တိုက်ပွဲ
ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ မီးလောင်ဗုံးသုံး၊ နေအိမ်အများအပြား မီးလောင်
ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုကြောင် ပြည်သူနေအိမ် ၁၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ (မတ်လ ၁၀ရက်)မနက် ၇ နာရီမှ ၅ နာရီထိ စစ်ကောင်စီစစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွားများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီး...
PNO/ PNA အဖွဲ့ ပုံးအင်းဒေသ၌ ဆက်ကြေးတိုးကောက်နေ
သျှမ်းတောင် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည့် ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့က ပုံးအင်းဒေသရှိ ဒေသခံများထံ ဆက်ကြေး တိုးကောက်လာနေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ် ဆိုင်လဲကျေးရွာအုပ်စုအတွင်း နေထိုင်သည့် (ရွာပေါင်း ၃၅ ရွာ) ဒေသခံများအနေဖြင့် မဖြစ်မနေ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ထံသို့ အခွန်ဆောင်ရန် မတ်လ ၉ ရက်နေ့၌...
SSPP လှုပ်ရှားနယ်မြေဆီသို့ စစ်ကောင်စီတပ်မှ အင်းအား အလုံးအရင်း ဖြန့်ကျက်နေ
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေဆီသို့ ဦးတည်ပြီး စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် ဖြန့်ကျက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ စစ်အင်အားများသည် ယမန်နေ့ (မတ်လ ၇ ရက်) ညနေပိုင်းတွင် SSPP/SSA လှုပ်ရှားနယ်မြေ မိုင်းနောင်-မိုင်းရယ်ဘက်သို့...
သျှမ်းမြောက်၌ အပြိုင်အဆိုင် စစ်ပြင်
SHAN -
အပစ်အခတ် ရပ်စဲထားသည့် သျှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေသကဲ့သို့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်များ အပါအဝင် ဒေသတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များ အပြိုင်အဆိုင် စစ်ပြင်ဆင်နေကြသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၇ ရက်နေ့) တွင် ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ...
TNLA နှင့် စစ်ကောင်စီတို့၏ မာရှယ်လောအကြား ဒေသခံများ ဒွိဟဖြစ်၊ လုံခြုံရေး စိုးရိမ်
သျှမ်းပြည် မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်နိုင်ခဲ့သည့် မြို့များတွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့၏ မာရှယ်လောကြောင့် ဒေသခံများ ဒွိဟဖြစ်ပြီး လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၄ ရက်တွင် စစ်ကောင်စီတပ်က မန်တုံ၊ နမ့်ဆန်နှင့်...
ထိုင်းနယ်စပ်သွားလမ်းတလျှောက် လူငယ်များကို လက်နက်ကိုင်များ စစ်ဆေးဖမ်းဆီးမှုပြုလုပ်
သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ်သို့ သွားသည့်လမ်းတလျှောက်တွင် လက်နက်ကိုင်များက လူငယ်များကို စစ်ဆေး၊ဖမ်းဆီးမှုများ အပြိုင်အဆိုင်များ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ် သွားသည့်လမ်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးပိတ်မှ စ၍ လက်နက်ကိုင်များ စစ်ဆေး ဖမ်းဆီးမှုများလာသဖြင့် လူငယ်များ၊ ခရီးသွားပြည်သူများက စိုးရိမ်နေကြပြီး ကားသမားများလည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူများက...
မူဆယ်ဒေသခံများ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံထံ ဆက်ကြေးပေးဆောင်ရ၊ လုံခြုံမှုမရှိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံထံသို့ ဆက်ကြေးငွေ ပေးဆောင်နေရသော်လည်း လုံခြုံမှုမရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ဆက်ကြေးငွေ ပေးဆောင်ရသော်လည်း ၎င်းတို့မှ လုံခြုံရေး တာဝန်ယူမှုမရှိဘဲ အမည်မသိ လူစုများမှ လက်နက်ကိုင်တပ်ဖွဲ့...
မိုးမိတ်မြို့ စစ်ကောင်စီ က ဒေသခံ ပစ္စည်းများကိုခိုးယူပြီး ပြန်လည်ရောင်းစားနေ
သျှမ်းပြည် မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် နေအိမ်၊ ဆိုင်ခန်းရှိ ဒေသခံပစ္စည်းများကို ခိုးယူပြီး ပြန်လည်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီး ဒေသခံများ ဝင်ရောက် နေထိုင်ခွင့် မပြုသေးကြောင်းသိရသည်။ ထို့နောက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၇၆ တပ်ရင်းမှ မိုးမိတ်မြို့...
ဆီဆိုင်မြို့နယ်အတွင်း PNLAတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ကို PNLA တပ်နှင့် ပူးပေါင်းမဟာမိတ် တော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့များက တစ်လကျော်ကြာ ထိန်းချုပ်လာပြီးနောက် စစ်ကောင်စီတပ်သည် ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်ဆင်မှု များကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲကတော့ ဆီဆိုင်မြို့တွင်းမှာ...
နောင်ချို တိုက်ပွဲဖြစ်ပွားမည်ကို ကြံတောင်သူများ စိုးရိမ်
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမည်ကို ကြံတောင်သူများ စိုးရိမ်နေကြပြီး၊ ဆမ္မဆယ် သကြားစက်လည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်မှုကြောင့်...






