နမ့်ဖတ်ကာ KIA တပ်ဖွဲ့က စစ်ကောင်စီတပ်နှင့် နီးစပ်သူများကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ စစ်ကောင်စီတပ်နှင့် နီးစပ်သူများကို လိုက်လံဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေကြောင်း စုံစမ်းသိရသည်။

နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီတပ် ခလရ-၁၂၃ ကို ကချင်လွတ်မြောက်ရေးတပ် KIA က ဇန်နဝါရီလ ၂၅ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KIA တပ်ဖွဲ့မှ စစ်ကောင်စီတပ်နှင့် နီးစပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများနှင့် စစ်မှုထမ်းဟောင်းများကို လိုက်လံဖမ်းဆီးကာ စစ်ဆေးမေးမြန်းနေကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။

“ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေ၊ စစ်ထွက်တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လူတွေတို့ကို ခေါ်စစ်တာ၊ မေးတာ။ အရင်က အုပ်ချုပ်ရေးမှူးဟောင်းတွေ ရွာမှာလုပ်ခဲ့တဲ့ လူတွေကို ခေါ်မေးတာ ခေါ်စစ်တာတို့ အဲ့လိုရှိတယ်။ ဗမာတွေကို ၁၃ ယောက်လောက်ကတော့ ပြန်မလွှတ်သေးဘူးလို့ ပြောတယ်”ဟု နမ့်ဖတ်ကာကျေးရွာမှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကချင်လွတ်မြောက်ရေးတပ် KIA က ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့သူများထဲမှ အချို့ကို ၂ ခါ ၃ ခါ ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း အခြားလူမှာ ဆက်လက်ဖမ်းဆီးခံထားရကြောင်း နမ့်ဖတ်ကာဒေသခံများထံမှ သိရသည်။

“ပထမပိုင်းတော့ ကချင်တပ်ဖွဲ့ကနေပြီး ရွာထဲရှင်းရင်းနဲ့ မွှေကြတယ်ပြောတာပဲ။
သူတို့ မသင်္ကာစရာ ရှိတဲ့အိမ်တို့၊ စစ်သားလူထွက်အိမ်တို့၊ စစ်သားပုံတွေ့တာတို့ဆိုရင် အကြောင်းပြပြီး မွှေကြတာတို့၊ သော့သိမ်းသွားတာတို့ ရှိတယ်”ဟု နမ့်ဖတ်ကာကျေးရွာမှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယခုကဲ့သို့ နမ့်ဖတ်ကာကျေးရွာမှ KIA တပ်ဖွဲ့က စစ်ကောင်စီတပ်နှင့် နီးစပ်သူများကို ဖမ်းဆီး၍ စစ်ဆေးမေးမြန်းနေခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ KIA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိတွင် နမ့်ဖတ်ကာကျေးရွာ အနီးတဝိုက်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လိုအပ်နေခြင်းကြောင့် ခွင့်ပြုချက်ရမှသာ နေရပ်ပြန်လာကြရန် KIA တပ်ဖွဲ့ဘက်မှ ပြောဆိုထားကြောင်း နမ့်ဖတ်ကာဒေသခံများထံမှ သိရသည်။

ကချင်လွတ်မြောက်ရေးတပ် KIA မှ နမ့်ဖတ်ကာ ခလရ-၁၂၃ စခန်းသိမ်းတိုက်ပွဲ တစ်လကျော်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူနေအိမ် ၄၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...