Wednesday, January 28, 2026

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် PNLA တိုက်ပွဲထပ်မံဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLA) တို့အကြား ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

PNLA

ယမန်နေ့ ( ဖေဖော်ဝါရီလ ၈) ရက်တွင် ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်တိုက်နယ်၊ ထီဗီကျေးရွာအနီး၌ အာဏာသိမ်း စစ်ကောင်စီ နှင့် PNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများက စစ်ရှောင်ထွက်ပြေး နေရကြောင်း လုံခြုံရေး အရ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မွန်းလွဲပိုင်း လောက်မှာ တိုက်ပွဲဖြစ်တာ၊ ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို PNLA က ကြိုတို လိုက်တာ။ လက်နက်ကြီး/ငယ်နဲ့ ပစ်ကြတာ တကယ့်ကို ကြောက်စရာကောင်းတယ်။ ရွာထဲကို လက်နက်ကြီး နှစ်လုံံးကျကွဲတယ်။ တစ်လုံးက ဘုန်းကြီးကျောင်းဘေးမှာကျကွဲတာ၊ ဒေသခံတွေလည်း စစ်ရှောင် ထွက်ပြေးရတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသအတွင်း ထိခိုက်ပျက်စီးမှုများကို မသိရသေးသလို PNLA မှ ကျေးရွာ အတွင်း နှင့် အနီးတစ်ဝိုက်၌ ဆက်လက်နေရာယူထားဆဲဖြစ်ကြောင်း အထက်ပါ အမျိုးသားကဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် PNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း မြေပြင် ပစ်ခတ်မှုအပြင် လေကြောင်းလိုင်းဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးနေရသူများသည် ဆီဆိုင်မြို့ပေါ်ရပ်ကွက် နှင့် လုံးဖိုး၊ လွယ်သောဝ်၊ လွယ်ထွယ် ၊ မီးရဲ့၊ တောင်းတပ်၊ နောင်ဟုဲင်း စသည့်ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသခံ ၄၀၀၀၀၉ဖြစ်ကြပြီး ကက္ကူကျေးရွာ နှင့် အနီးတဝိုက်၊ တောင်ကြီးမြို့၊ ဟိုးပုံးမြို့ နဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိရာအပြင် ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းတို့တွင် ခိုလှုံနေထိုင်ကြရကြောင်းလည်း သိရသည်။

လက်ရှိတွင် တိုက်ပွဲ အခချိန်ကြာလာသည် နှင့် အမျှ၊ နေရပ်မပြန်နိုင်ကြသေးသည့်အတွက်ကြောင့် အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အကူအညီများ လိုအပ်နေကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“တိုက်ပွဲက မငြိမ်သွားတဲ့ အပြင် ပိုပိုပြီး ပြင်းလာတော့ စစ်ရှောင်တွေလည်း တိုးလာတယ်။ အခုဆို နေရာက ကြပ်လာသလို၊ စားဖို့သောက်ဖို့၊ အလေးအပေါ့သွားဖို့ စတာတွေအတွက်လည်း ခက်ခဲလာတယ်။ တချို့ဆိုလည်း တိုက်ပွဲဖြစ်ပြီးကတည်းက အဝတ်တထည် ကိုယ်တခုနဲ့ စစ်ရှောင်လာကြတာ ဘာမှမယူခဲ့တာလည်းရှိတယ်။ အဲ့ကြောင့် စစ်ရှောင်တွေအတွက် အကူအညီရရင်တော့ ကောင်းတာပေါ့” ဟု အထက်ပါ အမည်မဖော်လိုသူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုကြောင့် ဘာသာ‌ရေး အဆောက်အဦး ၄ခု နှင့် အရပ်သားနေအိမ် ၃၂လုံး အထိ ထိခိုက်ပျက်စီးသွား ကြောင်း Pa-o Youth Organization မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...