အင်းလေး စက်လှေလုပ်သားများ စားဝတ်နေရေးပိုကြပ်တည်းလာ

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် စက်လှေမောင်းလုပ်ငန်း လုပ်ကိုင်နေသော ဒေသခံများ စားဝတ်နေရေး ပိုကြပ်တည်းလာပြီး ရရာအလုပ်များလုပ်ကိုင်နေရကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှုများရှိခဲ့သော်လည်း လက်ရှိ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက်တွင် ခရီးသွားများသည် ယခင်ကထက် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း လာရောက် လည်ပတ်သူများထဲသူ လူငယ်များမပါဝင်တော့ကြောင်း စက်လှေသမားများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အင်းလေးကန်

ထို့ကြောင့် လက်ရှိတွင် စက်လှေမောင်းအလုပ်လုပ်ကိုင်သူများသည် ရရာအလုပ်များ ဝင်ရောက်လုပ်ကိုင်နေရပြီး စားဝတ်နေရေးကြပ်တည်းနေကြောင်း သိရသည်။

“အလုပ်ကမဖြစ်ဘူး ချေးလိုက် ဌားလိုက်နဲ့ စားရတာပေါ့၊ တချို့ ပန်းရံလုပ်တဲ့သူကလုပ်တယ်၊ ဒါကလည်း အလုပ်တော့ သိပ်မဖြစ်ဘူး၊ တချို့ကတော့ ခရမ်းချဉ်သီးပွဲရုံမှာ ခရမ်းချဉ်သီးထမ်းရတယ်။ တချို့ရွာတွေမှာတော့ ယက်ကန်းလုပ်ငန်းတွေ ရှိနေသေးတော့ တချို့က အဲ့ဒီမှာ ဝင်လုပ်ကြတဲ့သူတွေရှိတယ်။ တချို့ကလည်း ငါးရှာကြတယ်။

ယ်အလုပ်လက်မဲ့တွေကတော့ များလာတယ်” ဟု အသက် ၄၅နှစ်အရွယ်ရှိ စက်လှေသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် အင်းလေးသို့ လာရောက်ကြသည့် ခရီးသွားအရေအတွက် ယခင်ကထက်ပို၍ လျော့နည်းသွားကြောင်း ၎င်းစက်လှေသမားက ပြောသည်။

“ပြည်တွင်းခရီးသွားတွေက တစ်လမှ ၂ ဖွဲ့ ၃ ဖွဲ့လောက်ပဲ လာကြတော့တယ်။ စနေ တနင်္ဂနွေတွေလောက်ပဲ၊ ဒါတောင် ကိုယ့်အသိ သူ့အသိတွေ၊ လူငယ်တွေတော့ သိပ်မတွေ့ရတော့ဘူး။ သံဃာတော်တွေတော့ သွားတာများတယ်။ နိုင်ငံခြားသားကတော့ ရုရှားတချို့ လာတာတော့တွေ့ရတယ်” ဟု သူက ဆက်ပြောသည်။

၂၀၂၄ ခုနှစ် ဧပြီလတွင်လည်း စစ်ကောင်စီမှ ဦးဆောင်၍ ရေပေါ်သင်္ကြန်ပြုလုပ်ခဲ့သော်လည်း စည်ကားမှု မရှိကြောင်းသိရသည်။

“ပြီးခဲ့တဲ့ နှစ်တုန်းကတော့ စက်လှေပြတ်သွားတဲ့ ရက်တောင်ရှိတယ်၊ ဒီနှစ်တော့ တော်တော်လေးပါးသွားတယ် တစ်ရက်လားပဲ လူရှိတယ်။ ဒါတောင် အင်းထဲက လူတွေပဲ” ဟုသူကဆက်ပြောသည်။

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသည် ခရီးသွားလုပ်ငန်းကို အဓိကအားထားရာနေရာတစ်ခုဖြစ်ပြီး Covid ကပ်ရောဂါ နှင့် စစ်အာဏာသိမ်းမှုများကြောင့် ဒေသခံစီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူများ လည်း အခက်အခဲများစွာ ရင်ဆိုင်နေရလျက်ရှိသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...