက်ပွဲများကြောင့် နှစ်ပတ်အတွင် စစ်ဘေးရှောင် လူဦးရေ ၄ သောင်းကျော်ထိရှိနေကြောင်း Pa-o Youth Organization က ပြောဆိုလိုက်သည်။ ထိုတိုက်ပွဲများကြောင့် ကယား (ကရင်နီ)ပြည်နယ်မှ...

အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်တိုး၊ သျှမ်းဝန်ကြီးချုပ် အစားထိုးခန့်

အာဏာသိမ်းစစ်ကောင်စီသည် အုပ်ချုပ်ရေးကာလကို နောက်ထပ်(၆)လ သက်တမ်းတိုး အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၁ ရက်)တွင် နေပြည်တော်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အရေးပေါ်ကာလသက်တမ်းကို ၅ ကြိမ်မြောက်အဖြစ် ထပ်မံတိုးမြှင့်ခဲ့ပြီး ပြည်ထောင်စုအစိုးရကိုလည်း ပြင်ဆင်ဖွဲ့စည်းကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်လာသည်။ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းနှင့်...

မိုးမိတ်စစ်ကောင်စီတပ်က ရိက္ခာပြန်ယူသည့် စစ်ရှောင်များကို သေနတ်ပစ်

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်က ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင်များကို သေနတ်ပစ်ခတ်ပြီး ပြည်သူနေအိမ်များထဲသို့ ပစ္စည်းဝင်ရောက်ခိုးယူကာ မီးရှို့ဖျက်ဆီးနေကြောင်း စုံစမ်းသိရသည်။ မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၇ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်သို့ ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင်များကို သေနတ်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားများက လက်ခုပ်တန်းနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ပြည်သူနေအိမ်များထဲသို့...

ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီ အလောင်း ၅၀ တွေ့၊ လက်နက် ၅၀ သိမ်းပိုက်ရရှိ

သျှမ်းပြည် ဆီဆိုင်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ အလောင်း ၅၀ တွေ့ပြီး လက်နက် ၅၀ ခန့်သိမ်းပိုက်ခဲ့ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ပြောဆိုလိုက်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်)တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLAမှ ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စကို...

စစ်ရှုံးနေသည့် စစ်ကောင်စီ လားရှိုးမြို့ပြည်သူ့စစ်အဖွဲ့ကို အခြေခံစစ်ပညာသင်တန်း ပေးနေ

စစ်ရေးအဖက်ဖက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့်အတွက်ကြောင့် လားရှိုးမြို့တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းပေးနေကြောင်း သတင်းရရှိသည်။ လားရှိုးပြည်သူ့စစ် (ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းကို ဇန်နဝါရီလ ၂၉ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက်၁၂ မိုးလုံ လေလုံ အားကစားရုံတွင် သင်တန်းသား ၁၀၉ ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်းဒေသခံတစ်ဦးက သျှမ်းသံတော်ငဆ့်ကိုပြောသည်။ “ဟုတ်တယ် မိုးလုံလေလုံကွင်းမှာ...

ဆီဆိုင်မြို့ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်၊  ဒေသခံများ ထပ်မံထွက်ပြေး

သျှမ်းပြည် ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA တို့အကြား တိုက်ပွဲပြင်းထန် လာမည်ကိုစိုးရိမ်၍ ဒေသခံများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်)မှစပြီး ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြား ပိတ်မိနေကြသည့် ဒေသခံများသည် တိုက်ပွဲပြင်းထန် လာနိုင်သည့် အခြေအနေများကြောင့် မိမိပိုင်ဆိုင်ထားသော ပစ္စည်းဥစ္စာများကို သိမ်းဆည်းပြီး...

တောင်ကြီး အတွင်း တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ် ကျောင်းအချိန်စာမေးပွဲရက်ရွှေ့

တောင်ကြီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစိုးရိမ်မှုရှိသဖြင့် အခြေခံပညာရေးကျောင်းအချို့ စာမေးပွဲရက်ရွှေ့ ပြောင်းထားကြောင်း ကျောင်းသားနှင့်မိဘများက ပြောသည်။ တောင်ကြီးမြို့နယ်နှင့် မိုင်၂၀ ခန့်သာဝေးကွာသော ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ် အတွင်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ဇန်နဝါရီနောက်ဆုံးပတ်တွင်း တိုက်ပွဲများစတင်ခဲ့သည်။ ထို့ကြောင့် တောင်ကြီးမြို့နယ်အတွင်းကို စစ်မီးကူလာမည်ကို စိုးရိမ်သည့်အတွက်ကြောင့်...

စစ်ကောင်စီနှင့် PNA တို့ အထူးဒေသ ၆ အတွင်းပြည်သူများကို လက်နက်တပ်ဆင်ပေးမည်

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA တို့ပူးပေါင်းပြီး အထူးဒေသ (၆) အတွင်းရှိ ဒေသခံပြည်သူလူထုကို လက်နက်တပ်ဆင်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၇ ရက်) မှစပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျေးရွာအသီးသီရှိ ရွာသူကြီးများမှ ဦးဆောင် အစည်းအဝေးပြုလုပ်ပြီး PNA ကရပ်ရွာလုံခြုံရေး အတွက်...

Latest news