Saturday, January 31, 2026

တိုက်ပွဲ

ပင်းတယ လက်ဖက်ဝယ်သူမဲ့ဖြစ်နေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ကောင်းဘိုကျေးရွာအုပ်စုတွင် လက်ဖက်လုပ်ငန်းကို အားကိုး လုပ်ကိုင်နေ သော်လည်း လက်ရှိမှာ လက်ဖက်ဝယ်သူမဲ့ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ ပင်းတယမြို့နယ် ကောင်းဘို့ကျေးရွာအုပ်စုရှိ ကျေးရွာများသည် လက်ဖက်လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေကြပြီး လက်ဖက်ဝယ်သူမဲ့ဖြစ်ပြီး စျေးနှုန်းပါ ကျဆင်းနေကြောင်း လက်ဖက်လုပ်ကိုင်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင် နှစ်တွေက ရွာငံနဲ့...

ရွာငံ အမျိုးသားတစ်ဦးအား PDF ကိုထောက်ပံ့နေသည့် ဟုဆိုပြီး စစ်ကောင်စီ လာရောက်ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့နေသည်ဟုဆိုပြီး စစ်ကောင်စီ၏ တပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရပါသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ် ၊ သိမ်ကုန်းကျေးရွာ တွင်နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် ကိုဖိုးသားဆိုသူကို စစ်ကောင်စီတပ်ဖွဲ့များက မေလ ၁၈ ရက်တွင်...

ညောင်ရွှေမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၁ ထောင်ကျော် ထပ်မံထွက်ပြေးရ

သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။  ညောင်ရွှေမြို့နယ် ညောင်လေးပင်ကျေးရွာ၊ တောင်ပို့ကွဲကျေးရွာနှင့် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် ယနေ့အချိန်ထိ နှစ်ဘက်တပ်ဖွဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ကျေးရွာထဲသို့ ရမ်းသမ်းပစ်ခတ်နေကြောင်း ညောင်ရွှေမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အခုတိုက်ပွဲတွေဆက်ဖြစ်နေသေးတယ်ဗျ။ ဒီတောင်ပို့ကွဲတို့၊ နန်းတုတ်တို့၊ ညောင်လေးပင်တို့ဘက်မှာ...

မိုးမောက် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် ဈေးနှင့်နေအိမ်တစ်ရာကျော် မီးလောင်၊ ခလရ-၄၃၇ ကို KIA တိုက်နေဆဲ

ကချင်ပြည်နယ် မိုးမောက်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဈေးနှင့် ပြည်သူနေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ (၇) ရက်မှ စတင်ပြီး ယနေ့ (၂၀) ရက်နေ့အထိ မိုးမောက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ...

နောင်ချို တကျော့ပြန်တိုက်ပွဲ တစ်လအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၆ ရက်) ည ၉ နာရီကျော်ခန့်တွင် သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်း...

ဟိုပုံးမြို့နယ် စစ်ကောင်စီဂိတ် ငွေညှစ်တောင်းနေ

သျှမ်းပြည် ဟိုပုံးမြို့ နှင့် နမ့်ခုတ်ကျေးရွာကြားရှိ ပအိုဝ်းပြည်သူ့စစ် (PNO နှင့် စစ်ကောင်စီတို့ ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်၊ ဟိုပုံးမြို့ နှင့် နမ့်ခုတ် ကျေးရွာကြာရှိ PNO နှင့်စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မတ်လမှစ၍ စစ်ဆေးတင်းကြပ်ပြီး ငွေကြေး...

ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲရှိ ရွာဝင်ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး နာမည်အစားထိုး ရေးသားထား

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲဆိုင်းဘုတ်တွင် မူရင်းရေးသားထားသည့် သျှမ်းစာနှင့် မြန်မာစာများ ဖျက်ဆီးခံလိုက်ရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားထားကြောင်း စုံစမ်းသိရသည်။ မေလ ၅ ရက် နံနက်(၉)နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအနီး လှုပ်ရှားနေသည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားများမှ မိုင်းယုနှင့် ပန်လော့ကျေးရွာအုပ်စုရှိ...

ဆီဆိုင်မြို့ ဗုံးပေါက်ကွဲမှုကြောင့် က‌လေးတစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရ

သျှမ်းပြည် ဆီဆိုင်မြို့ တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦနှင့် မိသားစုဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ သီရိရပ်ကွက် နယ်မြေ ၃ တွင် မတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင်...

ပင်လောင်းမြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ် ဗန်‌မောက်ကျေးရွာရှိ ကရင်နီဘက်မှ ရောက်ရှိလာသည့်စစ်ရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာမှစ၍ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရပြီး၊လက်ရှိတွင် ‌အနီးအနားရွာတွင် တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ များ ဝယ်ယူရန် လမ်းကြောင်းများ သွားလာခက်ခဲနေ‌ကြောင်း...

သိန္နီမြို့နယ် နှစ်လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့နယ်တွင် နှစ်လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၁၄ ရက် နံနက် ၁၀ နာရီကျော်တွင် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စုရှိ ဟိုတာ့ကျေးရွာမှ အသက် ၃၁ နှစ်အရွယ်ရှိ စိုင်းဆိုင်လျန်း သည် တောင်ယာရှင်းလင်းနေစဉ်...

Latest news