ဆီဆိုင်မြို့တွင် ပျောက်ဆုံးသွားသည့် လူငယ် ၃ ဦး အလောင်းပြန်တွေ့

သျှမ်းပြည် ဆီဆိုင်မြို့တွင် ပစ္စည်းပြန်သယ်ယူရန် ပျောက်ဆုံးသွားသည့် လူငယ် ၃ ဦးသည် လေးလကျော်ကြာမှ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်

အဆိုပါ လူငယ်(၃)ဦး၏ အလောင်းကို ပြီးခဲ့သည့် မေလ ၂၁ ရက်တွင် ဆီဆိုင်မြို့ နယ်မြေ (၃)၊ ဟိုခဲရပ်ကွက် အနောက်ဘက်ခြမ်း၌ တွေ့ရှိခဲ့ပြီး အလောင်များကို လက်ပြန်ကြိုးတုတ်ကာ ဦးခေါင်းပစ်သတ်ဒဏ်ရာဖြင့် သေဆုံးသွားသည့် မောင်အောင်မြတ်ကျော်၏ ဖခင်ဖြစ်သူ ဦးလှထွေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အလောင်းကိုတော့ သူ့ဦးလေးက ပြန်တွေ့တာပေါ့။ စောစောက အိမ်ဘေးနားလူတွေ အလောင်းတွေ သယ်ပေးပါဦးဆိုပြီး သွားဖော်ပေးလိုက်တာ။ အဲ့ချိန်မှာ ကျနော်ရဲ့သားမှတ်ပုံတင်၊ သူတို့ရဲ့သား မှတ်ပုံတင်၊ အဝတ်အစား၊ ဖိနပ်ကအစ ပြန်တွေ့တာ။ ပြီးမှအိမ်ကိုပြန်လာပြီးကျနော်တို့ကို လာခေါ်တာပေါ့။ အဲ့မှာဘဲ ကျနော်တို့အကုန်လုံးဝိုင်းဖော်ကျတော့ ဟုတ်တယ်။ ကျနော်ရဲ့သားရယ်၊ ကျနော်ရဲ့သူငယ်ချင်းတွေရဲ့ သားရယ် အလောင်းကိုလက်ပြန်ကြိုးတုတ်ထားပြီး အမှောက်လိုက်ပြန်တွေ့တာပဲ” ဟု ဦးလှထွေးက ပြောသည်။

လက်ပြန်ကြိုးတုတ်ပြီး ပစ်သတ်ခံရသည့် လူငယ်များမှာ အသက် ၁၉ နှစ် မောင်အောင်မြတ်ကျော်၊ အသက် ၂၀ နှစ် မောင်အောင်ပြည့်စုံနှင့် မောင်ဇာနည်သူတို့ ဖြစ်ကြသည်။

၎င်းတို့သည် ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းက တိုက်ပွဲရှောင်နေရာ ဘန်းယဉ်ကျေးရွာမှ ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ယူရန် ပြန်လာစဉ်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ်သတ်ခံရသည့် လူငယ် ၃ ဦးနှင့် ပတ်သက်၍ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း မသိရှိသေးပေ။

“ကျနော်တို့လည်း မျက်မြင်မတွေ့တဲ့အတွက်ကြောင့် ဘယ်သူ့ကိုမှလည်း စွပ်စွဲလို့လည်းမရဘူး။ မျက်မြင်တွေ့တယ် ဆိုရင်တော့ စွပ်စွဲရင်စွပ်စွဲမှာပေါ့။ ဒါပေမဲ့ သေသွားတဲ့အလောင်းကိုတော့ ကျနော်တို့ ပြန်ရထားတဲ့အတွက် ဘယ်သူကသတ်လို့ ဘယ်သူမှလုပ်မှန်းမသိဘူး။ ကျနော်အနေနဲ့တော့ ဒါကသူ့ကံတရားအတိုင်းပဲ ပြောရမလားပဲ” ဟု ဦးလှထွေးက ပြောသည်။

သေဆုံးသွားသည့် လူငယ် ၃ ဦးအတွက် မနက်ဖြန် မေလ ၂၇ ရက်၌ ရက်လည်ဆွမ်းကျွေး အလှူအဒါန်း ပြလုပ်ပေးသွားမည်ဟု ၎င်းတို့မိသားစုဝင်များက ပြောသည်။

ဆီဆိုင်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးသည့်နောက် မေလ ၉ ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာ၏ ရွာသူကြီးဖြစ်သူ ခွန်ဇာခွန်နှင့် ၎င်းညီဖြစ်သူ ခွန်ပလွန်ကို တော်လှန်တပ်ဖွဲ့များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီနှင့် PNO တို့က သတ်ဖြတ်ခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...