ဆီဆိုင်မြို့နယ်အတွင်း PNLAတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့ကို PNLA တပ်နှင့် ပူးပေါင်းမဟာမိတ် တော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့များက တစ်လကျော်ကြာ ထိန်းချုပ်လာပြီးနောက် စစ်ကောင်စီတပ်သည် ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်ဆင်မှု များကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲကတော့ ဆီဆိုင်မြို့တွင်းမှာ ဖြစ်တာကတော့ ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ဆီဆိုင်မြို့ကို ပြန်ရဖို့ စစ်ကောင်စီက ထိုးစစ်နေတာ။ မနေ့ညကလည်း ဆိုက်ခေါင်ကနေ လက်နက်ကြီးပစ်နေတာ” ဟု ဆိုက်ခေါက်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (မတ်လ ၄ ရက်) နံနက်အစောပိုင်း အချိန်မှစပြီး ဆီဆိုင်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို PNLA တပ်ဖွဲ့က ပြင်းပြင်းထန်ထန်ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် မြို့၏မြောက်ဘက်နေရာမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းလည်း PNLA မှ ယနေ့ (မတ်လ ၅ ရက်)၌ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြို့ထဲကို လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော် ဖတ်ခတ်တိုက်ခဲ့၍ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

လက်ရှိအချိန်ထိ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် နေအိမ်များထပ်မံ ပျက်စီးသွားမည်ကို စိုးရိမ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦး ပြောသည်။

“အရင်ကမထိတဲ့ အိမ်တော်တော်များ ကျန်သေးတယ်။ ခုတော့တစ်လုံးပြီး တစ်လုံးကျန်နေပြီ။ အိမ်ခြေ ၇၀ ရှိတဲ့ ရပ်ကွက်ဆိုပါတော့ဗျာ၊ ၇ လုံးကျန်ရင် ကံကောင်းပဲ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန် ဇန်နဝါရီလ ၂၁ ရက်မှစပြီး ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှု ၄၇ ဦးအထိရှိပြီး၊ ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သားထိခိုက်မှု ၅၉ ဦး မြင့်တက်လာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး Pa-O Youth Organization က မတ်လ ၂ ရက်၌ ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှု၊ ပစ်ခတ်မှုများကြောင့် တစ်လကျော်ကြာအတွင်း ဒေသခံနေအိမ်၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၁၇၅ အထိ မြင့်တက်လာသည်ဟု သိရသည်။

အလားတူ တိုက်ပွဲကြောင့် သျှမ်းတောင် ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင် မြို့နယ်တွင် မိမိနေရပ် အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁ သိန်းခန့်အထိ မြင့်တက်လာပြီး အများစုမှာ တောင်ကြီး၊ ညောင်ရွှေ၊ အောင်ပန်း စသည့် မြို့နှင့်ကျေးရွာများဘက်သို့ တိမ်းရှောင်သွားကြသည်။

သို့သော် စစ်ဘေးရှောင်တချို့မှာ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်းရှိ တောတောင်ထဲသို့ စစ်ပြေးခိုလှုံနေကြပြီး အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာလိုအပ်နေလျက်ရှိကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...