မိုးမိတ်မြို့ စစ်ကောင်စီ က ဒေသခံ ပစ္စည်းများကိုခိုးယူပြီး ပြန်လည်ရောင်းစားနေ

သျှမ်းပြည် မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် နေအိမ်၊ ဆိုင်ခန်းရှိ ဒေသခံပစ္စည်းများကို ခိုးယူပြီး ပြန်လည်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။

မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီး ဒေသခံများ ဝင်ရောက် နေထိုင်ခွင့် မပြုသေးကြောင်းသိရသည်။

ထို့နောက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၇၆ တပ်ရင်းမှ မိုးမိတ်မြို့ နေအိမ်နှင့် ဈေးဆိုင်ခန်းထဲရှိ ပစ္စည်းများကို လည်းကောင်း၊ ကျေးရွာမှ ဒေသခံပစ္စည်းများကိုလည်းကောင်း စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၇၆ တပ်ရင်းမှ တပ်သားများက ဖောက်ထွင်းခိုးယူခဲ့ကြောင်း ဖြစ်စဥ်ကိုသိသည့် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိတွင် ခိုးယူထားသည့် ဒေသခံပစ္စည်းများကို ၎င်းတို့အသုံးစာရိတ်အတွက် ပြန်လည်ရောင်းချနေကြောင်း သိရသည်။

“တစ်နေ့ကို ၁၀ ခါလောက်ရှိတယ် ခိုးခဲ့တာ။ ခိုးခဲ့တုန်းကတော့ ပြည်သူတွေ၊ ဒေသခံတွေ မြို့ထဲကိုဝင်လာလို့ မရသေးတဲ့အချိန်တုန်းကပေါ့။ ကားတွေနဲ့သယ်ထုတ်ခဲ့တာ။ ဖုန်းတွေ၊ ဆိုင်ကယ်တွေ ရှိသမျှအကုန်ပဲ ခိုးယူတာ။ အခုကပြန်ပြီးတော့ မြို့အောက်ပိုင်းက လက်ခုပ်ပင်၊ မန်ကျည်းပင်ဘက်ခြမ်းမှာ အဆက်စပ် တွေနဲ့ထုတ် ရောင်းနေတာ။ ဆိုင်ကယ်ဆိုလည်း အသစ်ကော၊ အဟောင်းကောပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ခိုးယူသွားသည့် ဒေသခံဆိုင်ကယ်များမှာ အဟောင်းဖြစ်လျှင် တစ်စီးကို အနည်းဆုံး မြန်မာကျပ်ငွေ ၆ သိန်း တန်ဖိုးရှိပြီး အသစ်ဖြစ်ပါက တစ်စီးလျှင် အနည်းဆုံး မြန်မာကျပ်ငွေ ၁၀ သိန်းကျော် အထိရှိရာ စစ်ကောင်စီတပ်ဖွဲ့က ရသလောက်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချနေကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၇ ရက်တွင် မိုးမိတ်မြို့လယ်လမ်းတွင် ဖွင့်လှစ်ထားသည့် ဆိုင်ကယ်အရောင်း ဆိုင်များမှ ကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ ဆိုင်ကယ်အများအပြားကိုလည်း မိုးမိတ်စစ်ကောင်စီတပ် ခလရ-၂၇၆ မှ ကားကြီးများဖြင့် သယ်ဆောင်သွားခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများ ရှိနေကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မိုးမိတ်ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်မြို့သည် သျှမ်းပြည်မြောက်ပိုင်း နှင့် မန္တလေးတိုင်းဒေသ ထိစပ်နေသည့် နယ်နမိတ်တွင် ရှိသည့် အလျှောက် ပြင်ဦးလွင်မှ မိုးကုတ်-မိုးမိတ်-မဘိမ်း-ဗန်းမော်အထိ ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းကြီး သည်လည်း စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားဖြည့်တင်းရန်အတွက် အရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်သည်။

ထို့အပြင် သျှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ်မှ စစ်ကောင်စီထံ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား စစ်ကိုင်းတိုင်းရှိ PDF တပ်ဖွဲ့များအတွက် ပို့ဆောင်ရန်အတွက်လည်း အရေးပါသည့် လမ်းကြောင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် မိုးမိတ်မြို့ကို ၁ လကျော်ကြာ ထိန်းချုပ်ထားပြီးဖြစ်သော်လည်း ဒေသခံအများစုမှာ နေရပ်သို့ပြန်လည်နေထိုင်ခြင်း မရှိပေ။

“ပြန်နေတဲ့သူတွေတော့ ပြန်နေပြီ။ ကျနော်တို့ကတော့ ပြန်လို့မရသေးဘူး။ အိမ်ရှိတဲ့သူတွေကတော့ သန့်ရှင်းရေး လုပ်ပြီး နေကြတယ်။ မရှိတဲ့သူကတော့ ဘုန်းကြီးကျောင်းတွေမှာ နေတယ်။ အခုကပျက်စီးသွားတဲ့ အိမ်တွေ လည်း ပြန်ဆောက်ဖို့ကြတော့ မလွယ်တော့ဘူး။ ကုန်ပစ္စည်းဈေးနှုန်း၊ ကားခတွေနဲ့ ဆိုရင်တော့ မလွယ်ဘူးလေ။ ပိုက်ဆံရှိတဲ့သူတွေတောင် မန္တလေး၊ ပြင်ဦးလွင် စတဲ့မြို့တွေမှာ အခြေချဖို့လုပ်နေကြပြီ။ ကျနော်တို့ကတော့ မသိသေးဘူး” ဟု မိုးမိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြားတိုက်ပွဲများကြောင့် ဒေသခံနေအိမ်ထိခိုက်ပျက်စီးမှု ၅၀၀ ကျော်ရှိကြောင်း နေရပ်ပြန်သွားသည့် ဒေသခံများထံမှသိရသည်။

ထို့အတူ နေရပ်သို့ပြန်လာသည့် ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံအများစုမှာ ပြန်နေရန် လုံခြုံရေးစိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...