ပင်လောင်းမြို့နယ်ရှိ ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲ၍ တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့တို့ အင်အားဖြည့်တင်းပြီးစာသင်ကျောင်းအတွင်း  လာရောက်တပ်စွဲနေပြီး၊ ဒေသအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များတို့နှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၆ ရက်မှစတင်ကာ  စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် PNA တပ်ဖွဲ့တို့က အင်အားအများအပြားဖြည့်တင်းခဲ့ပြီး ကျေးရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ အင်းအားဖြည့်တင်းလာသောကြောင့် ဒေသအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့်စစ်ရေးတင်းမာခဲ့ပြီး မတ်လ ၁၀ ရက်မှစ၍ ပင်လောင်းမြို့နယ် နမ်းဖာမူကျေးရွာတွင် နှစ်ဖက်တပ်ဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အခုတိုက်ပွဲကြောင့် တချို့ကတွေ ပင်လောင်းမြို့ပေါ်မှာရှိတဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေဆီ ပြေးကြတယ်။ တချို့ကျတော့လည်း ရွာတွေဘက်ကဘုန်းကြီးကျောင်းမှာခိုလှုံကြတယ်။ တိုက်ပွဲက ဒီထက်ဆိုးလာနိုင်တဲ့ အခြေအနေရှိတယ်” ဟု ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် နမ်းဖာမှု၊ ကုန်းပေါး၊ ဗန်းမောက်၊ နောင်ဝိုးနှင့် ကားရား စသည့်ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၃ထောင်ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDFနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် Pekhon PDF ထံသို့ Signal ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားရှင်း မရှိသေးပေ။

ထို့အပြင် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်းလာနိုင်သောကြောင့် ဒေသခံများအနေဖြင့် ရှေ့လျှောက် အိမ်ပြန်သို့ ထွက်သွားလာခြင်း၊ ခရီးသွားလာခြင်း မပြုကြရန် ပြည်သူ့စစ် PNO အဖွဲ့က အသိပေးထားကြောင်း ပင်လောင်းမြို့ဒေသခံ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက ပြောသည်။

“အခုပင်လောင်းမြို့မှာရှိတဲ့ စာသင်ကျောင်းတွေမှာ စားမေးပွဲတွေဖြေပြီးသွားရင် ပြည်သူတွေအနေနဲ့ အိမ်ကနေ အပြင်မထွက်ကြဖို့၊ ခရီးသွားလာတာတွေ၊ တောင်ကြီးသွားတာတွေ မပြုလုပ်ကြဖို့ PNO ဘက်ကပြောလာတယ်။ အခုကတိုက်ပွဲက ပြန်ပြီးပြင်းထန်လာနိုင်တဲ့ အခြေအနေရှိလားတော့ မသိဘူး” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ မတ်လတွင်လည်း ပင်လောင်းမြို့နယ် နိမ့်နိန်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာနှင့် နေအိမ်များ မီးလောင်ပျက်စီးခြင်း၊ ဒေသခံများ အစုလိုက်အပြုံလိုက်သတ်ခြင်း စသည့်ဖြင့် အဖြစ်အပျက်များကြုံတွေ့ခဲ့ရသဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။

“တိုက်ပွဲဖြစ်လာရင်တော့ အဓိကစားဖို့သောက်ဖို့ ခက်ခဲလာမှာ အသေအချာပဲ။ အခုလည်း ကုန်ပစ္စည်းတွေ ကလည်း ဈေးတက်တော့ ဝယ်ဖို့ကလည်းခက်တယ်။ အခုပိုဆိုးတာက ဂိတ်တွေမှာ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတွေ ပေးမသယ်တော့ဘူး” ဟု အထက်ပါ အသက်၃၀ ကျော်အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ ဖယ်ခုံ- ပင်လောင်းနယ်စပ်အနီး စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားများ ပြုလုပ်လာနေသောကြောင့် ဒေသခံများ အနေဖြင့် ဘီလူးချောင်းအတွင်း ညဘက်စက်လှေများ သွားလာခြင်းနှင့် ညအချိန်ငါးရှားခြင်း မပြုလုပ် ကြရန်လည်း အင်းလေးပြည်သူ့ကာကွယ်ရေး IPDF ကမတ်လ ၈ ရက်မှာ ပူးတွဲစာ ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...